Related Posts Plugin for WordPress, Blogger...

From : myanma age


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ လူဝန်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာမှ တာဝန်ရှိသူများ၊ ရပ်မိ၊ရပ်ဖများအား သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်း ဆိုင်ရာ တွေ့ဆုံဆွေးနွေး ပွဲကို အောက်တိုဘာလ ၁၁ရက်နေ့တွင် ကျင်းပခဲ့သည်။

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးများအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲ အကောင်အထည် ဖော်ခြင်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ရရှိရန်အတွက် သန်းခေါင်စာရင်း ကောက်ယူ ရခြင်းဖြစ်ကြောင်း ပြည် ထာင်စုဝန်ကြီးဦးခင်ရီက ဆိုသည်။

“ပြည်သူတွေကလည်း သန်းခေါင်စာရင်းကောက် တဲ့အခါ မေးတဲ့မေးခွန်းတွေကို မှန်မှန် ကန်ကန် ပြည့်ပြည့်စုံလေး ဖြေဆိုပေးခြင်းအားဖြင့် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြရန် လိုလားတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆက်လက်ပြောသည်။

မေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းအားဖြင့် ပြည်သူများလိုအပ်နေသော စာသင်ကျောင်းများ ၊ဆေးရုံဆေးခန်းများ၊ ရေပေးဝေမှု၊ လျှပ်စစ်ဓါတ်အားဖြန့်ဝေမည့်ပမာဏ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည့် အခြေအနေ၊ နယ်မြေကာကွယ်ရေး လိုအပ်ချက်၊ မသန်စွမ်းသူများ၊ ဘိုးဘွားများ၊ အမျိုးသမီးနှင့် ကလေးသူငယ်စောင့်ရှောက်ရေးများကို ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ သန်းခေါင်စာရင်း ကောက်ခံ ရခြင်းဖြစ်ကြောင်း၎င်းက ဆက်လက် ပြောကြားသည်။

ယင်းသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို၂၀၁၄ခုနှစ်မတ်လ(၃၀)ရက်မှစတင်ပြီးဧပြီ(၁၀)ရက်အတွင်း ဆယ့်နှစ် ရက်အကြာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်တိုင် ရာရောက်ကောက်ယူ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ၎င်းတွေ့ဆုံပွဲမှ သိရ သည်။

www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ