Related Posts Plugin for WordPress, Blogger...

From : .. YMG



  ဧရာ ဝတီတိုင်းဒေသကြီးအင်္ဂပူမြို့နယ် ထူးကြီးကျေးရွာအုပ်စုမှ ရွှေ့ပြောင်း လုပ်သား ၆၅ဦးမှာ ကော့သောင်း မြို့နယ်ရှိ ''ထူးထူးတိုးရော်ဘာစိုက် ပျိုးရေးခြံ''၌ အလုပ်သွားရောက် လုပ်ကိုင်ကြရာတွင် ဒုက္ခမျိုးစုံကြုံ တွေ့ခဲ့ရပြီး မိမိနေရပ်သို့ပြန် လည် ရောက်ရှိနိုင်ရေး အတွက် အခက်အ ခဲများရင်ဆိုင်နေရသည်ကို သာသ နာရေးဝန်ကြီးဌာနအစီ အစဉ်ဖြင့် နေရပ်သို့ပြန်လည် ကူညီပို့ဆောင် ပေးခဲ့သည်ဟု သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်နှင့် မိုင် ၇၀ ခန့်ဝေးသည့် ထူးထူးတိုးရော်ဘာ စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်ရန် ရောက်ရှိခဲ့ သည့် ရွှေ့ပြောင်းလုပ် သား ၆၅ ဦးမှာ လုပ်ငန်းခွင်တွင် နေရေး၊ စားရေး၊ လုပ်အားခ၊ နေ ထိုင်မှုစသည်တို့တွင် ဒုက္ခအခက် အခဲအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရာမှ ဆက်လက်လုပ်ကိုင်လိုခြင်း ဆန္ဒ မရှိတော့သည်ကို အကြောင်းပြုပြီး ၎င်းရော်ဘာခြံလုပ်ငန်း ထူးကြီး ကျေးရွာမှ အဆိုပါရွှေ့ပြောင်းအ လုပ်သမားများကို အလုပ်မှ နှင် ထုတ်လိုက်သဖြင့် ဧရာဝတီတိုင်း ဒေသကြီးရှိ မိမိနေရပ်သို့ စုပေါင်း လမ်းလျှောက်ပြန် လာကြရာတွင် ဘုတ်ပြင်းမြို့ အေးချမ်းသာရပ် ကွက်၊ ဓမ္မဝိဇယဘုန်းတော်ကြီး ကျောင်း သို့ရောက်ရှိခဲ့ကြပြီး နေ ရေး၊ စားရေးကူညီပေးထားသော် လည်း မိမိ၏နေရပ်သို့ ပြန် လည် ရောက်ရှိနိုင်ရေး အတွက် အခက် အခဲဖြစ်လျက်ရှိနေသည်ကို သာ သနာရေးဝန်ကြီးဌာန အစီအစဉ် ဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းလုပ်သားဒုက္ခ သည် ၆၅ ဦးကို ပြည်ထောင်စုဝန် ကြီးဦးဆန်းဆင့်၏ ညွှန်ကြားချက် အရ တနင်္သာရီတိုင်းဒေသကြီး သာ သနာရေးဦးစီးဌာနက တာဝန်ယူ ၍ ၎င်းတို့နေထိုင်ရာအရပ်သို့ပြန် လည်ပို့ဆောင်နိုင်ရေးအတွက် အောက်တိုဘာ ၁၆ရက် နံနက် ၈နာ ရီက ဘုတ်ပြင်းမြို့မှစတင်ထွက်ခွာ ရန်စီစဉ်ပေးပြီးဖြစ်ကြောင်း နေပြည် တော်ရှိ သာသနာရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ပြောပြချက်အရ သိရသည်။

အဆိုပါရွှေ့ပြောင်းအလုပ် သမားများမှာ လုပ်ငန်းခွင်အတွင်းမှ ထွက်ခွာသွားရန် မောင်းထုတ်ခံရ သဖြင့် ၎င်းတို့ရောက်ရှိသည့် ရော် ဘာခြံမှ အားလုံးထွက်ခွာလာခဲ့ရပြီး''ကော့သောင်းဘုတ်ပြင်း''လမ်းမကြီးပေါ်တွင်
နှစ်ရက်နှင့် တစ်ည လမ်းလျှောက်သွားလျက် ရှိစဉ် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ခရီးစဉ်၌ လုံခြုံရေး တာဝန်ထမ်းဆောင်သည့် ခလရ(၈၃) ခြေလျင်တပ်ရင်း၏ အကူ အညီပေးမှုဖြင့် ဘုတ်ပြင်းမြို့သို့ ရောက်ရှိခဲ့ရခြင်းဖြစ်သည်ဟု အဆိုပါအလုပ်သမားအရေး တွင် လိုက်ပါဆောင်ရွက်ပေးသူ ဦးထွန်း ရွှေ(ပုသိမ်မြို့)က ပြောသည်။

လုပ်ငန်းခွင်တွင် နေ့စားလုပ် အားခနည်းပါးခြင်း၊ ခရီးစရိတ်နှင့် လုပ်ငန်းသုံးပစ္စည်းများအားလုံး အလုပ်သမားများကသာ ကျခံရမှု ကြောင့် လုပ်သားတစ်ဦးလျှင် ကုမ္ပဏီ သို့ပြန်လည်ပေးဆပ်ရမည့်ငွေမှာ ၁၅၀၀၀ဝရှိနေကြောင်း ၎င်းရော် ဘာခြံမှ ထွက်ပြေးလွတ်မြောက်လာ သူ ကိုအောင်မျိုး၏ ပြောပြချက် အရ သိရသည်။


 .. www.MyanmarExpress.net

Posted by Arakan Man on 10/20/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ