Related Posts Plugin for WordPress, Blogger...

 Miss Supranational မှ အစ်ကိုတို့ မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်နေတဲ့ ညီမလေး ခင်ဝင့်ဝါရေ.....

ညီမလေးက နဂိုရှိလို့ နကိုင်းထွက်တာလို့ ပြောရလောက်အောင်  တခြားနိုင်ငံက အလှမယ်တွေထက် ယှဉ်ရင် ညီမအလှက Miss Supranational ပြိုင်ပွဲမှာ  အရမ်းထင်ပေါ်ခဲ့ပါတယ်။  အဲတာကြောင့် ညီမကို တခြားပြိုင်ပွဲဝင်တွေထက် ဒိုင်တွေကလည်း ဂရုပြုမိကြတယ် မဟုတ်လား။

ညီမလေးရေ....

တကယ်တော့ Miss Supranational ပြိုင်ပွဲဆိုတာ လှတာတစ်ခုတည်းနဲ့ ဆုတွေပေးတာမဟုတ်မှန်း ညီမက ပြိုင်ပွဲဝင်နေတာဆိုတော့ ပိုသိမှာပေါ့။ လှတာအပြင် အထွေထွေဗဟုသုတလည်း ပြည့်စုံရမယ်။ အဆင်းသာ မက အချင်းလဲလိုတယ်မဟုတ်လား။ ဒါ့ထက်အရေးကြီးတာတစ်ခုက ပရိသတ်တွေရဲ့ ထောက်ခံအားပေးမှု လည်း အများကြီး အရေးပါတယ် ဆိုတာ ညီမလက်ခံမှာပါနော်။ ခုလို ပြိုင်ပွဲဝင်တွေကြားမှာ နာမည်ကျော်တာ အလှတစ်ခုတည်းသာမက ညီမနောက်ကနေ လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေးနေတဲ့ ညီမကို ချစ်တဲ့ မြန်မာပြည်သူတွေကြောင့်လည်းပါတယ်ဆိုတာ ညီမခြွင်းချက်မရှိ လက်ခံမယ်မဟုတ်လား။

ညီမလေးရေ....

တို့မြန်မာတွေက သိတဲ့အတိုင်းပဲလေ။ ညီမအတွက်ဆို ပိုက်ဆံမပေးရတဲ့ Vote တွေ၊ Like and Share တွေမှာ ထောင်ချီသောင်းချီအောင် အားပေးယုံသာမက၊ ပိုက်ဆံပေး Vote ရတဲ့ Voting System မှာလည်း ညီမမျက်နှာမငယ်ရအောင် ပြည်သူတွေက တခဲနက် Vote ခဲ့ကြတာညီမသိမှာပါ။ လူတိုင်း Credit Card မကိုင်နိုင်တဲ့ အစ်ကိုတို့လို နိုင်ငံအခြေအနေနဲ့တောင် ခုလို Vote ခဲ့ကြလို့ ညီမက ထိပ်ဆုံးမှာ ရပ်တည် နေတယ်မဟုတ်လား။

ညီမလေးရေ...

တကယ်တော့အစ်ကို ပြောချင်တာက ညီမကို အားပေးခဲ့ကြတဲ့ ပြည်သူတွေဟာ ဘာကြောင့် အားပေးတယ် လို့ ညီမထင်လဲ။ ဘယ်သူတွေက အားပေးခဲ့တယ်လို့ ညီမထင်သလဲ။

အစ်ကိုပြောပြမယ်နော်။ အစ်ကိုတို့ပြည်သူတွေ အားပေးခဲ့တာ ညီမအတွက်သက်သက်သာ မဟုတ်ပါ ဘူး။    မြန်မာဆိုတဲ့ အသိ။ ကိုယ့်မြန်မာမိန်းကလေးတစ်ယောက် ကိုယ့်နိုင်ငံကို ကမ္ဘာသိအောင် ကြိုးစား   နေ တဲ့ အချိန် မှာ မျိုးချစ်စိတ်ဓာတ်အပြည့်နဲ့ ညီမကို တခဲနက်အားပေးခဲ့ကြတာပါ။ အားပေးတဲ့ နေရာမှာ ဘယ် သူတွေ အားပေးကြသလဲလို့ အစ်ကို ဆက်ပြောမယ်နော်။

ညီမတို့ Miss Supranational ပြိုင်ပွဲအတွက် ဆုတွေပေးတဲ့နေရာမှာ ဆုတွေအမျိုးမျိုးရှိတယ်လေ။ ဆုတွေ ထဲမှာ Internet ကနေ Like တွေ Share တွေ Vote တွေ လုပ်ပြီးအများဆုံးရတဲ့ သူကို ပေးတဲ့ဆုတွေ ပါတယ်မဟုတ်လား။ အဲလိုဆုတွေမှာ ညီမက ပြိုင်ပွဲဝင်တွေအားလုံးထက် ထိပ်ကို ပြေးနေအောင် Internet အသုံးပြုနိုင်တဲ့ လူအများစုက ၀ိုင်းဝန်းပြီး တက်ညီလက်ညီ အားပေးခဲ့ကြလို့ ဆိုတာ ညီမသိမှာပါ။

ညီမလေးရေ........

အဲလို Internet အသုံးပြုတဲ့ သူတွေထဲမှာ ဘယ်သူတွေပါမယ်လို့ ညီမလေးထင်သလဲ။ သာမန်ပြည် သူ တွေလည်းပါမယ်။ ၀န်ထမ်းတွေလည်းပါမယ်။ နိုင်ငံခြားမှာ နေတဲ့သူတွေလည်းပါ မယ်လေ။ ဟိုတလော က ညီမအတွက် ဆိုပြီး ပြည်ပမှာ ပညာသင်နေတဲ့ တပ်မတော်သားလေးတွေ သီချင်းတောင်ရေးပြီး ညီမကိုအားပေးကြတယ် မဟုတ်လား။ သီချင်းနာမည်က တို့ Vote တဲ့ဝင့်လေး ဆိုလားပဲ။ အစ်ကို တို့ မြန်မာပြည်လို ကွန်နက်ရှင် မကောင်းတဲ့ ကြားကတောင် ညီမအတွက် Vote များများ Vote နိုင်အောင် ကြိုးစားနေကြတာ ပြည်ပက မြန်မာတွေဆို ကွန်နက်ရှင်ကောင်းကောင်းကြားမှာ ဘယ်လောက်တောင် Vote ပေးကြမလဲဆိုတာ ညီမတွေးတတ်မှာပါ။ အစ်ကိုဆိုလိုတာ အစ်ကိုတို့ မြန်မာနိုင်ငံ ကိုယ်စားပြုတဲ့ ညီမလေးကို မြန်မာဆိုတဲ့ မျိုးချစ်စိတ်နဲ့ အလွှာစုံ၊ အတန်းစုံက ညီမလေးအတွက် ၀ိုင်းဝန်း အားပေးခဲ့ကြတာ ညီမသိစေချင်ပါတယ်။

ညီမလေးရေ.....

Miss Supranational ပြိုင်ပွဲကနေ ဆုတွေယူပြီး နိုင်ငံ့ဂုဏ်ဆောင်လာမယ့် ညီမလေး ခင်ဝင့်ဝါကို နန်းခင်ဇေယျာလို မဖြစ်စေချင်ဘူး။ နန်းခင်ဇေယျာဆိုတာ ညီမလိုပဲ Miss International ပြိုင်ပွဲ မှာ People Choice Award နှင့် Miss Internet ဆုကို ရရှိခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် အလှမယ်လေးဆိုတာ ညီမသိပြီးသားဖြစ်မှာပါ။ အဲဆုတွေ ရရှိအောင်လည်း မြန်မာပြည်သူတွေအားလုံး ၀ိုင်းဝန်းပံ့ပိုးပေးခဲ့တာပါပဲ။

နန်းခင်တစ်ယောက် ဆုတွေပိုက်ပြီး မြန်မာပြည်ပြန်လာတော့ ကိုကျော်သူတို့ နာရေးကူညီမှုအဖွဲ့မှာ ၀ိုင်းဝန်း ကူညီပေးတယ်လေ။ သြော် ဒီကောင်မလေး ကိုယ့်ပြည်သူတွေကို ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ လူမှုရေးတွေ လုပ်နေရှာတယ်။ စိတ်ဓာတ်လေးကချီးကျူးစရာ ဆိုပြီး အစ်ကိုတောင်ချီးကျူးခဲ့မိပါတယ်။ ဒါပေမယ့်နန်းခင်  တစ်ယောက် လူမှုရေးလုပ်ရာကနေ နိုင်ငံရေးလိုလို ဘာလိုလိုနဲ့ ယောင်ဝါးဝါးဖြစ်သွား ရှာတယ်လေ။  သူ့ကို အားပေးခဲ့တဲ့ ပြည်တွင်းပြည်ပ ပြည်သူတွေရဲ့ မျက်နှာမှ မထောက် ဂျာနယ်တစ်ခုမှာ အင်တာဗျူးဖြေခဲ့ တာလေး ညီမလေးလဲသိမှာပါ။ နိုင်ငံရေးလုပ်တဲ့ ကုလားလေးတို့ အဖွဲ့နဲ့  ပေါင်းပြီး  " ( ၉၆၉)  ရဲ့ အသုံးချဖို့ ကြိုးစားတာကို ပါးပါးနပ်နပ်နဲ့ ငြင်းခဲ့ရတယ်"လို့ သူပြောသွား ခဲ့တာလေ။ ၉၆၉ ဆိုတာ အစ်ကိုတို့ ဘာသာသာသနာ မပျောက်ပျက်အောင် အကြမ်းမဖက် ကာကွယ်နေတဲ့ အဖွဲ့အစည်းပါ။ ဘယ်ဘာသာကိုမှ မစော်ကားပဲ ကိုယ့်ဘာသာတည်တံ့အောင်ပဲ ကြိုးစားကာကွယ်နေတဲ့ အဖွဲ့အစည်းပါ။

 ၉၆၉ စိတ်ဓါတ်တွေနဲ့ FB ပေါ်ကတိုင်းရင်းသားစစ်စစ်တွေကတခဲနက် ထောက်ခံအားပေးခဲ့ကြတဲ့ မျက်နှာကို မှမထောက် နန်းခင်ဇေယျာမို့လို့ အဲလိုပြောရက်တာလေ။ ညီမလေးဆိုရင်ရော လက်ခံနိုင်ပါ့ မလား။ ဒီလို ၉၆၉ ရဲ့ အသုံးချမှုကို ရှောင်ခဲ့ရတယ်ဆိုတဲ့ နန်းခင်ဇေယျာ တစ်ယောက်၊   နိုင်ငံရေးမလုပ်ဘူးဆိုတဲ့ နန်းခင်ဇေယျာ တစ်ယောက်  ဟို နိုင်ငံရေးလုပ်တဲ့ ကုလားလေးတို့အဖွဲ့နဲ့ တူသွားတူ လာ တာတွေ လုပ် ပြီး လူမှုရေးယောင်ယောင် နိုင်ငံရေးယောင်ယောင် လုပ်နေ တာတွေ မြင် ရတော့ အစ်ကိုတို့တွေအားပေးခဲ့တဲ့ ထူးချွန်သူလေးတစ်ယောက်တော့ လမ်းလွဲသွားပြီ ဆို ပြီး နှမြော တသ ဖြစ်ခဲ့ရပါတယ်။

ညီမလေးရေ....

အစ်ကိုမှာချင်တာက ညီမလေးလည်း ခုဆို နန်းခင်ဇေယျာလိုပဲ ပြည်သူတွေအားပေးမှုကြောင့် ဆုတွေ ရလာပြီး မြန်မာပြည်မှာ နာမည်ကျော်ကြားသူလေးဖြစ်လာတော့မယ်။ ညီမလေးပြန်လာရင် ဘာတွေ လုပ်မယ်ဆိုပြီး ကြိုတွေးထားတာ ရှိမှာပါ။ လူမှုရေးတွေလုပ်ချင်လုပ်မယ်။ လုပ်ပါ ဒါကောင်းတဲ့အလုပ်ပါ။ ပရဟိတဆိုတာ မွန်မြတ်တယ်လေ။ ဒါပေမယ့် ညီမလေးကို  နိုင်ငံရေးယောင်ယောင် လူမှုယောင်ယောင် မလုပ်စေချင်ဘူး။ နန်းခင်ဇေယျာလို  ကိုယ့်ကို အားပေး ခဲ့ တဲ့ ပြည်တွင်းပြည်ပ က ပြည်သူတွေ ကို စော်ကားတဲ့ အပြုအမူမျိုးတွေ မလုပ်စေချင်ဘူး။ ဒီပြည်သူတွေက ညီမ ရဲ့ ကျေးဇူး ရှင်လို့ ပြောလို့ လည်းရတယ်မဟုတ်လား။ ကျေးဇူးဆပ်ဖို့ မလိုပါဘူး။ မစော်ကားမိဖို့ပဲ လိုမှာပါ။ ညီမက တက်လမ်းတွေ နဲ့ ကောင်မလေးပါ။ ရှေ့ဆက်အောင်မြင်မှု အလားအလာတွေအများကြီးပါ။ ညီမလေး အတုယူမှားမှာ စိုးရိမ်မိပါတယ်။ ဒါကြောင့်မို့  ညီမတစ်ယောက်လမ်းမှားမှာကို စိုးရိမ်တဲ့ အစ်ကို တစ်ယောက်စိတ် နဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေကိုယ်စား ဒီစာလေးရေးပြီး ညီမကို ပြောချင် တာလေးတွေ ပြောပြ ရတာပါ။ ညီမလေး ဒီစာကို ဖတ်မိမယ်လို့ အစ်ကို ထင်ပါ တယ်။ အောင်မြင် မှုတွေ နဲ့ ပြန်လာမယ့် ညီမလေး ရှေ့ဆက်ပြီး ဒီထက်မက အောင်မြင်ပါစေလို့ အစ်ကို ဆုတောင်းပေးလိုက်ပါတယ်။

လမ်းမှားမှာ စိုးရိမ်တဲ့ အစ်ကိုတစ်ယောက်

From: New Myanmar News

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ