Related Posts Plugin for WordPress, Blogger...

From : ..the voice



ပုဇွန်တောင်မြို့နယ်၊ အနော်ရထာလမ်းတွင် ဖွင့်လှစ်ထားသော Orchid Hotel မှ အမေရိကန်ဒေါ်လာ တစ်သောင်းကျော် စာရင်းကွာဟမှုကြောင့် ပြီးခဲ့သော မတ်လက တရားစွဲဆိုခဲ့သူ လေးဦးထဲမှ အထွေထွေမန်နေဂျာနှင့် ငွေစာရင်းကိုင်ချုပ်ကို ကျပ်သိန်း ၄၀၀၀ ကျော် စာရင်းကွာဟမှုဖြင့် ပုဇွန်တောင်မြို့နယ် မြို့မရဲစခန်းတွင် စက်တင်ဘာလ ၁၇ ရက်နေ့က အမှုထပ်ဖွင့်ထားကြောင်း အဆိုပါ ဟိုတယ်မန်နေဂျာ ဦးသိန်းထိုက်က The Voice သို့ ပြောကြားသည်။

ဟိုတယ် အထွေထွေမန်နေဂျာ ရာထူးနှင့် ဟိုတယ်၏ ငွေစာရင်းဌာန အကြီးအမှူး တာဝန်ပူးတွဲ ထမ်းဆောင်သူ ဦးခင်မောင်လွင်နှင့် ငွေစာရင်းကိုင်ချုပ် ဒေါ်ခင်ဇာနည်ဇော်တို့သည် ဘဏ်မှငွေထုတ်ယူခွင့်ရှိသော တာဝန်ရှိသူများဖြစ်ပြီး ကမ္ဘောဇဘဏ်မှ ထုတ်ယူငွေစာရင်း ကျပ်သိန်းတစ်သောင်းထဲမှ ကျပ်သိန်း ၄၃၀၀ ကျော် ကွာဟမှုကြောင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အထွေထွေမန်နေဂျာ ဆောင်ရွက်ခဲ့သည့် ငွေစာရင်းများ၊ လက်ကျန်ငွေ အပ်နှံမှုများနှင့် ပတ်သက်၍ ဟိုတယ်အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့က သြဂုတ်လ ၁၅ ရက်နေ့တွင် ပြင်ပစာရင်းစစ်ကို တာဝန် ပေးအပ်ကာ စစ်ဆေးခဲ့ရာမှ ကမ္ဘောဇဘဏ်မှ ၂၀၁၂-၂၀၁၃ ခုနှစ် ထုတ်ယူငွေ သိန်းထောင်ချီ စာရင်းကွာဟမှုကို တွေ့ရှိခဲ့ကြောင်း ယင်းဟိုတယ်ထံမှ သိရှိရသည်။

“ဟိုတယ်တစ်ခုလုံးရဲ့ ငွေစာရင်းကို သူတို့အဖွဲ့တွေပဲ ကိုင်ရတာ။ လက်ရှိကွာဟနေတဲ့ ငွေသိန်း ၄၃၀၀ ကျော်ကို အလွဲသုံးစား လုပ်သလား။ စာရင်းဇယား ရေးမှတ်တာဘဲ မှားသလားဆိုတာ သူတို့ပဲ သိမှာပါ။” ဟု ၎င်းက ဆိုသည်။

ယခုနှစ်မေလက ဒေါ်လာတစ်သောင်းကျော် စာရင်းကွာဟမှုဖြင့် တရားစွဲဆိုခြင်း ခံရသူ လေးဦးအနက်မှ ငွေစာရင်းကိုင် ဖြစ်သူက အထွေထွေမန်နေဂျာထံ ယခုနှစ်မေလ ၂ ရက်နေ့တွင် မီးခံသေတ္တာသော့နှင့် လက်ကျန်ငွေ အပ်နှံခဲ့မှုနှင့် ပတ်သက်၍ ဟိုတယ်အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့က သြဂုတ်လ ၁၅ ရက်နေ့တွင် ပြင်ပစာရင်းစစ်ကို တာဝန်ပေးအပ်ကာ စစ်ဆေးခဲ့ရာမှ ကမ္ဘောဇဘဏ်မှ ၂၀၁၂-၂၀၁၃ ခုနှစ် ထုတ်ယူငွေ သိန်း ၄၃၀၀ ကျော် စာရင်းကွာဟမှု ထပ်မံတွေ့ရှိခဲ့ကြောင်း ယင်းဟိုတယ်ထံမှ သိရှိရသည်။

ကျပ်သိန်း ၄၃၀၀ ကျော် ဘဏ်စာရင်း ကွာဟမှုကြောင့် ဟိုတယ် အထွေထွေမန်နေဂျာ ရာထူးနှင့် ငွေစာရင်းဌာန အကြီးအမှူး တာဝန် ပူးတွဲထမ်းဆောင်ခဲ့သူ ဦးခင်မောင်လွင်၊ ငွေစာရင်း ကိုင်ချုပ် ဒေါ်ခင်ဇာနည်ဇော်တို့ကို (ပ) ၂၀၉/၁၃၊ ပုဒ်မ ၄၀၈ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ယခုနှစ် ပထမလေးလအတွင်း ခရီးသွား ကုမ္ပဏီတစ်ခု ထံမှ ကောက်ယူထားသော အမေရိကန်ဒေါ်လာ တစ်သိန်းခြောက်ထောင်ထဲမှ ဒေါ်လာတစ်သောင်းနှစ်ထောင်ကျော် လျော့ နည်း ပျောက်ဆုံးခဲ့သဖြင့် ဟိုတယ်၏ အထွေထွေမန်နေဂျာ ရာထူးနှင့် ငွေစာရင်းဌာန အကြီးအမှူး တာဝန်ပူးတွဲ ထမ်းဆောင်သူ ဦးခင်မောင်လွင်၊ ငွေစာရင်းကိုင်ချုပ် ဒေါ်ခင်ဇာနည်ဇော်နှင့် ငွေစာရင်းကိုင် မနီနီထွန်း၊ မသီတာအေးတို့ကို မေလအတွင်းက ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ပြစ်မှုကြီး အမှတ် ၁၃၈/၁၃၊ ပုဒ်မ ၄၀၈ ဖြင့် တရားရင်ဆိုင်လျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။


.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ