Related Posts Plugin for WordPress, Blogger...

From : ..EMG



တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အများစုနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဝင်များ တက်ရောက်မည့် ရှမ်း၊ ကယား၊ မွန်ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိယအဆင့် ဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ယနေ့ (စက်တင်ဘာ ၂၁ ရက်)တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းရုံးချုပ်၌ စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ အစိုးရ အဖွဲ့များ စသည်ဖြင့် စုစုပေါင်းအဖွဲ့ ၅၂ ဖွဲ့နှင့် ဥပဒေ ပညာရှင်များကိုပါ ဖိတ်ကြားထားကြောင်း သိရသည်။

"ဆရာ့ကို ၂၂ ရက်မှာ ဟောပြောပေးဖို့ ဖိတ်ထားတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေအတွက် တရားမျှတမှုရှိပြီး ဒီမိုကရေစီဆန်တဲ့ ဖွဲ့စည်းပုံတစ်ခု လိုအပ်တယ် ဆိုတဲ့အကြောင်း ဟောပြောမယ်" ဟု ဆွေးနွေးပွဲ တက်ရောက်မည့်သူ တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

အဆိုပါ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ရန်ကုန်မြို့တွင် ရှမ်းအမျိုးသား ကိုယ်စားပြု ပါတီများနှင့် အပစ်ရပ် အဖွဲ့များ ပါဝင်သော ပထမအဆင့် ဆွေးနွေးပွဲ၊ ၂၀၁၃ ခုနှစ် မတ်လအတွင်းက ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ကယားပြည်နယ်မှ နိုင်ငံရေးပါတီ၊ အပစ်ရပ် အဖွဲ့များ ပါဝင်လာသော ဒုတိယအဆင့် ဆွေးနွေးပွဲများအဖြစ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ယခင်ပြုလုပ်ခဲ့သည့် အကြိမ်များ၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုတတိယအကြိမ် ဆွေးနွေးပွဲကိုမူ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် ဖြစ်မြောက်ရေး ကော်မတီဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

တတိယအကြိမ် ဆွေးနွေးပွဲတွင် ယုံကြည်မှု တည်ဆောက်မည့် အဖွဲ့များအဖြစ် ရှမ်း၊ ကယားနှင့် မွန်လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး အင်အားစုများ ပါဝင်မည်ဖြစ်ပြီး ရခိုင်၊ ကရင်နှင့် ချင်းနိုင်ငံရေး အင်အားစုများလည်း လေ့လာသူများအဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


 .. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ