Related Posts Plugin for WordPress, Blogger...

မကြာသေးခင်က  ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပတဲ့ Miss Supranational ပြိုင်ပွဲကို မခင်ဝင့်ဝါ အနေဲ့  
မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့အပေါ် ကောလဟာလ တွေ ဖြစ်ပေါ်နေတဲ့ အတွက် Miss Supranational Myanmar Organization က သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ မှာ အခုလို ဖော်ပြထား ပါတယ်။ 



ဆု ၄ ဆု ရခဲ့တဲ့ ခင်ဝင့်ဝါ၊ ဓာတ်ပုံ-misssupranationalmyanmar

ကျွန်တော်တို့ ရဲ့  Miss Supranational Myanmar Organization ကို နာမည်ဖျက်တဲ့ လူတစ်ချို့  က ကောလဟာလ မကောင်းသတင်းတွေဖြန့် နေတယ်လို့ သိရပါတယ်... 

အခုလို ကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲကြီးကို ငွေကြေးတစ်စုံတစ်ရာကုန်ကျမှုမရှိဘဲ ခင်ဝင့်ဝါကို စေလွှတ် ယှဉ်ပြိုင်စေတယ်လို့ ပြောကြပါတယ်... 

ကျွန်တော်တို့ အနေနဲ့ ဒီပြိုင်ပွဲကြီးကို ယှဉ်ပြိုင်ခွင့်ရဖို့  အစွမ်းကုန်ကြိုးစားခဲ့ရတာပါ။ 

Miss Supranational ပြိုင်ပွဲကြီးက ထိပ်တန်းအလှမယ်ပြိုင်ပွဲစာရင်းဝင် ပြိုင်ပွဲကြီးဖြစ်ပါတယ်။ 

Miss Universe, Miss World, Miss Supranational, Miss International ပြိုင်ပွဲတွေကသာ ကမ္ဘာ့အကြီး ဆုံး ပြိုင်ပွဲကြီးတွေဖြစ်ပါတယ်။ 

ဒီပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ရဖို့ ဆိုရင် နိုင်ငံရဲ့ National Director ဆိုတာရှိရပါတယ်။ အဲဒီလိုင်စင်ရ National Director က ပြိုင်ပွဲဝင်ခွင့်ရဖို့ Licensee Fee ပေးသွင်းရပါတယ်။ဲ 

ပြိုင်ပွဲရဲ့ အဆင့်အတန်း ပေါ်မူတည်ပြီး Franchise Fee နှစ်စဉ်းပေးသွင်းရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာ နိုင်ငံတကာပွဲကြီးတွေကို စေလွှတ်တဲ့ National Director တွေရှိပါတယ်။ အားလုံးအလကား ရတာ မဟုတ်ပါဘူး။ အချိန်၊ငွေအား၊လူအားများစွာနဲ့ ကြိုးစားခဲ့ကြသူတွေချည်းပါပဲ... 

Miss Universe, Miss World, Miss Supranational, Miss International, Miss Earth, Miss Grand International ဒီပြိုင်ပွဲကြီးတွေမှာ ၀င်ပြိုင်ခွင့်ရဖို့  ၀င်ကြေး Franchise Feeများစွာပေးသွင်းကြရပါတယ်... 

အခြားပြိုင်ပွဲတွေကတော့ ပေးချင်မှပေးရပါလိမ့်မယ်၊ ပြိုင်ပွဲ အသေးတွေမှာတော့ နိုင်ငံကိုယ်စားပြု မဟုတ် ဘဲ နဲ့ ပြိုင်ချင်တဲ့သူက Miss Myanmar ခေါင်းစဉ်တပ်ပြီး သွားပြိုင်လို့ ရတဲ့ပြိုင်ပွဲမျိုးတွေလည်း ရှိပါတယ်။ 

ပြိုင်ပွဲရဲ့ အဆင့်အတန်းကို ခွဲခြားသိကြဖို့ လိုပါတယ် Miss Universe, Miss World, Miss Supranational, Miss International, Miss Earth, Miss Grand International ပြိုင်ပွဲတွေကို ကုန်ကျစရိတ်မရှိဘဲ အလွယ် တကူပြိုင်ခွင့်အမိန့် ရရင် လူတိုင်း၊ အေဂျင်စီတိုင်း National Directorတွေလုပ်ပြီး လွှတ်နေကြ မှာပဲဖြစ်ပါတယ်။ 

ဒါအပြင် ပြည်တွင်းပြိုင်ပွဲကျင်းပဖို့ ကုန်ကျစရိတ်တွေ၊ ရုံးခန်းစရိတ်တွေ၊ စာနယ်ဇင်းရှင်းလင်းပွဲများ၊ အခမ်းအနား အပြင်အဆင်စရိတ်တွေ၊ များစွာကုန်ကျပါတယ်..... 

Miss Supranational Myanmar အောင်မြင်လာတာနဲ့ အမျှ နာမည်ဖျက်သူအချို့ ရှိနေတာကြောင့် ချစ်ခင်အားပေးနေကြတဲ့ မျိုးချစ် ပရိသတ်တွေအားလုံးကို အသိပေးတင်ပြလိုက်ရခြင်းဖြစ်ပါတယ်....

From:ဧရာဝတီ

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ