Related Posts Plugin for WordPress, Blogger...

ရန်ကုန်- ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ မြို့တွင်းသို့ပုံ မှန်ပြေးဆွဲပေးမည့် အငှားကားဝန်ဆောင်မှုလုပ်ငန်းကို အမေရိကန်လုပ်ငန်းရှင်တစ်ဦးက စက်တင်ဘာ ၁ ရက်တွင်စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“လေယာဉ်တစ်စီးဆိုက်တိုင်း တစ်ခေါက်ထွက်မယ်။ လူနှစ်ယောက်၊ သုံးယောက်နဲ့လည်း ထွက်ပေးမယ်။ နိုင်ငံခြားသားကို ငါးဒေါ်လာ။ Local (နိုင်ငံသား)ကို ကျပ်၃"၅၀၀ သတ်မှတ်ထားတယ်”ဟု Yangon Ariport Shuttle ကုမ္ပဏီအကြီးအကဲ ဦးကျော်ကျော်က ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆူးလေနှင့်ပန်းဆိုး တန်းအထိပြေးဆွဲပေးမည်ဖြစ်ပြီး နိုင်ငံခြားသားများအတွက် ဟိုတယ်အရောက် ပို့ဆောင်ပေးမည်ဖြစ်ကာ ပြည်တွင်းခရီးသွားများအတွက်မူ လေဆိပ်မှအင်းစိန်လမ်း၊ အင်းလျားလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်ရှိ အနီးဆုံးနေရာများတွင် ချထားပေးမည်ဟု ဦးကျော်ကျော်ကပြောသည်။

“နိုင်ငံအတွက်ကောင်းတဲ့ လက္ခဏာပဲလေ။ ခရီးသွားလုပ်ငန်းကောင်းလာရင် ဒါမျိုးဝန်ဆောင်မှုတွေက ၀င်လာမှာပဲ။ နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သုတေသနလုပ်ပြီးမှလုပ်တာ”ဟု Nature Dream ခရီးသွား ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာဒေါ်စပယ်အောင်က ပြောသည်။
Yangon Ariport Shuttle ကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းတို့နှင့် တွေ့ဆုံစဉ်အဆို ပါလုပ်ငန်းနှင့်ပတ်သက်၍တင်ပြခဲ့၍ နိုင်ငံတော်သမ္မတနှင့်ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌတို့က လာရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် Yangon Ariport Shuttle ကုမ္ပဏီသည် ၀ှီးချဲ ပါတင်ဆောင်နိုင်သောကားအပါအ၀င် ကားခြောက်စီးဖြင့်လုပ်ငန်း စတင်မည်ဖြစ်သည်ဟုဆိုသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

Posted by Arakan Man on 9/01/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ