Related Posts Plugin for WordPress, Blogger...

From : ..the voice


Photo:
ဂျပန်နစ်ဆန်း (Nissan) ကုမ္ပဏီနှင့် မလေးရှားမှ Tan Chong Group တို့ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် နစ်ဆန်း မော်တော်ယာဉ် စက်ရုံက ၂၀၁၅ ခုနှစ်မှ စတင်၍ နှစ်စဉ် မော်တော်ယာဉ်စီးရေ တစ်သောင်း ထုတ်လုပ်မည် ဖြစ်ကြောင်း နစ်ဆန်းကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Mr. Carlos Ghosn က ပြောကြားသည်။
“ဒီမှာခေတ်စားနေတဲ့ ဆီဒင်ပုံစံမျိုးတွေနဲ့ ဆန်နီတွေ စထုတ်မယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ စက်ရုံစီမံကိန်းကို သုံးနှစ် စီမံကိန်းဖြင့် စတင်မည်ဖြစ်ပြီး လုပ်သား ၃၀၀ ခန့် လိုအပ်ချက်ရှိနိုင်မည် ဖြစ်ကြောင်း Tan Chong ကုမ္ပဏီမှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Dato’ Tan Heng Chew က ပြောကြားသည်။

အဆိုပါ စက်ရုံ၌ အမေရိကန်ဒေါ်လာ ၇၄ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး သန်း ၅၀ မှာ စက်ရုံတည်ဆောက်မှု သီးသန့်အတွက် ဖြစ်သည်ဟု Mr.Carlos Ghosn က ဆိုသည်။

ပဲခူးတိုင်းဒေသကြီး ပဲခူးစက်မှုဇုန် အတွင်းရှိ ဧက ၈၀ အကျယ်အဝန်းရှိသော မြေနေရာတွင် တည်ဆောက်မည့် အဆိုပါ မော်တော်ယာဉ် တပ်ဆင်စက်ရုံမှ မော်တော်ယာဉ် တပ်ဆင် ထုတ်လုပ်မှုသာမက မော်တော်ယာဉ် အစိတ်အပိုင်းများပါ ထုတ်လုပ်မည် ဖြစ်ကြောင်း Tan Chong Group ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ဂျပန်မော်တော်ယာဉ် ကုမ္ပဏီတစ်ခုဖြစ်သော ဆူဇူကီး မော်တာ (Suzuki Motors) ကလည်း တောင်ဒဂုံ စက်မှုဇုန်ရှိ မော်တော်ယာဉ် အစိတ်အပိုင်း တပ်ဆင် စက်ရုံတွင် မော်တော်ယာဉ်များ ထုတ်လုပ်နေပြီ ဖြစ်သည်။

Posted by Arakan Man on 9/21/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ