ရခိုင်ပြည်နယ်မှာ
ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ တည်ငြိမ်နေတယ်လို့ ဆိုနိုင်ပေမယ့် လူမှုစီးပွားဘဝတွေကတော့
သမိုင်းကြောင်းတလျှောက်မှာ အဆိုးဝါးဆုံးအခြေအနေမှာ ရောက်ရှိနေတယ်လို့
ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ် ဦးရွှေမောင် (ခေါ်) အဒူရော်ဇက်က ပြောပါတယ်။
ဘူးသီးတောင်
မောင်တောဒေသမှာ နေထိုင်သူတွေဟာ တဖက်ဘင်္ဂလားဒေ့်ရှ်နိုင်ငံကနေ တရားမဝင်
ခိုးဝင်လာသူတွေ မဟုတ်ကြောင်း၊ သူတို့ဟာ အစိုးရပြောသလို ဘင်္ဂလီလူမျိုးမဟုတ်ဘဲ
ရိုဟင်ဂျာလူမျိုးတွေသာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အများဆုံးချိုးဖောက်ခံနေရသူတွေဖြစ်ကြောင်း၊
ရခိုင်ပြည်နယ်က ပဋိပက္ခကိုဖြေရှင်းဖို့ လွှတ်တော်နဲ့ အစိုးရတို့ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း
သူကပြောပါတယ်။
ဘင်္ဂါလီ- ရိုဟင်ဂျာ
ခေါ်ဝေါ်သုံးစွဲရေးကိစ္စ အငြင်းပွားမှုအပါအဝင် ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေနဲ့
ပတ်သက်လို့ ဦးရွှေမောင်ကို RFA ဝိုင်းတော်သား ဦးကျော်ကျော်အောင်က
ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
RFA


0 comments