Related Posts Plugin for WordPress, Blogger...

From : ..the voice


အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရမည် ဖြစ်သော မြန်မာနိုင်ငံသည် အာဆီယံ ထိပ်သီး အစည်းအဝေး ၂၀၁၄ ကို ၂၀၁၄ ခုနှစ် မေလဆန်းတွင် ကျင်းပရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ တွဲဖက်အထွေထွေ ဒါရိုက်တာ ဦးအောင်ထူးက The Voice သို့ ပြောကြားသည်။

အာဆီယံထိပ်သီး အစည်းအဝေး များကို ဧပြီသို့မဟုတ် မေနှင့် နိုဝင်ဘာလ သို့မဟုတ် အောက်တိုဘာလတို့တွင် အနည်းဆုံးနှစ်ကြိမ် ကျင်းပလေ့ရှိပြီး တစ်နှစ်လျှင် မြန်မာနိုင်ငံက ပထမနှစ်ဝက် ထိပ်သီးအစည်းအဝေးကို မေလတွင် ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

အဆိုပါအာဆီယံထိပ်သီး အစည်းအဝေးကို မေလ ၄ ရက် သို့မဟုတ် ၅ ရက်နေ့ တွင် ကျင်းပရန် စီစဉ်နေပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ညှိနှိုင်းလျက်ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
"ညှိလို့အဆင်ပြေရင် မေလထဲပဲ ဖြစ်အောင် လုပ်မှာပါ" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရမည့် နိုင်ငံဖြစ်သောကြောင့် (၂၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး အပါအဝင် အခြားထိပ်သီး အစည်းအဝေး လေးခုထက်မနည်း ကျင်းပမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

(၂၃) ကြိမ်မြောက် အာဆီယံဥက္ကဋ္ဌ အဖြစ် ထိပ်သီးအစည်းအဝေးကို ဘရူနိုင်း နိုင်ငံတွင် အောက်တိုဘာလ ၉ ရက် နှင့် ၁၀ ရက် နေ့တို့တွင် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ နိုင်ငံ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသည့် အာဆီယံထိပ် သီးအစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံက တာဝန် ယူခဲပြီး ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံက တာဝန်ယူခဲ့သည်။ ပထမဦးဆုံးသော အာဆီယံထိပ်သီး အစည်းအဝေးကို ၁၉၇၆ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပခဲ့သည်။


.. www.MyanmarExpress.net

Posted by Unknown on 9/12/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ