Related Posts Plugin for WordPress, Blogger...

မြင့်မြတ် တောင်းပန်ရမဲ့  အချိန်တစ်ရက် ကျော်လာပြီ

ရခိုင်လူမျိုးတွေက အနုပညာသည်တွေကို လေးစားတယ်-ချစ်ခင်တယ်- ဒုက္ခပင်လယ်ဝေနေတဲ့ အချိန်တုံးက ရုပ်ရှင်မင်းသား မင်းသမီးတွေကို မြင်တော့ ငိုရမဲ့  မျက်လုံးတွေနဲ့  ငိုမပြ- သနားခံရမဲ့  မျက်နာနဲ့  ညိုးငယ်မပြ- မင်းသမီးလေးတွေကို မြင်ချင်နေတဲ့  ရခိုင်မိန်းခလေးတွေဟာ ရမိရရာ ကျောက်ပျဉ်လေးတွေနဲ့  သနပ်ခါးလေးတွေ လိမ်းပြီး ရွှေမင်းသမီးလေးတွေနဲ့  အလှချင်း ပြိုင် အပြုံးချင်းပြိုင် ခဲ့ ကြတယ် ။ 
    ရွှေမင်းသမီးလေးတွေကို မြင်တော့ သူတို့ တွေရဲ့  ပူပန်သောကတွေ ခဏတာ ငြိမ်းသွားသလို မဟုတ်ဘဲ သူတို့ ဘ၀မှာ ဒုက္ခဆင်းရဲ ဆိုတာ မရှိလေခြင်းလို့  မှတ်ယူကြတယ်- ပြေတီဦး- -ခန့် စည်သူ- ရတနာမိုင်- စတဲ့  သူတွေ- မင်းမော်ကွန်းတို့ တွေ ကိုမြင်ရတော့ သူတို့ ခမြာ ပျော်လိုက်ကြတာတွေကို ခုတောင် မျက်စိထဲမှာ မြင်ယောင်နေသေးတယ် ။ ဘာကြောင့် သူတို့ ပျော်နေကြသလဲ ဆိုတော့ သူတို့ ချစ်တဲ့  အနုပညာရှင်တွေက သူတို့ ကို လက်ဆွဲ အားပေး အကူအညီ လာပေးကြလို့ ဖြစ်တယ် ။
     ခုတော့ သူတို့ ချစ်တဲ့  အနုပညာရှင် တစ်ဦးက သူတို့ ကို ဖါသည်မလို့ ပြောလိုက်ပြီ ။ သူတို့ ဟာ ဘင်္ဂလီကုလားလူမျိုးနဲ့  နောက်မီးလင်းနေသလို - ဖေါက်ပြန်နေသလို ပြောလိုက်ပြီ ။ ရခိုင်မိန်းခလေးတွေကိုယ်စား မောင်ဖွားမိဖတွေဟာ ခုအချိန်မှာ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ရဲတော့ဘူး ။ ဗွီဒီိယို အခွေ-ငှားဖို့ ဆိုတဲ့  စကားပြောပြီး အခွေငှားဆိုင်ကို မသွားကြရဲတော့ဘူး- အမေဆူမှာ စိုးနေပြီ ။ အဖေဆူခံထိမှာ စိုးနေရပြီ ။
    သူတို့ ကို ခုလို နှမချင်း မစာနာ- လူမျိုးရေးဂုဏ်သိက္ခာကို ထိပါး စော်ကားအောင် သူတို့ လို အနုပညာရှင်တွေကို ဘယ်ရခိုင်မိန်းခလေးတွေကမှ နစ်နာအောင် မပြောဆိုကြပါလား ။ ခုတော့ သက်သက်မဲ့ ဖဲ့ တာမျိုးကျတော့ စဉ်းစားတိုင်း အသည်းနာရမဲ့ ဘ၀ ရောက်နေရပြီကော ။ 
      ဘာကြောင့် မြင့်မြတ်က ရခိုင်မိန်းခလေးတွေကို ကပျက်ကချော် ဖါသည်မအဆင့်လို ပြောရလောက်အောင် သရုပ်ဆောင်ရပါလိမ့် ။ ခုတော့ မြင့်မြတ်ကို  သူဒီလို ပြောဆို သရုပ်ဆောင်ခဲ့ တဲ့ အတွက် ၀န်ချတောင်းပန် ခိုင်းနေတာ တစ်ရက်အချိန် ကျော်လာပြီဖြစ်တယ် ။ တောင်းပန်ရမဲ့  ဥစ္စာကို မပြုလုပ်ဘူးဆိုရင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင် ပြောသလို ရခိုင်ပြည်နယ် တ၀န်းမှာ မြင့်မြတ် ရဲ့  ဗွီဒီိယို အခွေတွေကို မီးရို့  ဖျက်ဆီးကြတော့မယ် ဖြစ်တယ် ။ 
   တစ်ခါတုံးက ရုပ်ရှင်မင်းသမီး ခင်သန်းနု သရုပ်ဆောင်ခဲ့ တဲ့  ကိုယ်ရယ် တိုးရယ် စိုးစိုးရယ် ကားကို စစ်တွေ မြို့ မ ရုပ်ရှင်ရုံမှာ မပြရအောင် ရုပ်ရှင်ရုံကို ဖြိုဖျက် ကျောက်ခဲပစ်လိုက်ကြတယ်- ရုပ်ရှင်ပြစက်တွေ- အားလုံးလိုလို ပျက်စီးသွားတယ် ။ ရဲကားက တားဆီးဖို့ လာတာကို မီးရို့ ဖက်ဆီးလိုက်တယ် ။ ရုပ်ရှင်ရုံကြီး လုံးဝပျက်စီးခဲ့ ရတယ် ။
     ဆန်ပြသနာ -၁၃-သြဂတ်နဲ့  သေဆုံးနေကြချိန်မှာ ၀မ်းနည်းပူဆွေးလို့  မိသားစုတွေ ငိုကြွေးနေကြချိန်- သားသမီးတွေက တောခိုလို့  ဘယ်တောဘယ်တောင် ရောက်မှန်း မသိဖြစ်နေချိန်- ပူဆွေးသောက ဖြစ်လို့  ငြိမ်းအေးခါစ ရှိသေးချိန်မှာ ရုပ်ရှင်လာပြတယ်- ဒီတော့ ကိုယ်ရယ် တိုးရယ် စိုးစိုးရယ် ရုပ်ရှင်ကို မပြရအောင် ခဲတွေနဲ့ ထု-ရုပ်ရှင်ရုံကိုလဲ ၀ိုင်းဆော်လိုက်တော့ ရုပ်ရှင်မှတ်တမ်းမှာ ခုအချိန်ထိ မှတ်တမ်းတင်ထားခဲ့ ရတယ် - ဒီ့ နောက်မှာ ခင်သန်းနုကို အဲဒီကားနဲ့  မဆလအစိုးရက အကယ်ဒမီ ပေးခဲ့ တယ် ။ 
     ခင်သန်းနုက အကယ်ဒမီရခဲ့ ပေမဲ့  မြင့်မြတ်ကတော့ ပြည်သူတွေပေးတဲ့  သောက်မြင်ကပ် ဆုကို ရရှိနေပြီဖြစ်တယ် ။ ဒါရိုက်တာတွေ-ဇါတ်ညွှန်းဆရာတွေ-ထုတ်လုပ်သူတွေကြောင့်လို့  ယေဘူယျပြောလို့ ရပေမဲ့  ကိုင်ရမဲ့  အညှာက မင်းသားမင်းသမီးဘဲ ဖြစ်တယ် ။ အာရုဏ်ဦးမှာ ဖူးသည့်ကြာ ဆိုတာဟာ မကြာသေးခင်ကာလများက ပြည်သူတွေ ဆန့် ကျင်ခဲ့ တဲ့  ရုပ်ရှင်ကားကြီးဖြစ်တယ် ။ 
    ဒီကားမှာပါတဲ့  ခန့် စည်သူ-ခိုင်သင်းကြည်-၀ိုင်းစုခိုင်သိန်း တို့ အပါအ၀င် အနောက်နိုင်ငံ မလာရအောင် ဗီဇါပိတ်ပင်ဖို့  တောင်းဆိုခဲ့ ကြတာ ရုပ်ရှင်လောကမှာ မှတ်တမ်းရှိနေတယ် ။ နောက်တော့မှ ၀ိုင်းစုခိုင်သိန်းတို့ ကို စတိတ်ရိုးတွေ လာဖို့  လူတွေက လက်ခံခဲ့ ကြတာဖြစ်တယ် ။ ပြောရရင်တော့ ရုပ်ရှင်သရုပ်ဆောင် တွေကို ပြည်သူတွေ မုန်းတီးတာ မဟုတ်ဘူးဆိုတာ ပြောချင်တယ် ။ သူတို့ ကို လက်တစ်လုံးခြား ပေါ်လီစီကားကို ရိုက်ခဲ့ လို့ ဘဲ ဗီဇါပိတ်ဖို့  တောင်းဆိုခဲ့ ကြတာဖြစ်တယ် ။  နောက်တော့ သူတို့ တွေလဲ အနောက်နိုင်ငံကို လာကြတဲ့ အခါ စတိတ်ရိုးကို ကြည့်ရှုအားပေးတာလဲ ဒီလူတွေပါဘဲ ။ 
      အာရုဏ်ဦးမှာ ဖူးသည့်ကြာ ကားက သရုပ်ဆောင်တွေဟာ ပေါ်လီစီကားကို ရိုက်ခဲ့ လို့  ဆိုတဲ့  အသိတစ်ခုသာ ရှိခဲ့ ကြတယ် ။ ခုလို -ဂျောင်း-ဆိုတဲ့  ကားလို ညစ်ပတ်ယုတ်ညံ့တဲ့  စကားလုံးတွေနဲ့  လူမျိုးတစ်မျိုးကို စော်ကားတဲ့  ဇါတ်ဝင်ခန်းမျိုးနဲ့  ရိုက်ကူးပြခဲ့ တာ မဟုတ်ဘူး ။ ခုတော့ -ဒီ-ဂျောင်း-ဆိုတဲ့  ဇါတ်ကားက မြင့်မြတ် ပြောတဲ့  စကားဟာ သမီးများရှိတဲ့ မိခင်တွေ- ဖခင်တွေ- နှမတွေရှိတဲ့  အကိုတွေ မောင်တွေကို တစ်ယောက်မျက်နာ တစ်ယောက် မကြည့်ရဲအောင် ပြောဆိုတဲ့  စကားဖြစ်တတယ် ။ 
         ဘယ်သူကမှ ဒီလို စကားမျိုးကို ပြောဆိုကြမှာ မဟုတ်ဘူးလို့ ထင်တယ် - စရိုက်ကြမ်းတဲ့  မိသားစု ပတ်ဝန်းကျင်တော့ ပြောချင်ပြောကြမယ် ထင်တယ် ။  ဒါပေမဲ့  ဘာဘဲဖြစ်ဖြစ် အခုလို ပြောဆိုလိုက်တာဟာ ရခိုင်မိန်းခလေးကိုမှ မဟုတ်ဘူး- ဗုဒ္ဒဘာသာ မြန်မာတိုင်းရင်းသားမိန်းမလေးတွေကို မပြောဆိုရမဲ့  စကားလုံးများ ဖြစ်တယ် - ဘာကြောင့်လဲ ဆိုတော့ ဘင်္ဂလီကုလားဆီမှာ အဆော်ခံနေရပြီ လို့  ပြောတာဟာ သိပ်ရက်စက်တယ် ။ ဒီလို ပြောတဲ့ အတွက် မြင့်မြတ်ဟာ တောင်းပန်ရမယ် ။ ရုပ်ရှင်ကောင်စီအစည်းအရုံးဟာလဲ ဒီကိစ္စကို ငြိမ်လို့ မနေသင့်ဘူး။ တကယ်လို့  အဲလို မတောင်းပန်ဘဲ မသိလိုက်မသိဖါသာ နေလို့ ရှိရင် မကြာခင်မှာ ရုပ်ရှင်အနုပညာရှင် တစ်ဦးဖြစ်တဲ့  မြင်မြတ်ဟာ ကျဆုံးခြင်းများနဲ့  ရင်ဆိုင်သွားရလိမ့်မယ် ။ 
      အထူးသဖြင့် ထင်ရှားကျော်ကြားတဲ့  အနုပညာရှင်များဟာ ပြည်သူကို စကားတစ်လုံးနဲ့  စော်ကားတာမျိုးမပြုလုပ်မိဖို့ အထူးသတိ ထားရမယ် ဆိုတာကို  စေတနာကောင်းနဲ့  အကြံပြုပေးလိုက်ပါရစေ ။ 

ခိုင်အောင်ကျော် ( နယူးယောက် )

Posted by Unknown on 9/13/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ