Related Posts Plugin for WordPress, Blogger...

(နိရဉ္စရာ- ၁၂ စက်တင်္ဘာ ၂၀၁၃)

ဒဏ်ရာ ရရှိသူ လယ်သမားကြီး ဦးမောင်စိန် (ဓါတ်ပုံ- Facebook Coral Arakan)
ဒဏ်ရာ ရရှိသူ လယ်သမားကြီး ဦးမောင်စိန် (ဓါတ်ပုံ- Facebook Coral Arakan)
ရခိုင်ပြည်နယ် ကျေးလက်ဒေသနေ ရခိုင်ပြည်သူလူထု လုံခြုံရေးကို အစိုးရက ကာကွယ် မပေးဘဲ နိုင်ဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။
အထူးသဖြင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အတွင်းရှိ ကျေးလက်နေ ဒေသခံ ပြည်သူများ လုံခြုံရေးကို  အစိုးရ အနေဖြင့် ကာကွယ်မူ မပေးနိုင်ဘဲ ဖြစ်နေသဖြင့် ကျီးလန့်စာစား အခြေအနေမျိုးနှင့် ရင်ဆိုင် နေကြရသည်ဟု ဒေသခံတို့က ပြောသည်။
ယခုလ (စက်တင်္ဘာလ) ၂  ရက်နေ့က ညဥ့် ၁၀ နာရီတွင် အမည်မသိ ဘင်္ဂလီ အုပ်စု တစ်ခုသည် တုတ်ဓါး လေးဂွ လက်နက်များ ကိုင်ဆောင်ပြီး ပေါက်တောမြို့နယ် ကြက်သရေ ကျေးရွာ လယ်တဲတစ်ခုတွင် အိပ်နေကြသော ရခိုင် အမျိုးသား နှစ်ဦးကို တုတ်ဓါးများဖြင့် တိုက်ခိုက်ပြီး ဖမ်းဆီးချုပ်နှောင်ကာ ကျွဲ ၆ ကောင်ကို လုယက် ယူဆောင်သွားသည်ဟု သိရသည်။
တိုက်ခိုက် ခံရသူ (၂) ဦးမှာ ဦးမောင်စိန် (ဘ) ဦးမဲကျော် (၆၈-နှစ်) နှင့် လယ်လုပ်သား ကျွဲထိန်း မောင်ထွန်းစံ (ဘ) ဦးအေးစိန်အောင် (၂၅-နှစ်) တို့ နှစ်ဦး ဖြစ်ကြသည်။
သူတို့ နှစ်ဦးသည်  ကြက်သရေ ကျေးရွာအနီးရှိ စားကျက် လယ်တဲတွင် ကျွဲ ၁၃ အား ချည်နှောင်ပြီး ညဥ့်အချိန် အိပ်နေစဉ် ည ၁၀ နာရီခန့်တွင် ကျွဲမြည်သံကြား၍ ဦးမောင်စိန်က လက်နှိပ် ဓါတ်မီးဖြင့် ထိုးကြည့်ရာ ဘင်္ဂါလီတစ်ဦးမှ တဲပေါ်သို့ ပြေးတက်လာပြီး လောက်လေးဂွဖြင့် ပစ်ခတ်ရာ  ၀ဲဘက်ပါးတွင် ခဲသီးနစ်ဝင်သွားပြီး နောက်တစ်ဦးက ရင်ဝကို လက်သီးဖြင့် ပစ်ထိုးကြောင်း ဒဏ်ရာ ရရှိသူ ဦးမောင်စိန်က ပြောသည်။
ကျန်သူများက အသင့်ပါလာသော ဓါးရှည်များဖြင့် ရင်ဝကိုထောက်ထားပြီး လက်နှစ်ဖက်နှင့် ခြေကို ကြိုးဖြင့် လယ်တဲ တိုင်များတွင် သီးခြားစီချည်ကာ  ပါးစပ်ကို အ၀တ်များဖြင့် ထိုးထည့် စည်းနှောင်ထားပြီး ကျွဲ ၁၃ ကောင်ကို အသင့်ပါလာသော စက်လှေဖြင့် ယူဆောင်သွားသည်ဟု သူက ဆက်လက် ပြောဆိုသည်။
ထိုသို့ ယူဆောင်စဉ် ကျွဲ ၁၃ ကောင်တွင် ခုနှစ်ကောင်မှာ ထွက်ပြေး လွတ်ကျန်ရစ်ခဲ့သဖြင့် ကျန် ၆ ကောင်ကို ယူဆောင်သွားသည်ဟု သိရသည်။
ခဲသီးမှန်၍ ဒဏ်ရာ ရရှိသူ ဦးမောင်စိန်အား ပေါက်တောမြို့နယ် ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု သိရသည်။
ယခုနှစ် သြဂတ်စ်လ ၂၀ နေ့ကလည်း ပေါက်တောမြို့နယ် မုညင်းကိုင်းကျေးရွာမှ အသက် (၄၁) နှစ် အရွယ် မလှသန်းစိန်သည် လယ်တောသွားစဉ် မုညင်းကိုင်း အောက်ရွာနှင့်  ကြိမ်နီပြင် ဘင်္ဂလီ ဒုက္ခသည် စခန်းအနီးရှိ ညောင်ပင်ချိုင် ချောင်းစပ်တွင် အသတ်ခံခဲ့ရသည်။
အလားတူ ပေါက်တောမြို့နယ်  အတွင်းကျွဲပျောက် နွားပျောက် အထူးများနေပြီး အချို့ရွာများတွင် တစ်နေ့တည်း ကျွဲနွား အကောင် (၃၀) ထိ အခိုးခံရမူများ ရှိနေသည်ဟု ဒေသခံ ဆရာတော် တစ်ပါးက မိန့်ကြားသည်။
သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ အနေဖြင့် ရခိုင်ဒေသခံများအား တုတ်ဓါးလက်နက်များကို ကိုင်ဆောင်ခွင့် မပြုသလို ကိုင်ဆောင်ပါကလည်း ဖမ်းဆီးခြင်း၊ အရေးယူ အပြစ်ပေးခြင်းများ ရှိနေပြီး အခြားတစ်ဘက်တွင်လည်း အုပ်စုဖွဲ့ ရာဇ၀တ်မူ ကျူးလွန်သူများကို အာဏာပိုင်များက နှိမ်နှင်းနိုင်ခြင်း မရှိဘဲ ဖြစ်နေသဖြင့် ဒေသခံ ရခိုင်များမှာ အထူး အကျပ် ရိုက်လျှက် ရှိနေကြသည်ဟု ဆိုသည်။
သို့ အတွက် ရခိုင်ဒေသခံများ အနေဖြင့် ရခိုင်တပ် ( ရခိုင်တပ်မတော်) ကိုသာ သူတို့၏ လုံခြုံရေး အတွက်  အားကိုးမျှော်လင့်နေကြသည်ဟု ပေါက်တော ဒေသခံ တစ်ဦးက ပြောဆိုသည်။



နိရဉ္စရာ 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ