Related Posts Plugin for WordPress, Blogger...

From : .. dvb

ရေးဆွဲပြီးပြတ်ပြီးဖြစ်တဲ့ “အမြဲတမ်းနေထိုင်ခွင့်ဥပဒေမူကြမ်း” ကို သမ္မတထံ တင်ပြထားပြီးပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီဗွီဘီကို ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ
ဦးခင်ရီက “ပီအာရ် (အမြဲတမ်းနေထိုင်ခွင့် ဥပဒေမူကြမ်း)က ကျနော်တို့ ဖိုင်နယ်(နောက်ဆုံး) အဆင့်ပေါ့ဗျာ နိုင်ငံတော်အကြီးအကဲကိုတင်ပြတဲ့ ဖိုင်နယ်အဆင့် ရောက်နေပါပြီ။ ဒါပေမယ့် ဒီဟာက ဥပဒေပြင်ရတာတွေ ပါတဲ့အခါကျတော့ လွှတ်တော်တွေကို ဆက်တင်ရဦးမှာပါ။ လွှတ်တော်က အခုနားထားတယ်။ ကျနော်တို့က အချောသတ်နေပြီ။ လွှတ်တော်စတာနဲ့ တင်တော့မှာ။ ကျနော်တို့က” လို့ ပြောပါတယ်။
ဒုတိယသမ္မတ စိုင်းမောက်ခမ်းဦးဆောင်ပြီး ၀န်ကြီးအဆင့်တွေပါဝင်တဲ့ စီမံခန့်ခွဲမှုကော်မတီက လပေါင်းများစွာပြုစုတဲ့ အမြဲတမ်းနေထိုင်ခွင့်ဥပဒေကြမ်းမှာ အကြုံးဝင်မှုတွေနဲ့ပတ်သက်လို့ ဦးခင်ရီက ခုလိုရှင်းပြပါတယ်၊
“အတည်မပြုသေးတော့ ပြောရတာ ခက်တာပေါ့နော်။ အကြမ်းအားဖြင့်ပေါ့နော်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ လာရောက်ရင်းနှီးမြှုပ်နှံလိုတဲ့သူတွေ၊ ဒါမျိုးတွေ အကျုံးဝင်သလိုပဲ ကျနော်တို့ ကွဲကွာနေတဲ့ ကျနော်တို့ရဲ့ တိုင်းရင်းသားဟောင်းတွေနဲ့ ပြန်လည်ရင်ကြားစေ့ရေးမူအရပေါ့နော် ဒီလိုပုဂ္ဂိုလ်မျိုးကိုလည်း ပြန်ပြီးလက်ခံဖို့၊ နောက် ကျနော်တို့နဲ့ ကျနော်တို့တိုင်းရင်းသားနဲ့ ကျနော်တို့လူမျိုးတွေနဲ့ သွေးချင်းဆက်နေတဲ့ (blood related) ပေါ့ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြန်လက်ခံဖို့ အကြမ်းဖျင်းအားဖြင့် အဲလို သတ်မှတ်ချက်တွေ (ခရက်တီးရီးယားတွေ) ခွဲထားတာပေါ့နော်။ မထွက်သေးတော့ ကျနော်က ပြောရင်လည်းတမျိုးဖြစ်သွားမှာစိုးလို့ပါ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အထူးသဖြင့် ၁၉၈၈ ခုနှစ် အရေးတော်ပုံအပြီးမှာ ပြည်ပကို နယ်စပ်ကိုထွက်ခွာသူတွေ သိန်းနဲ့ချီရှိခဲ့ပါတယ်။ တချို့က အစိုးရကို ဆန့်ကျင်တော်လှန်တိုက်ခိုက်ဖို့။ တချို့က ပြည်တွင်းစီးပွားရေးကျပ်တည်းလို့ အိမ်နီးချင်းနိုင်ငံတွေမှာ ထွက်ခွာအလုပ်လုပ်သူနဲ့ တချို့ကတော့ စစ်ပြေးဒုက္ခသည်အဖြစ် နယ်စပ်ကို ထွက်ခွာသူတွေဖြစ်ပါတယ်။
ကုလသမ၈္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံနယ်စပ်ဒုက္ခသည်စခန်းတွေကနေ ပြန်လည်နေရာချထားအစီအစဉ်စတင်တဲ့ 2005 ခုနှစ်ကနေ မနှစ်စက်တင်ဘာထိ  ထိုင်းနယ်စပ်ကနေ တတိယနိုင်ငံတွေကို သွားရောက်အခြေချတဲ့ ဒုက္ခသည်ပေါင်း ရှစ်သောင်းနီးပါးရှိတယ်လို့သိရပါတယ်၊ မလေးရှားနဲ့အိန္ဒိယနိုင်ငံတွေကလည်း မြန်မာတွေ တတိယနိုင်ငံတွေကိုထွက်ခွာကြပါတယ်၊
မြန်မာတွေကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ ဩစတေးလျနိုင်ငံတွေဟာ  အများဆုံးလက်ခံကြပြီး ဖင်လန်။ ဂရိတ်ဗြိတိန်။ အိုင်ယာလန်။ နယ်သာလန်။ နယူးဇီလန် နော်ဝေနဲ့ ဆွီဒင်နိုင်ငံတွေလည်း အပါအ၀င် ဖြစ်ပါတယ်။
လ၀က၀န်ကြီးဦးခင်ရီက လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံသားဥပဒေမှာ နိုင်ငံခြားတိုင်းပြည်တခုမှာ နိုင်ငံသားခံယူသူတွေ နိုင်ငံသားပြန်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အစပျိုးရှင်းပြပြီး ချွင်းချက်ထည့်သွင်းထားတယ်လို့ ပြောပါတယ်၊
“မြန်မာနိုင်ငံမှာ မွေးတဲ့ မြန်မာနိုင်ငံသားသည်ပင်လျင် အခြားနိုင်ငံကိုရောက်သွားတယ်။ အခြားနိုင်ငံသား ခံယူလိုက်တယ်။ ဒါမှမဟုတ်လည်းအခြားနိုင်ငံရဲ့ ပတ်စပို့တ်ကိုင်လိုက်တယ်ဆိုရင်။ မြန်မာနိုင်ငံသားအဖြစ်က ဆုံးရှုံးပါတယ်။ ဒါ ကျနော်ပြောတာမဟုတ်ဘူး။  ၁၉၈၂ ခုနှစ် ဥပဒေက ပြဌာန်းချက်ပါ။ တကယ်တော့ ဒီပုဂ္ဂိုလ်ဟာ သာမန်အားဖြင့် နိုင်ငံသား ပြန်ဖြစ်ခွင့်မရှိတော့ဘူး။ သို့သော်လည်းပဲ အပေါက်ကလေး တစ်ပေါက်က ၈၂ ဥပဒေ ပုဒ်မ (၈) မှာ နိုင်ငံတော်အစိုးရကနေပြီးတော့ နိုင်ငံတော်အကျိုးငှားဆိုတဲ့ အပိုဒ်ငယ်တခု နဲ့ စဉ်းစားပြီးတော့ နိုင်ငံသားအဖြစ် ပြန်လက်ခံတာရှိတယ်” လို့ ပြောပါတယ်။
အခုအခါ စက်တင်ဘာလအတွင်း လွတ်တော်တွေရပ်နားထားတာကြောင့် အောက်တိုဘာလအစပိုင်း လွတ်တော်တွေ ပြန်စတဲ့အခါ ရပ်နားထားတဲ့ အမြဲတမ်းနေထိုင်ခွင့်ဥပဒေမူကြမ်းကို တင်ပြတော့မှာဖြစ်ပါတယ်။ 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ