Related Posts Plugin for WordPress, Blogger...

From : ..the voice


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဝအထူးဒေသအတွင်း နေထိုင်သူများ မဲပေးခွင့်ရရန် ကူညီမည် ဖြစ်ကြောင်း ဝအထူးဒေသ (၂) ဆက်သွယ်ရေးတာဝန်ခံ ဦးအားမင်က ပြောကြားသည်။
"ရွေးကောက်ပွဲမှာ ဝပြည်သူတွေ မဲပေးနိုင်ဖို့ သန်းခေါင်စာရင်းကောက်ပြီး မှတ်ပုံတင်လုပ်ပေးဖို့ ပြောတယ်" ဟု ၄င်းကဆိုသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ဒုတိယစစ်ရေးချုပ် ဦးအိုက်လွင် ဦးဆောင်သောအဖွဲ့တို့ ယနေ့ (စက်တင်ဘာ ၃ ရက်နေ့) နံနက် ၁၁ နာရီ၌ တွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်သည် ၁၉၈၉ ခုနှစ်တွင် တပ်မတော် အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့ပြီး ၂၀၀၇ ခုနှစ် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံခဲ့သော်လည်း ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် တောင်းဆိုထားသည့် လက်နက်ကိုင် အဖွဲ့အစည်းလည်း ဖြစ်သည်။

ဝ အထူးဒေသ (၂) ဆက်သွယ်ရေးတာဝန်ခံ ဦးအားမင်က "ဝပြည်နယ် တောင်းဆိုချက်ကို လိုက်လျောပေးမယ့်အနေအထား ရှိတယ်။ ဒါကြောင့် မဲပေးနိုင်ဖို့ မှတ်ပုံတင် လုပ်ပေးတာဖြစ်မှာပါ။ အခုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ် တရားဝင် မပေးသေးပေမယ့်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနေတာပဲ" ဟု မှတ်ချက်ပြုသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ဝ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် ဒုတိယစစ်ရေးချုပ် ဦးအိုက်လွင် ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာတွင် ဝ အထူးဒေသအတွင်း အောက်ခြေတွင် ဖြစ်ပွားသော ပြဿနာများကို နိုင်ငံတော်သို့ တင်ပြပြီး ညှိနှိုင်းဖြေရှင်းကြရန် သဘောတူညီခဲ့ကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဝ အထူးဒေသ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဝ အထူးဒေသအဖွဲ့နှင့် တွေ့ဆုံပြီး ကျိုင်းတုံမြို့ ဒေသခံများနှင့် နေ့လယ် ၁ နာရီတွင် တွေ့ဆုံခဲ့သည်။


 .. www.MyanmarExpress.net

Posted by Unknown on 9/05/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ