Related Posts Plugin for WordPress, Blogger...

From : ..eleven


သတင်းမီဒီယာ ဥပဒေများနှင့် ပတ်သက်ပြီး အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် အငြင်းပွားမှု ဖြစ်နေချိန်၌ စာနယ်ဇင်းကောင်စီ (ယာယီ)က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ အလှူငွေ ကျပ်သိန်း ၅၀၀ ကို လက်ခံခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ဥက္ကဋ္ဌ  ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ)နှင့် အတွင်းရေးမှူး ဦးကျော်မင်းဆွေတို့သည် စက်တင်ဘာ ၁ ရက်နေ့က နေပြည်တော်ရှိ သမ္မတ လယ်တောအိမ်၌ တွေ့ဆုံခဲ့ပြီးနောက် စက်တင်ဘာ ၂ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စာနယ်ဇင်းကောင်စီ (ယာယီ)ကို ပုဂ္ဂိုလ်အရ ငွေကျပ်သိန်း ၅၀၀ ပေးလှူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
"သိန်း ၅၀၀ ဆိုတာက Press Council ကိုလှူတာ။ Press Council က ဘာလုပ်နေလဲဆိုတော့ သတင်းစာ ရှင်းလင်းပွဲတွေ မကြာခဏ လုပ်ထားပြီးသားလေ။ အဲဒီ လုပ်ငန်းတွေကိုလည်း Press Council ကိုယ့်စရိတ် ကိုယ်စားပြီးတော့ ကောင်စီဝင်တွေရဲ့ ထည့်ဝင်မှုနဲ့ ရုံးခန်းငှားခ တစ်လကိုးသိန်း ပေးရတယ်။ ရုံးပစ္စည်းတွေ ၀ယ်ရတယ်။ နေပြည်တော်ကို သွားရတယ်။ စသည်ဖြင့်။ Press Council က မီဒီယာလောက ဖွံ့ဖြိုးဖို့အတွက်၊ သတင်းမီဒီယာ ဥပဒေ ပေါ်ပေါက်ဖို့အတွက် လုပ်နေတဲ့ လုပ်ငန်းတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေ အဲဒီမှာ သုံးဖို့လေ။ ဒါကရှင်းပါတယ်။ ကျွန်တော်တို့ လိပ်ပြာသန့်ပါတယ်။ ကျွန်တော်တို့ ဘယ်လုပ်နေလဲဆိုတာ ကိုယ့်ကိုကိုယ် သိပါတယ်။ Press Council ဘာလုပ်နေလဲ ဆိုတာလည်း ပြီးခဲ့တဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို ပြန်ကြည့်လို့ရှိရင် ရှင်းပါတယ်။ ဒီအတွက်ကတော့ ကျွန်တော်တို့ ဘာမှမဖြစ်ပါဘူး" ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။
သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အစိုးရနှင့် အငြင်းပွားမှုများ ပြီးဆုံးခြင်း မရှိသေးသည့် အချိန်၌ ဥပဒေအရ မဟုတ်ဘဲ သမ္မတ၏ ပုဂ္ဂိုလ်ရေးအရ လှူဒါန်းမှုကို လက်ခံခဲ့ခြင်းအပေါ် မေးခွန်းထုတ်မှုများ ရှိလာနိုင်ကြောင်း သိရသည်။
"စာနယ်ဇင်းကောင်စီက ဘာပဲပြောပြော အများကြီး လုပ်နိုင်ခဲ့တယ်။ သူ့ဘက်က မှန်တဲ့အတွက် စာနယ်ဇင်းကောင်စီရဲ့ ရပ်တည်ချက်က အောင်မြင်တယ်လို့ ပြောရမယ်။ အဲလိုဖြစ်တဲ့ အချိန်မှာ သမ္မတကနေပြီးတော့ အလှူငွေပေးတာကို လက်ခံတယ်ဆိုတော့ ဆုပေးဆုယူ ဆိုတာမျိုး ဖြစ်နေတယ်။ ကျွန်တော်ကတော့ ဒါကိုသိပ်မကြိုက်လှဘူး။ သို့သော် အဲဒီတုန်းက ဘယ်လိုပြောကြလဲ။ ဘယ်လိုဆိုကြလဲ။ ဆုရဲ့ သတ်မှတ်ချက်က ဘာလဲ။ အဲဒီဆုမျိုး ပေးတဲ့ဟာကလည်း ဘာသုံးဖို့ဆိုတာ ရှိနေလဲ။ စာနယ်ဇင်း ကောင်စီကရော ဒီငွေကို ဘယ်လိုသုံးစွဲမယ် ဆိုတာမျိုးတွေ ထည့်ပြီးတော့ စဉ်းစားမှသာ သဘောပေါ်နိုင်မယ်လို့ ထင်ပါတယ်။ ဘာပဲပြောပြော ဒီအချိန်မှာ လက်ခံတာအားဖြင့်တော့ မကောင်းလှဘူး။ အချိန်အားဖြင့်တော့ မကောင်းဘူးလို့ပဲ ကျွန်တော်က ယူဆပါတယ်" ဟု သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောကြားပါသည်။
"သမ္မတဆီကပဲ ယူယူ၊ နှောင်ကြိုးမဲ့တယ်ပဲ ပြောပြော အခုလို သတင်းမီဒီယာ ဥပဒေ ပြဿနာ ဖြေရှင်းလို့ မပြီးသေးတဲ့ အချိန်မှာ စာနယ်ဇင်းကောင်စီ အနေနဲ့ ဒီလောက်များပြားတဲ့ ငွေကြေးကို အစိုးရဆီက လက်ခံရယူတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ လူအများရဲ့ ယုံကြည်မှုကို လိုချင်ရင် ကိုယ့်ကိုကိုယ် လိပ်ပြာလုံရုံနဲ့ မရပါဘူး။ လူအများက ယုံကြည်နိုင်တဲ့ အခြေအနေ ပတ်ဝန်းကျင်မျိုး တည်ဆောက်ရပါမယ်။ တကယ်လို့ ဂျာနယ်လစ်တွေနဲ့ အစိုးရနဲ့ ပြဿနာဖြစ်လို့ရှိရင် စာနယ်ဇင်းကောင်စီက အစိုးရမှန်လို့ အစိုးရဖက်ကနေ ရပ်တည်ခဲ့မယ် ဆိုရင်တောင် သူ့ရဲ့အဂတိတရားနဲ့ ဂုဏ်သိက္ခာဟာ မေးခွန်းထုတ်စရာ ဖြစ်လာမှာပဲ။ ဘယ်သူက လက်ခံကြမှာလဲ။ အခုတော့ စာနယ်ဇင်းကောင်စီရဲ့ လုပ်ဆောင်မှုတွေဟာ အများပြည်သူရဲ့ စောင့်ကြည့်ဝေဖန်စရာ ဖြစ်လာကြပြီပေါ့" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ