Related Posts Plugin for WordPress, Blogger...

Photo: ရက္ခိုင့် တပ်မတော် စစ်ဦးစီးချုပ်ဖလား ဘော်လုံးပြိုင်ပွဲ စည်းရုံးရေးနှင့်လေ့ကျင်းရေး အသင်း ပထမရ
http://www.narinjara.com/burmese/?p=6624
( နိရဉ္စရာ- ၁၁ သြဂတ်စ် ၂၀၁၃) / မောင်အေး

ရက္ခိုင့်တပ်မတော် ယာယီဌာနချုပ်အခြေစိုက်ရာ ကချင်ဒေသတွင် ကျင်းပသည့် ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဖလားဘောလုံးပြိုင်ပွဲတွင် စည်းရုံးရေးနှင့် လေ့ကျင့်ရေးဌာနအသင်းမှ ပထမဆုဖလားကို ရရှိသွားကြောင်း သတင်း ရရှိသည်။
ပြိုင်ပွဲကို သြဂုတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းအသင်း ၁၆ သင်း ပါဝင်ယှဉ် ပြိုင်ခဲ့ကြောင်း သိရသည်။
“ ပထမ ဆုတော့ ကျွန်တော်တို့ စည်းရုံးရေးနဲ့လေ့ကျင်းရေးဌာနက ရပါတယ်။ ဒုတိယဆုကိုတော့ ကချင်လို (ပဒါန်ဘုမ်) လို့ခေါ်တဲ့ ရခိုင်လိုပြန်ရင်အောင်မြေကုန်း စစ်ကြောင်းက ရပါ တယ်။ တတိယ ဆုကိုတော့ ရက္ခိုင့် တပ်မတော် ဗဟိုဌာနချုပ်လုံခြုံရေး အထူးတိုက်ခိုက်ရေး စစ်ကြောင်းက ရပါတယ်” ဟုရက္ခိုင့်တပ်မတော် စစ်ဦး စီးအရာရှိတစ်ဦးကပြောသည်။
ဆုရရှိသည့် အဖွဲ့များကို အခမ်းအနားဖြင့် ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်မှ ဆုဖလားများချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ မဟာမိတ် (ကချင်) လေ့ကျင်းရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တပ်တွင်း အားကစားပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်ကိုလည်း အဆိုပါအရာရှိက ယခုကဲ့သို့ ဆက်ပြော သည်။

“ ရက္ခိုင့်တပ်မတော် စစ်ဘက်ဆိုင်ရာ ၀န်ထမ်းတွေ ပျော်ရွင်မှုရှိအောင်၊ ပြီးတော့ ကျန်းမာရေး၊ တိုက်ခိုက်ရေး၊ စည်းလုံးရေး၊ ညီညွတ်ရေးစတဲ့အချက်တွေကို ရည်ရွယ်ပြီးလုပ်တာဖြစ်တယ်။” ပြိုင်ပွဲတလျှောက်တွင် အကောင်းဆုံးဂိုးသမားဆု၊ အသန့်ရှင်းဆုံးအသင်းဆု၊ ဂိုးသွင်းအများဆုံးဆု စသည့် နေရာအလိုက် တစ်ဦးချင်းဆုများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ရက္ခိုင့်တပ်မတော်ကို ရခိုင်မျိုးချစ်လူငယ်များဖြင့် ၂၀၀၈ ခုနှစ်တွင် ကချင်လွတ်မြောက်နယ်မြေတွင် လူမျိုးပေါင်းစုံ ရခိုင်ပြည်သူများကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ လူမျိုးရေး ကြန်အင်လက္ခဏာများ ယဉ်ကျေးမှု အမွေအနှစ်များ ထိမ်းသိမ်းရေး၊ ရခိုင်လူမျိုးတို့၏ ဂုဏ်သိက္ခာနှင့်အကျိုးစီးပွားကို မြှင့်တင်ဆောင်ရွက်ရေး အချက် ၃ ချက်ကို ဖြင့် ဦးတည်ဖွဲ့စည်းထားခြင်းဖြစ်သည်။
ယခုလက်ရှိအချိန်တွင် ရက္ခိုင့်တပ်မတော်မှာ ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းများတွင် အင်အားအကြီးဆုံးတပ်မတော်ဖြစ်သည်။
- See more at: http://www.narinjara.com/burmese/?p=6624#sthash.sWfR6nHP.dpuf

နိရဉ္စရာ

Posted by Arakan Man on 9/14/2013
categories: | edit post

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ