Related Posts Plugin for WordPress, Blogger...

အခုတလောသတင်းတွေထဲမှာHot နေတဲ့သတင်းတစ်ခုဖြစ်သောဆရာမဒေါ်စိုးစိုးခိုင်နှင့် ပတ် သတ်ပြီးပြောချင် ပါ တယ်။ ဆရာမဒေါ်စိုးစိုးခိုင်အနေနဲ့ဘာကြောင့်ဖြစ် တယ်၊ဘာလို့  ဖြစ်တယ် ဆိုတာရဲရဲတင်း တင်းမှန်မှန် ကန်ကန် ဖြေရှင်း သင့်ပါတယ်။

မသိရင်၈၈၈၈ ငွေရတုပွဲတက်လို့ပညာရေးဝန်ကြီးဌာန ကအနားပေးသယောင်ယောင်ဖြစ်အောင်လုပ်နေ တာတွေ့ ရတာစိတ်မကောင်းစရာပါ။ ပညာရေးဝန်ကြီးဌာနကနေ ရှင်းထားတာခွင့်ရက် ကျော်လွန် လို့ အနားပေးလိုက်တယ်ဆိုတာတွေ့ရပါတယ်။အမှန်အတိုင်းပြောရရင်တော့ အခုလိုပညာရေးအဆင့်မြှင့် တင်နေတဲ့ အချိန်မှာအခုလိုတာဝန်ချိန်လဲမလေးစား၊ခွင့်ရက် တွေလဲကျော်ယူတယ်ဆိုတာ လုံးဝမဖြစ်သင့် ပါဘူး။ အခုလို စံပြပုံစံမျိုးပြုလုပ်သင့်တယ် လို့ ထင်ပါတယ်။

 ကျမတို့ မြန်မာနိုင်ငံသည်ဒီမိုကရေစီစနစ်ပြောင်းလဲကျင့်သုံးပြီးကတည်းကအဘက်ဘက် ကနေ ဘက်စုံပြင်ဆင်နေ သည်ဖြစ်ကာ ပညာရေးဘက်တွင်လည်း ပြုပြင်ပြောင်းလဲ မှုများကိုကြုံတွေ့နေ ရပြီဖြစ်ပါ တယ်။ ယခုလိုပြောဆိုခြင်းကြောင့် ကျမသည် အစိုးရဘက် တော်သားလဲ မဟုတ်ရပါ။ အတိုက်အခံဘက်တော်သားလဲ မဟုတ်ရပါ။ သမ္မတကြီး ဦးသိန်းစိန်နှင့် အန်တီစုတို့၏ ပူးပေါင်းလုပ်ဆောင် မှု များကို အမြဲတမ်းအားပေးနေသူပါ။ သမ္မတကြီးနှင့်အန်တီစု တို့ သည်လည်း ပညာရေးခေတ်မှီ တိုးတက်အောင်ဆောင်ရွက်နေ စဉ်လက်အောက်မှလုပ်ဆောင်ကြသော ဆရာ၊ဆရာမသည် လည်းမိမိတာဝန်ကိုမိမိကျေ ပွန်အောင် ထမ်းဆောင်ကြမှသာလျှင် ပညာရေးသည် အမှန်တကယ်ခေတ်မှီ တိုးတက် မည်ဖြစ်ပါသည်။ရှေ့မှလူကြီးများ ကလမ်းကြောင်းဖြောင့်အောင်သွားနေ စဉ်နောက်မှလို က် သောသူများကလမ်းကြောင်းအကောက်လိုက်လျှင်ရည်မှန်းချက်ပန်းတိုင်ကို လွယ်ကူစွာ ရောက်မည်မဟုတ်ပါ။

ထို့ အတွက် မိမိတာဝန် မိမိကျေပွန်အောင် ထမ်းဆောင်ဖို့ လိုအပ် ပါသည်။ ကျမအသိကျောင်းသားမိဘတစ်ယောက်ပြောဖူးတယ်။"ဆရာမရယ်သားကိုကျောင်းသာ လွှတ်ရတယ်။ဆရာ မလာရတာနဲ့၊လာတဲ့ဆရာကလဲ စာသိပ်မသင်တာနဲ့ ကျမတို့ လဲ ဘယ်လိုလုပ်ရပါ့မလဲကိုမသိပါဘူးတော်"ဟုပြောခဲ့ဖူးပါသည်။အဲ့ဒီတုန်းကတောင်စဉ်းစား မိတယ်။ တချို့ ဆရာကခွင့်ပြန်တာတို့ ဘာတို့ ဆို အစားဆရာတစ်ယောက် ၀င်ရတယ်။ အစားဝင်ပေးရတယ် ဆိုတာကလဲ ကိုယ့်အချိန်ကိုယ် အပျက်ခံပြီးဝင်ရခြင်း မဟုတ်ပါ။ ကိုယ့်အချိန်လဲသင်၊ သူများအချိန်လဲဝင်သင်ပေးရတာပေါ့။

အဲ့ဒီမှာအခုဖြစ်သွားတဲ့ဆရာမ လိုခွင့်ရက်တွေအများကြီးကျော်လွန်ပြီး နေမယ်ဆိုရင်သူ့ အစားဝင်သင်ပေးရတဲ့သူက ကောကြာလာရင် ဘယ်လုပ်ပြီး လုပ်ပေးချင်ပါတော့မလဲ။ အဲ့တာတွေကို အခုလိုခွင့်ပြန် နောက်ကျတဲ့ ဆရာမဒေါ်စိုးစိုးခိုင် သေချာစဉ်းစားသင့်တယ်။ နောက်ပြီးအခုဖြစ်စဉ်ကို ခေါင်းစဉ်တပ်တာက ၈၈၈၈ငွေရတု ပွဲတက်လို့  ဆိုပြီးတော့ ခေါင်းစဉ်တပ်ထားတာတွေ့ ရပါတယ်။တကယ်ကတော့ ကျမထင်တာ မဆိုင်ဘူး ထင်တယ်။ကျမလဲ၈၈၈၈ငွေရတုပွဲမှာ ဒံပေါက်တောင်သွားစားကြသေးတယ်။ နောက်ပြီး ကိုမင်းကိုနိုင်တို့ စကားပြောတာတွေတောင်နားထောင်ခဲ့ပါသေးတယ်။ကျမတစ်ယောက် ထဲမဟုတ်ပါ။ကျမလုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေလဲပါပါတယ်။

 ၈၈၈၈ငွေရတုပွဲတက် လို့ အလုပ်ဖြုတ်ကြေးဆိုရင် ကျမတို့ သူငယ်ချင်းတွေ အုပ်စုလိုက်ကြီး အလုပ်ဖြုတ်ခံရ မှာပေါ့။ အဲ့ဒီလို မဆိုင်ရာကို ခေါင်းစဉ်တက်တာကတော့ ၈၈၈၈ငွေရတုပွဲကိုကော၊ အဲ့ဒီဆရာမကို ခွင့်ရက်ကျော်လို့ အနားပေးလိုက်တဲ့ သူတွေအတွက်ကော မကောင်း ဖြစ်သွားစေပါတယ်။ ကျမတို့ မြန်မာစကားပုံလိုပေါ့။ "ထန်းသီးကြွေခိုက်၊ကျီးနင်းလိုက်ဆို သလို"သူ့ဟာသူခွင့် ရက်တွေကျော်လွန်ပြီးဝန်ထမ်းစည်းကမ်းဖောက်ဖျက်တာ၈၈၈၈ပွဲနဲ့  တိုက်သွားတော့ အံဝင်ဂွင်ကျဖြစ်သွားတာပေါ့။

 ကျမအနေနဲ့ ဆရာမအချင်းချင်း ကိုယ်ချင်းမစာလို့ ပြောတာ မဟုတ်ပါ။ကျမလဲ ၀န်ထမ်း တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေရင်းခွင့်ရရင်ပြန်ဖြစ်ပါတယ်။ ခွင့်ရက်စေ့လို့  ပြန်ခါနီးဆို ပြန်ဖို့ ကိုယ့်ကိုကိုယ် တွန်းအားပေးရတာ။ ခွင့်ရက်ကျော်မှာ စိုးရိမ်လို့ ပါ။ခွင့် ရက်ကျော်လွန်တာထက်ကျမတပည့်လေးတွေနဲ့ ကျမပြန်မရောက်ရင်ကျမအစားဝင်ပေး မယ့်ဆရာ/ဆရာမတွေရဲ့ စိတ်တွေကို တွေးရင်းနဲ့ အချိန်မှန်ရောက်အောင်ပြန်ရတာပါပဲ။ ကျမတို့လိုကျောင်း ဆရာမ၀န်ထမ်းတွေတင်မဟုတ်ပါဘူး။ဝန်ထမ်းတိုင်းမှာ တာဝန်ချိန် ပျက်ကွက်ရင် ဘာဖြစ်တယ်ဆိုတာသူ့ စည်းကမ်းနဲ့ သူ၊ သူ့ စည်းမျဉ်းနဲ့ သူ ရှိပါတယ်။

 လက်နက်ကိုင်အဖွဲ့ အစည်းတွေဆိုပိုတောင်ဆိုးပါတယ်။အခန့် မသင့်ရင်သေဒဏ်တောင် ကျနိုင်တဲ့တာဝန်ချိန်ပျက်ကွက်မှုစည်းကမ်းတွေရှိပါတယ်။ကျမတို့ နိုင်ငံသားတွေအတွက် လဲစိတ်မကောင်းတာတစ်ခုကတစ်ခုခုဖြစ်ပြီဆိုဘယ်လိုလုပ်စားမလဲ၊ဘယ်လိုအကြောင်း ပြရမလဲဆိုတာပဲတွေးတတ်ကြပြီး ပြသနာကိုရဲရဲတင်းတင်းဖြေရှင်းဖို့ ဝန်လေးနေတတ်ကြ ပါတယ်။အဲ့လိုတွေကြောင့်လဲ အခုလိုတွေဖြစ်နေတယ်လို့ ထင်ပါတယ်။ ကျမအနေနဲ့ အခုပြောချင် တာကတော့ အဲ့ဒီခွင့်ကျော်လွန်နေထိုင်ပြီး ၈၈၈၈ငွေရတုပွဲ တက်လို့ ဆိုပြီးခေါင်းစဉ်တက်ထားတဲ့ ဆရာမဒေါ်စိုးစိုးခိုင် အနေနဲ့ ကိုယ့် တာဝန်ကို ကိုယ်တိုင်ဖြေရှင်းသင့်ပါတယ်။

 ဆရာမအတွက် ၈၈၈၈ ငွေရတုပွဲကိုလဲ အကျည်းမတန် စေချင်ပါ။ပညာရေးဝန်ကြီးဌာန ကိုလဲ တောင်းဆို ချင်တာကတော့ နောင်လဲ စည်းကမ်း မလိုက်နာတဲ့သူဆိုလျှင် စာရေးသူ ကျမကစပြီး ထိထိရောက်ရောက် အရေးယူပေးပါလို့ တောင်းဆိုပါရစေရှင်။သို့ မှသာလျှင် နိုင်ငံတော်မှ ပြုပြင်ပြောင်းလဲ လျှက်ရှိတဲ့ ပညာရေး စနစ်သည်လဲအမှန်တကယ်ထိရောက်မည်ဖြစ်ပါသည်။ ဒေါ်စိုးစိုးခိုင်အနေဖြင့်လဲ ကိုယ့် တာဝန်ကိုယ်ယူနိုင်သောဝန်ထမ်းကောင်းတစ်ယောက် ဖြစ်ပါစေကြောင်း ဆုတောင်းပေး လိုက်ပါ သည်။ ဒေါ်ခင်နွယ်ဦး(အ.ထ.ပြ) အမှတ်( )၊အခြေခံပညာအထက်တန်းကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး။

 မှတ်ချက်။ ။ပေးပို့ ဆရာမ၏ ကျောင်းအမှတ်နှင့် မြို့ နယ်များကိုလိုအပ်ချက် အရဖြုတ်ထားပေးပါသည်။

From:OE

www.mmdailystar.com

Posted by Arakan Man on 9/01/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ