Related Posts Plugin for WordPress, Blogger...

Miss Supranational ပြိုင်ပွဲမှ Title ဆုလေးဆုရ ခင်ဝင့်ဝါကို အရက်၊ ဆေးလိပ်၊ ဘီယာကြော်ငြာများ အား စာချုပ်ချုပ်ထားသည့် တစ် နှစ်အတွင်း ရိုက်ကူးခွင့်ပြုမည်မ ဟုတ်ကြောင်း Miss Supranational Myanmar အော်ဂနိုက် ဇေးရှင်းမှ သိရသည်။


"ကျွန်မတို့ အခုလို သူ့ကို ဆေးလိပ်၊ အရက်နဲ့ဘီယာကြော် ငြာတွေ မရိုက်ခိုင်းတာက မစ်မော် ဒယ်တစ်ဦးအနေနဲ့ ရှိသင့်ရှိထိုက် တဲ့ အရည်အချင်းတွေပျောက် ပျက်သွားမှာစိုးလို့ပါ။ တကယ်လို့ အစ်မတို့နဲ့စာချုပ်ချုပ်ထားတာ ပြည့်ပြီးသွားရင်တော့ သဘော ပေါ့နော်။ အစ်မကအခု သူဆုယူ ပြီး ပြန်လာတော့လဲ သိပ်ဝမ်းသာ တယ်။
အချိန်ကလဲသိပ်မရဘူးဆို တော့လေ။ ဘာပဲဖြစ်ဖြစ် အခု လို MISS တွေကိုမွေးထုတ်ပေး ပြီး နိုင်ငံတကာကိုယှဉ်ပြိုင်နိုင် တာက မြန်မာကိုကမ္ဘာက သိ အောင်ဆို တဲ့စိတ်နဲ့ပါ''ဟု ယင်းအဖွဲ့အစည်းမှ မဖူးဝေခိုင်ကပြောသည်။

Miss Supranational အော် ဂနိုက်ဇေးရှင်းအဖွဲ့သည် နှစ်စဉ် နှစ်တိုင်း မော်ဒယ်များကို မွေး ထုတ်ပေးမည်ဖြစ်ပြီး ယင်းမှရရှိ သည့် အကျိုးအမြတ်များအား မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြား ၌ ပရဟိတလုပ်ငန်းများကို တတ် နိုင်သလောက် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အော်ဂနိုက်ဇေး ရှင်းမှာ ၂၀၁၃ခုနှစ် မေလပိုင်းမှ စတင်ပြီး လူငယ်များဖြင့်ဖွဲ့စည်း ထားသည့် အဖွဲ့တစ်ခုဖြစ်ကာ မြန်မာနိုင်ငံမှ ကိုယ်စားပြုယှဉ် ပြိုင်သည့် ခင်ဝင့်ဝါသည် Miss Internet, Most Beautiful Girl In The World, People Choice Award, Face of Miss Supranational များရရှိခဲ့ခြင်း ဖြစ်သည်။


From: Yangon Media Group

www.mmdailystar.com

Posted by Arakan Man on 9/11/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ