Related Posts Plugin for WordPress, Blogger...

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်မှုစနစ် ရှိခဲ့သော်လည်း ယခုအခါ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းနေပြီ ဖြစ်သောကြောင့် စစ်တပ်၏ အခန်းကဏ္ဍကို လျော့ချထားပြီ ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ် ယင်လတ်ခ်ရှင်နာဝပ်ထရာနှင့် စက်တင်ဘာ ၁၇ ရက်က ဘန်ကောက်မြို့ရှိ အစိုးရ အိမ်တော်၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

ထို့ပြင် မိမိတို့နိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှုအပေါ် အာမခံချက် ပေးကြောင်းနှင့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားသည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမှုတွင် အရပ်သားများ၏ အခန်းကဏ္ဍသည် ပိုမိုပါဝင် လာကြောင်းလည်း ၎င်းကပြောကြားသည်။

ထို့ပြင် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၁ ခုနှစ်က စတင်ပြီး ဒီမိုကရေစီစနစ်ဖြင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိရာ တပ်မတော် အနေဖြင့် အောင်မြင်အောင် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆက်လက် တိုးတက်ရန်သာရှိပြီး နောက်ဆုတ်ရန် မရှိဟု ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၁၈ ရက် မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့်ခဲ့သည်။
နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အကြီးတန်း အရာရှိကြီးများ တွေ့ဆုံဆွေးနွေးသည့် ပထမအကြိမ် အဆင့်မြင့် ကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

နှစ်နိုင်ငံအကြား နယ်နိမိတ် အတိအကျ သတ်မှတ်ရန် ကျန်ရှိနေသေး မှုများကိုလည်း အမြန်ဆုံး အပြီးသတ် ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းမှုအပေါ် ၀န်ကြီးချုပ်ယင်လတ်ခ်က သဘောတူညီခဲ့ကြောင်း သိရသည်။
သမ္မတဦးသိန်းစိန် အနေဖြင့် ထိုင်းနိုင်ငံနှင့် လုပ်ဆောင်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အရေးကြီးမှုကို လက်ခံထားပြီး အဆိုပါစီမံကိန်း အောင်မြင်စွာ ပြီးမြောက်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဝန်ကြီးချုပ်ယင်လတ်ခ်က ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ကြီးမားသည့် စီမံကိန်းဖြစ်ခြင်းနှင့် မိမိတို့နှစ်နိုင်ငံ အစိုးရများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ပြန်လည် ပြောကြားသည်။

ထို့ပြင် သမ္မတဦးသိန်းစိန် အနေဖြင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော မြန်မာနိုင်ငံမှ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား များနှင့်ပတ်သက်သည့် ပြဿနာကို ပူးပေါင်းဆောင်ရွက် လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဝန်ကြီးချုပ် ယင်လတ်ခ်ကလည်း စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ငန်းများနှင့် နယ်စပ် ကုန်သွယ်ရေးတို့ကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်လိုကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။

ယခုကျင်းပသည့် ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပူးတွဲသဘာပတိ အဖြစ် ဆောင်ရွက်ကာ နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါး နှိမ်နှင်းရေးနှင့် တရားမ၀င် ရွှေ့ပြောင်း အလုပ်သမားများ အရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
From:EMG

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ