Related Posts Plugin for WordPress, Blogger...




မြေမြှုပ်မိုင်းဒဏ် ခံထားခဲ့ရသော တပ်မတော်သား တစ်ဦးအား တွေ့ရစဉ်

ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ကရင်လက်နက်ကိုင် အဖွဲ့အားလုံးက ယာယီရပ်ဆိုင်း ထားကြောင်း သိရသည်။
လက်ရှိအချိန်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး အခြေအနေပေါ် မူတည်၍ မြေမြှုပ်မိုင်း ရှင်းလင်းရေး အစီအစဉ်ကို လုပ်ဆောင် သွားမည်ဖြစ်ပြီး လတ်တလော အနေဖြင့် KNU ထိန်းချုပ်နယ်မြေများတွင် မြေမြှုပ်မိုင်း ရှင်းလင်းရန် အစီအစဉ် မရှိသေးကြောင်း တရားဝင် ပြောကြားထားသည်။
ထို့အတူ ယခင် DKBA ကလို့ထူးဘော ကရင်အမျိုးသား တပ်မတော်ကလည်း မြေမြှုပ်မိုင်း ရှင်းလင်းရေး အစီအစဉ်ကို ယာယီရပ်နား ထားကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း ဒေသအချို့၌ မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းကို ပြီးခဲ့သည့် ဇွန်လအတွင်းက တပ်မတော်နှင့် ကရင်လက်နက်ကိုင် အဖွဲ့အချို့က လုပ်ဆောင်ခဲ့ရာ ဇွန်လတွင် တစ်ကြိမ်၊ ဇူလိုင်လတွင် တစ်ကြိမ်၊ သြဂုတ်လတွင် တစ်ကြိမ် ရှင်းလင်းရေး လုပ်ဆောင်ခဲ့သူများ မိုင်းထိပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ ပြီးနောက် မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများကို ယာယီရပ်နားခဲ့ခြင်း ဖြစ်ကာ တပ်မတော်မှ ကရင်ပြည်နယ်အတွင်း ပြည်သူလူထုများ စိတ်ချမ်းသာစွာ သွားလာလုပ်ကိုင် နိုင်ရေးအတွက်   မြေမြှုပ်မိုင်း ရှင်းလင်းရေးကို ဆက်လက်လုပ်ဆောင်လိုသော်လည်း 
ကရင်လက်နက်ကိုင်အဖွဲ့ များမှ မိမိတို့ထောင်ခဲ့သောမိုင်းအား  ပြန်လည်တူးဖော်ရမည် ကို ကြောက်ရွံ့နေကြသဖြင့်   မြေမြုပ်မိုင်းရှင်းလင်းရေးမှာ ရပ်တန့်နေရကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း တပ်စွဲခဲ့ကြသော လက်နက်ကိုင် အဖွဲ့များအားလုံး  မြေမြှုပ်မိုင်းကို ကျယ်ပြန့်စွာ 
အသုံးပြုခဲ့ကြသောကြောင့် မြေမြုပ်မိုင်းအများဆုံးနိုင်ငံများစာရင်းတွင်လည်းဖော်ပြခြင်းခံခဲ့ရပြီး 
အထက်ပါကိစ္စနှင့် ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှလည်း မြေမြုပ်မိုင်းအသုံးပြုမူအား ပြစ်တင်
ဝေဖန်ခဲ့သေးသည်။
ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး အစီအစဉ်များကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် NGO အဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးမှုများ ရှိနေသော်လည်း ယင်းကဲ့သို့ ပူးပေါင်းလုပ်ဆောင်မည့် အစီအစဉ်မှာ အကောင်အထည် ပေါ်မလာသေးကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း    မြေမြှုပ်မိုင်း   ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရန် အကောင်အထည်ဖော်နေ သဖြင့် ဒေသခံပြည်သူလူထုများမှ ၀မ်းသာနေကြသည့်အချိန်တွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများမှ လက်မခံသဖြင့် ၄င်းတို့၏ရပ်တည်မှုအား ကရင်ပြည်သူအများမှ မေးခွန်းထုတ်နေကြကြောင်းသိရသည်။
From: Eleven

www.mmdailystar.com

Posted by Arakan Man on 9/19/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ