Related Posts Plugin for WordPress, Blogger...

Photo: ဗမာကျပ် ရခိုင်ပြား....................
Credit to- Aung Myo Thu
ဗမာတွေက ပစ်ဆံရေတွက်တဲ့ နေရာမာ ဘာဖြစ်လို့ ကျပ် အဖြစ်ရေတွက်ရသလဲ။ ရခိုင်တွေက ပစ်ဆံရေတွက်ရင် ပြား အဖြစ် ဘာလို့ရေတွက်ရသလဲ။ ဗမာတွေ ဒင်္ဂါးခတ်နှိပ်တာ ဘယ်တုန်းက စလဲ။ ရခိုင်တွေရော ဒင်္ဂါးခတ်နှိပ်တာ ဘယ်တုန်းက စလဲ။ သမိုင်းအထောက်ထားအရ ဟိုးရှေ့ ပုဂံခောတ် အင်းဝခောတ် ဗမာဘုရင်တွေ ဟာ ဒင်္ဂါး ခတ်နှိပ် မသုံးစွဲ့ခဲ့ဘူး။ ပစ္စည်းချင်း ဖလှယ်သုံးစွဲခြင်း။ ခဲတွေကို အလေးချိန်ကျပ်သား အဖြစ်သုံးစွဲခဲ့တယ်။ ဗမာဘုရင်ဘိုးတော်မောင်ဝိုင်း ရခိုင်ပြည်ကို သိမ်းပြီးတဲ့ နောက် ရခိုင်ဘုရင်တွေ ရဲ့ တန်းခိုးအာဏာစက်ကို ဒင်္ဂါး ခတ်နှိပ်မူနဲ့ ဖေါ်ပြတတ်ခြင်းကို အတုယူပြီးတော သူ့လက်ထက်မှ စတင်ပြီး ဒင်္ဂါး ခတ်နှိပ် သုံးစွဲခဲ့တယ်။ ဒင်္ဂါး ခတ်နှိပ်တဲ့ နေရာမှာ ရခိုင်ဘုရင်တွေ ခတ်နှိပ်သလို ဒင်္ဂါးပြား၊ (ရခိုင်တွေ အခေါ် ဒင်္ဂါးပြား၊ မူးခတ်၊ မတ်ခတ်၊ ငါးပြားခတ်) တစ်မျိုးတဲ မဟုတ်ပဲ။ ဒင်္ဂါးကျပ် နဲ့ ဒင်္ဂါးပြား နှစ်မျိုး ခတ်နှိပ်ခဲ့တယ်။ ဒင်္ဂါးတစ်ကျပ်တွင် ဒင်္ဂါးပြား တစ်ရာ နဲ့ အညီသတ်မှတ်ပြီး ခတ်နှိပ်ခဲ့တယ်။ ဒင်္ဂါးကျပ်ထုတ်လုပ်ခြင်းဟာ ဗမာပြည် အတွက် ခတ်နှိပ်ခြင်းဖြစ်ပြီး ဒင်္ဂါးပြား ခတ်နှိပ်ခြင်းဟာ ထိုအချိန်တုန်းက ဘိုးတော် မောင်ဝိုင်းသိမ်းပိုက်ထားခဲ့တဲ့ ကိုလိုနီ နယ်တွေ အတွက်ဖြစ်တယ်။ ဂျပန်တွေ ဒုတိယ ကမ္ဘာစစ်တုန်းကကိုလိုနီနယ်တွေအတွက် ငွေစက္ကူထုတ်ပြီး ကိုလိုနီ နယ်တွေထဲက ပစ္စည်းဝယ်သလိုပေါ့။ ဒါပေမယ့် ဗမာပြည်သူတွေဟာ ဒင်္ဂါး မသုံးစွဲတတ်ဘူး။ ဒါကြောင်း ဟိုးအယင် မိရိုးဖလာ သုံးလာတဲ့ ခဲသားတွေကို အလေးချိန် ကျပ် သား လုပ်ပြီး သုံးစွဲခဲ့တယ်။ ဒုတိယ အကြိမ် မင်းတုန်းမင်း ခောတ်မှာ ခတ်နှိပ်ခဲ့တယ်။ ဗမာတွေ မိရိုးဖလာ သုံးစွဲလာတဲ့ ခဲကျပ် အလေးချိန်ကို ဆက်ခံတဲ့ အနေနဲ့ ဒီကနေ့ ထုတ်လုပ်ထားတဲ့ မြန်မာပစ်ဆံထဲမှာ ကျပ် အဖြစ် ရေတွက် ရခြင်းဖြစ်တယ်။ ရခိုင်တွေဟာ ဝေသာလီခောတ်ကနေ ဒင်္ဂါးခတ်နှိပ်မူကို စတင်ပြီး လေးမြို့ခောတ်၊ မြောက်ဦးခောတ် အဆက်ဆက် (လွန်ခဲ့တဲနှစ်ပေါင်း ၁၅၀၀ လောက်ကတည်းက) ဒင်္ဂါးပြား ခတ်နှိပ်သုံးစွဲခဲ့တယ်။ ဒါကြောင်း ဒီကနေ့ အချိန်ထိ ပစ်ဆံရေတွက်ရင် ၁ ကျပ် ၂ ကျပ် ခေါ်ရမှာ နှုတ်မကျိုးသေးပဲ။ တစ်ပြား နှစ်ပြားဆိုပြီး ရေတွက်နေကြခြင်းဖြစ်တယ်။
ဗမာတွေက ပစ်ဆံရေတွက်တဲ့ နေရာမာ ဘာဖြစ်လို့ ကျပ် အဖြစ်ရေတွက်ရသလဲ။ ရခိုင်တွေက ပစ်ဆံရေတွက်ရင် ပြား အဖြစ် ဘာလို့ရေတွက်ရသလဲ။ ဗမာတွေ ဒင်္ဂါးခတ်နှိပ်တာ ဘယ်တုန်းက စလဲ။ ရခိုင်တွေရော ဒင်္ဂါးခတ်နှိပ်တာ ဘယ်တုန်းက စလဲ။ သမိုင်းအထောက်ထားအရ ဟိုးရှေ့ ပုဂံခောတ် အင်းဝခောတ် ဗမာဘုရင်တွေ ဟာ ဒင်္ဂါး ခတ်နှိပ် မသုံးစွဲ့ခဲ့ဘူး။ ပစ္စည်းချင်း ဖလှယ်သုံးစွဲခြင်း။ ခဲတွေကို အလေးချိန်ကျပ်သား အဖြစ်သုံးစွဲခဲ့တယ်။ ဗမာဘုရင်ဘိုးတော်မောင်ဝိုင်း ရခိုင်ပြည်ကို သိမ်းပြီးတဲ့ နောက် ရခိုင်ဘုရင်တွေ ရဲ့ တန်းခိုးအာဏာစက်ကို ဒင်္ဂါး ခတ်နှိပ်မူနဲ့ ဖေါ်ပြတတ်ခြင်းကို အတုယူပြီးတော သူ့လက်ထက်မှ စတင်ပြီး ဒင်္ဂါး ခတ်နှိပ် သုံးစွဲခဲ့တယ်။
 ဒင်္ဂါး ခတ်နှိပ်တဲ့ နေရာမှာ ရခိုင်ဘုရင်တွေ ခတ်နှိပ်သလို ဒင်္ဂါးပြား၊ (ရခိုင်တွေ အခေါ် ဒင်္ဂါးပြား၊ မူးခတ်၊ မတ်ခတ်၊ ငါးပြားခတ်) တစ်မျိုးတဲ မဟုတ်ပဲ။ ဒင်္ဂါးကျပ် နဲ့ ဒင်္ဂါးပြား နှစ်မျိုး ခတ်နှိပ်ခဲ့တယ်။ ဒင်္ဂါးတစ်ကျပ်တွင် ဒင်္ဂါးပြား တစ်ရာ နဲ့ အညီသတ်မှတ်ပြီး ခတ်နှိပ်ခဲ့တယ်။ ဒင်္ဂါးကျပ်ထုတ်လုပ်ခြင်းဟာ ဗမာပြည် အတွက် ခတ်နှိပ်ခြင်းဖြစ်ပြီး ဒင်္ဂါးပြား ခတ်နှိပ်ခြင်းဟာ ထိုအချိန်တုန်းက ဘိုးတော် မောင်ဝိုင်းသိမ်းပိုက်ထားခဲ့တဲ့ ကိုလိုနီ နယ်တွေ အတွက်ဖြစ်တယ်။ 
ဂျပန်တွေ ဒုတိယ ကမ္ဘာစစ်တုန်းကကိုလိုနီနယ်တွေအတွက် ငွေစက္ကူထုတ်ပြီး ကိုလိုနီ နယ်တွေထဲက ပစ္စည်းဝယ်သလိုပေါ့။ ဒါပေမယ့် ဗမာပြည်သူတွေဟာ ဒင်္ဂါး မသုံးစွဲတတ်ဘူး။ ဒါကြောင်း ဟိုးအယင် မိရိုးဖလာ သုံးလာတဲ့ ခဲသားတွေကို အလေးချိန် ကျပ် သား လုပ်ပြီး သုံးစွဲခဲ့တယ်။ 
ဒုတိယ အကြိမ် မင်းတုန်းမင်း ခောတ်မှာ ခတ်နှိပ်ခဲ့တယ်။ ဗမာတွေ မိရိုးဖလာ သုံးစွဲလာတဲ့ ခဲကျပ် အလေးချိန်ကို ဆက်ခံတဲ့ အနေနဲ့ ဒီကနေ့ ထုတ်လုပ်ထားတဲ့ မြန်မာပစ်ဆံထဲမှာ ကျပ် အဖြစ် ရေတွက် ရခြင်းဖြစ်တယ်။ ရခိုင်တွေဟာ ဝေသာလီခောတ်ကနေ ဒင်္ဂါးခတ်နှိပ်မူကို စတင် ပြီး လေးမြို့ခောတ်၊ မြောက်ဦးခောတ် အဆက်ဆက် (လွန်ခဲ့တဲနှစ်ပေါင်း ၁၅၀၀ လောက်ကတည်းက) ဒင်္ဂါးပြား ခတ်နှိပ်သုံးစွဲခဲ့တယ်။ ဒါကြောင်း ဒီကနေ့ အချိန်ထိ ပစ်ဆံရေ တွက်ရင် ၁ ကျပ် ၂ ကျပ် ခေါ်ရမှာ နှုတ်မကျိုးသေးပဲ။ တစ်ပြား နှစ်ပြားဆိုပြီး ရေတွက်နေကြခြင်းဖြစ်တယ်။
 
Credit to- Aung Myo Thu 

Posted by Unknown on 9/14/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ