Related Posts Plugin for WordPress, Blogger...

စာပေပရိယတ် ကျမ်းဂန်တတ်မှ မြင့်မြတ်ပေသည် ကြံတွေးရည်၍
ထိုဤ မြို့သို့ သားတော်ပို့သည်
လွမ်းလို့နေရပါတယ်ဘုရား။

ဖခမည်းနှင့် သားကြီးမယ်တော်
လွှမ်းခါမျှော်လည်း
ပေါ်လာလိမ့်နိုး လာလိမ့်နိုးနဲ့
လက်ချိုးရေတွက် နေရပါတယ်ဘုရား။


ကလေးအများ ချောင်းလျှိုကြားမှာ
ငါးရှာ ဖားလိုက် ကစားလိုက်နဲ့
ငယ်ကချိန်လေး စာနဲ့ဝေးသည်
တွေးရင်း ရင်လေးနေရပါတယ်ဘုရား။

ရပ်သူ ရွာသား လူအများမှာ
တရားရေအေး တိုက်ကျွေးမဲ့သူ
မရှိမူ၍
လူသည် လူ့အသိ မရှိကြတော့ပါဘုရား။
သားတော်ငယ်ပေါင်း
ရွာကကျောင်းမှာ
ကျောင်းသားကိုပင် မတွေ့မြင်ရ
ကိုရင်ဘယ်မှာ ဖြစ်ထွန်းပါလိမ့်
သာမဏေ၀ါဝင်း မရှိလျင်းသော်
ရဟန်းဘယ်မှာ ဖြစ်ထွန်းပါလိမ့်

ပင်သာသက်သက်
ခက်လက်မဖြာ သာသနာသည်
တွေးရင်း ရင်လေးနေမိပါတယ်ဘုရား။
သာသနာရင်းမြစ် တောမှဖြစ်လျက်
တောပစ်မြိုပေါ် သားတော်ပျော်က
တော်မတော်ပင် ကြံတွေးဆင်ရန်
လျင်လျင်မြန်မြန် တောရပ်ထံသို့
ပန်လာခဲ့ပါ သားတော်မောင်ပဉ္ဖင်းဘုရား။


Posted by Arakan Man on 9/14/2013
categories: | edit post

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ