Related Posts Plugin for WordPress, Blogger...

Photo: မဒေးကျွန်း ဆန္ဒပြမှုတွင် ဦးဆောင်သူ ၁၀ ဦးကို ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းအပေါ် ဒေသခံ ၄၀၀ ခန့် ကန့်ကွက်ဆန္ဒပြ

မဒေးကျွန်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းအတွက် မဒေးကျွန်း ရေနက်ဆိပ်ကမ်း CNPC ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ၁၀ ဦးကို ပုဒ်မ ၁၈ ဖြင့် ကျောက်ဖြူ တရားရုံးက စက်တင်ဘာ ၂၆ ရက်တွင် ထောင်ဒဏ် သုံးလစီ စီရင်ချက် ချခဲ့ခြင်းအပေါ် ဒေသခံ ၄၀၀ ခန့်က ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

ကိုထွန်းကြည် အပါအ၀င် ခေါင်းဆောင် ၁၀ ဦးမှာ ယခုနှစ် ဧပြီ ၁၈ ရက်က China National Petroleum (CNPC) ကုမ္ပဏီအပေါ် သိမ်းဆည်းလယ်ယာ မြေများအား နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ လျော်ကြေးပေးရန်၊ မဒေးကျွန်းဒေသ ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊ ရေလုပ်သားများ လွတ်လပ်စွာ ငါးဖမ်းဆီးခွင့်ပေးရန် အစရှိသည့် တောင်းဆိုချက် ကိုးချက်ကို သက်ဆိုင်ရာမှ ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်ရာမှ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခေါင်းဆောင် ၁၀ ဦးအား ကျောက်ဖြူမြို့နယ် တရားရုံးက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ထောင်ဒဏ်သုံးလ ချမှတ်ခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းကို ဒေသခံ ၄၀၀ ခန့်က ကန့်ကွက်ခဲ့ကြပြီး ခေါင်းဆောင် ၁၀ ဦးအား ပြန်လွှတ်ပေးရေးနှင့် ပုဒ်မ ၁၈ အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ကျခံ ရမှုအပေါ် မကျေနပ်သဖြင့် ဒေသခံများ ဆန္ဒပြနေကြစဉ်
 
0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ