Related Posts Plugin for WordPress, Blogger...

Photo: နိုင်ငံတစ်ဝန်းရှိ အိမ်ရာမဲ့များကို ပြည်လုံးကျွတ် သန်းခေါင်စာရင်း သီးသန့်ကောက်ယူမည်

နိုင်ငံတစ်ဝန်းရှိ အိမ်ခြေရာခြေ မဲ့များကို ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် သီးသန့် ကောက်ယူမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန လက်အောက်ရှိ ပြည်သူ့အင်အား ဦးစီးဌာနမှ သတင်းရရှိသည်။

ထို့ပြင် နေရာဒေသ အသီးသီးရှိ ကျူးကျော်နေထိုင် သူဖြစ်ပြီး ယင်းတို့ရှိသော နေရာ၌ တွေ့သည့် နေရာတွင်ပင် ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ အနေနဲ့ သန်းခေါင်စာရင်း ကောက်ယူရေးမှာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အိမ်ခြေရာခြေမဲ့တွေ၊ ကျူးကျော်တဲတွေမှာ နေထိုင်တဲ့ သူတွေကိုပါ ကောက်ယူသွားမှာပါ။ တောင်းရမ်းစားသောက်တဲ့ သူတွေကို သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သီးသန့်တစ်ရက် သတ်မှတ်ပြီး ကောက်ယူသွားဖို့ ရှိပါတယ်။ ဘယ်နေ့ အတိအကျ ကောက်မလဲ ဆိုတာတော့ နည်းပညာပိုင်း ကျွမ်းကျင်တဲ့ သူတွေနဲ့ တိုင်ပင်ဆွေးနွေး နေတုန်းပါ။ သန်းခေါင်စာရင်း ရည်ညွှန်းချိန် ရက်တွေ မှာပဲ ကောက်ယူသွားမှာ ဖြစ်ပါတယ်'' ဟု ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာညီညီက ပြောကြားသည်။

အဆိုပါ ညွှန်ကြားရေးမှူးက ထိုသို့သန်းခေါင်စာရင်း ကောက်ယူရာတွင် နေ့တစ်နေ့ သတ်မှတ် ထားမည်ဖြစ်ပြီး ယင်းနေ့တွင်ပင် အိမ်ခြေရာခြေမဲ့များကို သန်းခေါင်စာရင်းအပြီး ကောက်ယူသွားမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

ထို့ပြင် စစ်တပ်များ ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် လုံခြုံရေး ကန့်သတ်မှု ရှိနေသဖြင့် တပ်တွင်းတာဝန်ခံများကို လ၀ကမှ သန်းခေါင်စာရင်း ကောက်ယူရေး သင်တန်းများပေးကာ ကောက်ယူစေမည် ဖြစ်ကြောင်းလည်း ဒေါက်တာညီညီ၏ ပြောကြားချက်အရ သိရသည်။

၂၀၁၄ ခုနှစ် မတ် ၂၉ ရက် ညသန်းခေါင်ယံ အချိန်ကို သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ် သတ်မှတ်ထားပြီး ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်ထိ စုစုပေါင်း ၁၂ ရက် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဆူးလေ စေတီအနီးရှိ အိမ်ခြေရာခြေမဲ့ တစ်ဦးကို သြဂုတ်လ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
 
0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ