Related Posts Plugin for WordPress, Blogger...

Photo: ရွှေဝါရောင် တော်လှန်ရေး အောက်မေ့ဖွယ် အခမ်းအနား မန္တလေးကျောင်းတိုက် ပေါင်းစုံမှ သံဃာတော် ၁၀၀၀ ခန့် တက်ရောက်

စက်တင်ဘာ ၂၆ ရက်က မန္တလေး၊ ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်တွင် ပြုလုပ်သော ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားသို့ အရပ်ဘက်လူမှု အဖွဲ့အစည်းအချို့ အပါအ၀င် မန္တလေးရှိ ကျောင်းတိုက်ပေါင်းစုံမှ သံဃာတော်အပါး ၁၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသော သံဃာတော်များက ရွှေဝါရောင် တော်လှန်ရေးတွင် ကျဆုံးခဲ့ရသော သံဃာတော် လူပုဂ္ဂိုလ်များအား ဆုတောင်းမေတ္တာ ပို့သခြင်း၊ သံဃာတော်များ အပါအ၀င် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရသော လူပုဂ္ဂိုလ်တို့ အကြောင်း ရိုက်ကူးထားသည့် ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းဗီဒီယိုကို ပြသခြင်း၊ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များမှ ရွှေဝါရောင် တော်လှန်ရေး အောက်မေ့ဖွယ် စကားကို ပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။

''၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဒီလိုအခမ်းအနားတွေ ပြုလုပ်တာက သမိုင်းကို မေ့ဖျောက်ဖို့ ကြိုးစားနေတဲ့ လူတွေရှိလို့ပါ။ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးရဲ့ သမိုင်းလည်း မေ့ဖျောက် ခံရပါတယ်။ သံဃာတွေကိုလည်း သေနတ်နဲ့တောင် ပစ်သတ်သေးတာ၊ ဒီသံဃာ့ သမိုင်းကိုလည်း မှေးမိန်အောင်လုပ်ဖို့ ၀န်လေးကြမှာ မဟုတ်ပါဘူး။ အဲဒါကြောင့်မို့လို့ အခုလို အစထုတ်ဖော်ပြီး လုပ်ရတာပါ။ သမိုင်းကို သိရတာဟာ တန်ဖိုးရှိပါတယ်။ မင်္ဂလာတစ်ပါးပါ'' ဟု ဘ၀အလင်း ဆရာတော် ဦးသောဘိတက မိန့်ကြားခဲ့သည်။

ထို့ပြင် ''ဒီလိုတော်လှန်ရေးတွေ၊ အရေးအခင်းတွေမှ မဟုတ်ပါဘူး။ လွတ်လပ်ရေး မရခင်အချိန်တွေ ကတည်းကလည်း သံဃာထုဟာ ပြည်သူထုရဲ့ရှေ့က အမြဲတမ်း အကာအကွယ် ပေးခဲ့ပါတယ်။ ရွှေဝါရောင် သံဃာ့အရေးအခင်းမှာလည်း သံဃာတော်တွေက ပြည်သူ့ရဲ့ရှေ့က အကာအကွယ်ပေးပြီး စစ်အာဏာရှင် စနစ်ကို တတ်နိုင်သလောက် တွန်းလှန်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘယ်လိုမှ ဖျောက်ဖျက်လို့မရတဲ့ သမိုင်းပါ'' ဟု ပခုက္ကူမြို့ရှိ သံဃာတော် တစ်ပါးကလည်း မိန့်ကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်တို့အပြင် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ခန့်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်တွင် ကျင်းပသည့် ရွှေဝါရောင် တော်လှန်ရေး ခြောက်နှစ်ပြည့် အခမ်းအနား

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ