From :
..messenger
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လွှတ်တော်နှင့်အစိုးရ ပွတ်တိုက်မှုများ ရှိနေကြောင်း ထုတ်ဖော် ပြောကြား လိုက်သည့် နောက်ပိုင်းတွင် မြန်မာ့အရေး အလေးထားသော အင်အားကြီးနိုင်ငံများ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါသည်။ စိုးရိမ်ပူပန်စွာဖြင့် အကဲခတ်လေ့လာမှုများ အရှိန်အဟုန် မြင့်မားလာခဲ့သည် ကိုလည်း တွေ့ရှိရပါသည်။ သမ္မတပြောကြားခဲ့သည့် ငြိမ်းချမ်းစွာဖြေရှင်းရေး ဆိုသော လမ်းကြောင်းအမှန် တစ်ကယ် ဖြောင့်ဖြောင့်တန်းတန်း ရှိနိုင်ပါ မည်လော။ မြန်မာ့နိုင်ငံရေးကြီး(၃)ကြ
ပေါက်ပင် ဘာကြောင့် ကိုင်း
ကြီး(၃)ကြီး၏ ဆက်စပ်မှုများကို လေ့လာဆန်းစစ် သုံးသပ်နိုင်သည့် အဖြေမှန် သည် ဒေါ်လာသန်း နှင့်ချီ၍ တန်ဖိုးရှိမည်မှာ အမှန်ပင်။ လတ်တလော မီဒီယာ များတွင် ပြည်သူ့လွှတ်တော်၌ တပ်မတော်သား ကိုယ်စားလှယ်များနှင့် အချေအတင် ဖြစ်ခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ
ပြင်ပ၌ ထွက်ပေါ်နေသော သတင်းများကို လေ့လာကြည့်သည့်အခါတွင် ကြံ့ခိုင်ရေးပါတီသည် အစုအဖွဲ့၊ အင်အားစုများ အနည်းဆုံး သုံးလေးဖွဲ့ ကွဲပြားနေကြောင်း တွေ့ရှိရပါသည်။ ကြံ့ခိုင်ရေးပါတီ သည် မြန်မာ့ တပ်မတော် ၏ Proxy အဖြစ် ဖြစ်တည်မှု ရှိခဲ့သော်လည်း သက်တမ်း(၂)နှစ်ခွဲ ကာလအလွန် တွင် ကျောထောက်နောက်ခံ အင်စတီကျူးရှင်းကြီးကို ပြန်လည်တိုက်ခိုက်လာသည့် သဘောမှာ တော်ရုံ တန်ရုံ နိုင်ငံရေးလေ့လာသူ တို့ နားလည်ရခက်ခဲနေစေပါသည်။ လက်ရှိ တပ်မတော်အရာရှိကြီးအချို့တိ
အမှန်မှာ တပ်မတော်သား ကိုယ်စားလှယ်များသည် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေဆန္ဒခံယူပွဲမှတစ် ဆင့် ပြည်သူလူထု၏ Mandate ဖြင့် တက်လာကြခြင်း ဖြစ်ပြီး ဦးမောင်တိုးအပါအဝင် ကြံ့ခိုင်ရေးကိုယ် စားလှယ်များမှာ ၂၀၁၀ ရွေးကောက်ပွဲများမှတစ်ဆင့် ပြည်သူလူထု၏ Mandate ဖြင့် တက်လာကြခြင်း ပင် ဖြစ်သည်ဟု သီအိုရီသမား တစ်ဦးက ဆိုပါသည်။ ယင်း၏ ပြောကြားလိုရင်း မှာ ၂၅% နှင့် ၇၅%၊ ၂၀၀၈ နှင့် ၂၀၁၀ အတူတူနှင့်အနူနူသာ ဟူ၍ ဖြစ်ပါ သည်။ ၂၀၁၂ ကြားဖြတ်မှာ သဘောအားဖြင့် မတူ ဟုလည်း ဆိုပါ သည်။ ဦးမောင်တိုး၏ ဧရာဝတီအင်တာဗျူး ပြောကြားချက်များကို အသေးစိတ် လေ့လာကြည့်လျှင် Right to Recall နောက်ကွယ်မှ အကြောင်းရင်းအချို့ အရိပ်အမြွက်မျှမကဘဲ အတော်များများ ပါဝင်နေပါသည်။ ဦးမောင်တိုး ကဲ့သို့သော တပ်မတော်သားဟောင်း ကြံ့ခိုင်ရေးကိုယ်စားလှယ်မျ
အခြေခံဥပဒေ တစ်ကယ် ပြင်ပေးမှာလား
ဒီနောက်ပိုင်းတွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးတည်း သီးသန့်တွေ့ဆုံသည့် သတင်း ထွက်ပေါ်လာရာ အမျိုးမျိုး ခန့်မှန်းနေကြပါသည်။ မည်သည့်အကြောင်းအရာများကို ဆွေးနွေး ခဲ့ကြကြောင်း မသိရှိရသော်လည်း လွှတ်တော်နှင့်အစိုးရ အားပြိုင်မှုမှာ မပါမဖြစ် ပါဝင်မည်ဟုလည်း မှန်းဆ နေကြပါသည်။ ဟံသာဝတီဦးဝင်းတင် ပြောကြားထားသလိုပင် ယခု အားပြိုင်မှု ကြီးမားနေသည်မှာ သမ္မတ ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့နှစ်ဦးအကြာ
အဆိုပါအဖြေမှန်ကို ကြာကြာ စောင့်ဆိုင်းရဖွယ် မရှိပါ။ အကြောင်းရင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ အဖြေထွက်လာပြီ ဆိုလျှင် သူရဦးရွှေမန်း၏ မဟာဗျူဟာကို တိတိကျကျ သိရှိလာကြပါ လိမ့်မည်။ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ကန့်သတ်ထားသော ပုဒ်မများကို ပြင်ဆင်နိုင်ရန် သူရဦးရွှေမန်းက စွမ်းဆောင်ပေးနိုင်ခဲ့လျှင်
လပေါင်း(၃၀)၊ မာယာပေါင်းအနန္တ
ဖွဲ့စည်းပုံအခြေခံဥပဒေကရော တစ်ကယ်ပြင်ဖို့ လိုအပ်နေပြီလား။ မကြာသေးခင်ကပင် လွှတ်တော်နှင့် နီးနီးကပ်ကပ် လုပ်ကိုင်ဆောင်ရွက် နေသည့် ဆရာကျော်ဝင်း၏ အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ သတိပေး ဆောင်းပါးတစ်ပုဒ် ထွက်ရှိလာခဲ့ပါသည်။ ပေးထားချက်ကို မူသေထား၍ ပုစ္ဆာတွက်ကြရန် ထိုသို့မဟုတ်ပါက ဒီမိုကရေစီနောက်ပြန်လှိုင်း အရိုက်ခံ ရမည်ကို အလေးထား သတိပေးခြင်း ဖြစ်သည် ဟု မှတ်ယူမိပါသည်။ ကြီး(၃)ကြီးအကြား အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရ
မှန်းဆရ အခက်ခဲဆုံးသော မာယာမှာ နိုင်ငံရေးသမားတို့၏ မာယာဖြစ် ပါသည်။ အခြေခံဥပဒေ ဘောင်အတွင်း ကပင် အကဲဆတ်သည်များအား အမာရှောင်-အပျော့တိုက်သည့် နည်းလမ်းကို စဉ်းစား ကြည့်ကြရန် လိုအပ်နေပါသည်။ မဖြစ်နိုင်မှန်းသိသိနှင့် အမှန်တရားဘက်တွင် မျက်စေ့ စုံမှိတ်ရပ်တည် သော နိုင်ငံရေးသမားတို့သည့် လက်ခုပ်သံတဖြောင်းဖြောင်း ရရှိမည့် အဘိဓမ္မာသမားများ ဖြစ်ကြပါသည်။ သို့ရာတွင် နိုင်ငံရေး ဆိုသည်မှာ ဖြစ်နိုင်ချေကို စားပွဲပေါ်တင်ရသည့် ကစားပွဲ ဖြစ်ပါသည်။ ၁၀၀ ပုံ ၁ ပုံ သာ လျှင် ဖြစ်နိုင်ချေရှိသည့်ဘက်ကို ပုံအောတော့မည် ဆိုလျှင် ခါးသီးသော ရလာဒ်များကို လက်ခံနိုင်ရဲ သော သတ္တိ လိုအပ်လာပါလိမ့်မည်။ (၂)နှစ်ခွဲသာ သုံးရသေးသော်လည်း အပြည့်အဝ အသုံးမချရသေး သည့် အခြေခံဥပဒေ တစ်ခုကို အသစ်ရေးဆွဲမည် ဟု ဆိုလျှင် နောက်ပြန်လှိုင်းတို့ ပြင်းပြင်းထန် ထန် ရိုက် ခတ်လာသောအချိန်ရောက်မှ နောင်တ မရကြစေလိုပါ။ အခြေခံ ဥပဒေတွင် ပေးထားသော ပေးထားချက် များ ကုန်စင်အောင် သုံးပြီးကြ ပါပြီလား။ ယခုပင်လျှင် Right to Recall ကို လွှတ်တော်ကိုယ်စားလှယ်များ က ပိတ်ပင်တားမြစ်ထားသည်ကို သတိပြုကြဖို့ လိုပါသည်။ အခြားသော အခွင့်အရေးများရော ရနေကြပါ ပြီလား စဉ်းစားကြဖို့ လိုပါသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုး၏ ပြောကြားချက်များသည် သူရဦးရွှေမန်း၏ သဘောထားကို ထင်ဟတ်နေသည် ဟု ယူဆမည်ဆိုလျှင် တပ်မတော်သားကိုယ်စားလှယ်မျာ
.. www.MyanmarExpress.net
0 comments