Related Posts Plugin for WordPress, Blogger...



ဒီကနေ့ မြန်မာ့နိုင်ငံရေးလောကမှာ ခေတ်စားလာတာကတော့ သူပုန်တွေရဲ့အခန်းကဏ္ဍပဲဖြစ်နေပါတယ်။ သူပုန်ဆိုတာဒီကနေ့မှပေါ်ပေါက်လာတာမဟုတ်ပါဘူး။ ပြောရယင်မြန်မာပြည်မှာ တစ်ပါတီအာဏာရှင်စနစ်မကျင့်သုံး ခင်ကတည်းက သူပုန်ဆိုတာ ပေါ်ပေါက်ခဲ့တာပါ။ လွတ်လပ်ရေးရပြီး ဦးနုခေတ်မှာဆိုရင် ရောင်စုံသူပုန်..ရန်ကုန်အစိုးရ ဆိုပြီးခေါ်ဝေါ်သမုတ်ခဲ့တာပါ။ လွတ်လပ်ရေးရပြီးစကာလက မြန်မာပြည်မှာ ဗမာလူမျိုးကြီးဝါဒတို့၊ တိုင်းရင်းသားတွေ တန်းတူရည်တူရှိရေးတို့ဆိုတဲ့စကားလုံးတွေလဲမပေါ်သေးပါဘူး။ ဒါပေမယ့်သူပုန်ဆိုတာကတော့ပေါ်နေပါပြီ။ အချို့က ဦးနုကိုအပြစ်ပြော အပုတ်ချချင်လို့ ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်လို့ ကချင်သူပုန် တွေပေါ်လာတာဆိုပြီးပြောဆိုကြပါတယ်။
ဒါကလျှောက်ပြောတာပါ။ ဗုဒ္ဓဘာသာ မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်တာ ဘယ်သူမှ ထိခိုက်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒီခေတ်မှာ အီရန်သမ္မတဖြစ်တဲ့သူတောင် သူတို့ရဲ့ ဘာသာရေးခေါင်းဆောင်ကြီးဆီမှာ ကျမ်းသစ္စာကျိန်ဆိုရတာပါပဲ။သူတို့တွေလက်နက်ကိုင်ချင်တာနဲ့ဗုဒ္ဓဘာသာကိုအကြောင်းပြလိုက်တာပါပဲ။အခုထက်ထိလဲအကြောင်းပြ ကောင်းနေကြဆဲပါပဲ။ လူမျိုးရေးတန်းတူရည်တူရှိမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမှုကနေအခုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်တစ်ခုရေးဆွဲဖို့ အထိလုပ်ဆောင်လာနေပါတယ်။ ပြောချင်တာက အစိုးရဘက်က တစ်ခုပေးလိုက် ရင် သူတို့က နှစ်ခုလိုချင်တယ်။ အစိုးရကနှစ်ခုပေးရင် သူတို့ကလေးခုလိုချင်ပါတယ်။
အခုလဲ နိုင်ငံတော်သမ္မတနဲ့ကာကွယ်ရေးဦးစီးချုပ်တို့ကိုယ်တိုင်က တစ်ဦးအပေါ်တစ်ဦးချစ်ကြည်လေးစားတဲ့ စိတ်ဓာတ်နဲ့သူပုန်ခေါင်းဆောင်အချို့ကိုခေါ်ယူတွေ့ဆုံ၊ ရင်းရင်းနှီးနှီးပြောဆိုကြတာတွေလုပ်ကြပါတယ်။ ဒီလိုမျိုး လုပ်ဆောင်တာတွေအပေါ် သူပုန်တွေဘက်ကဘယ်လိုသုံးသပ်သလဲဆိုရင် သူတို့ဟာအရမ်းကိုအရေးပါလာလို့ အစိုးရခေါင်းဆောင်တွေကိုယ်တိုင်က ဒီလိုမျိုးအလျော့ပေးလာတာလို့မြင်ကြပါတယ်။ အဲလိုမျိုးမြင်အောင် ဘေးတီး ပေးတဲ့သူတွေကလဲ ပေးကြလို့သာ အခုဆိုရင်သူပုန်တွေ စုပေါင်းပြီး ဖွဲ့စည်းပုံပြင်ဆင်ဖို့အထိလုပ်ဆောင်နေပါပြီ။
ဒါဟာငြိမ်းချမ်းရေးကိုပျက်အောင် တစ်ဖက်လှည့်နဲ့လုပ်နေတဲ့လုပ်ရပ်ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေသတ်မှတ်ပေးထားပြီး တိုင်း/ပြည်နယ်အလိုက်        ၀န်ကြီးချုပ်တွေခန့်ထားပေးပြီးဖြစ်ပါတယ်။ အမှန်ကန်ဆုံးစကားပြောရယင်လက်နက်မကိုင်တော့ဘဲ တိုင်းရင်းသား လူမျိုးတွေ အလိုက်ပြောချင်တာတွေလွှတ်တော်မှာ ပြောလို့ဆိုလို့ရနေပါပြီ။ကချင်မှာဆိုရင်လဲ ဒေါ်ဒွဲဘူ၊ ရှမ်းမှာဆိုရင် ဒေါ်နန်းဝါနု အစရှိသဖြင့်တိုင်းရင်းသားတွေအများကြီးပါ။ ဒီခြားထဲမှာ လူမျိုးစုအလိုက်ဝန်ကြီး တွေလဲ ရှိနေပါတယ်။ ကိုယ်ဒေသကိုယ့်လူမျိုးတွေအုပ်ချုပ်ခွင့်အတွက် ပထမခြေလှမ်းဟာ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါပြီး သားပါ။
အစိုးရဘက်ကအလျော့ပေးတာတွေများလေလေ သူပုန်တွေကနင်းလေလေဆိုတာ ဒီခေတ်ကျမှ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။သူတို့ခေတ်တုန်းကတည်းကရှိခဲ့တာလို့ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးကပြောဆိုပါတယ်။ ဟိုခေတ်တုန်း ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တုန်းကလဲဒီလိုပါပဲ။မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေတောင်းဆိုမယ်..။အစိုးရဘက်က မပေးနိုင်ရင်၊ မလိုက်လျောနိုင်ရင်တော့အစိုးရကငြိမ်းချမ်းရေးကိုလိုလားမှုမရှိဘူးဆိုပြီး သတင်းလွှင့်တော့တာပါပဲ။ အခုလဲ ဖွဲ့စည်းပုံအသစ်ရေးဆွဲတယ်ဆိုတာ မသိမသာစင်ပြိုင်အစိုးရတစ်ရပ်ထူထောင်လိုက်တာပါပဲလို့ ၀ါရင့်နိုင်ငံရေး သမားကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။
အဆုံးစွန်သော စကားပြောရရင် ဗိုလ်ချုပ်အောင်ဆန်းမသေဘဲနဲ့ အုပ်ချုပ်နေလဲသူပုန်ဆိုတာရှိနေမှာပါပဲတဲ့။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်ပြီး ချမ်းသာနေတဲ့သူတွေက လက်နက်ကိုင်တာကိုမစွန့်ချင်တော့တာမို့လို့ပြော ရတာလို့သူကပြောပါတယ်။မြန်မာပြည်မှာဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတဖြစ်လာရင်လဲသူပုန်ဆိုတာရှိနေမှာ ပါပဲတဲ့။အလောင်းအစားလုပ်ရဲတဲ့သူရှိရင်တောင်လောင်းလိုက်ချင်ပါတယ်တဲ့။တကယ်တော့ လက်နက်ကိုင်သူပုန်အဖွဲ့ တွေဟာ သူတို့လူမျိုးတွေကို ကိုယ်စားပြုတဲ့အဖွဲ့မဟုတ် ပါဘူး။ လူမျိုးတစ်မျိုးထဲမှာကို သူပုန်အဖွဲ့က တစ်ဖွဲ့မက ရှိနေတာပါ။ ဒါကြောင့် သူပုန်ဆိုတာ သူပုန်ပါပဲလို့ ၀ါရင့်နိုင်ငံရေးသမားကြီးတစ်ဦးရဲ့ သုံးသပ်ချက်ကို တင်ပြလိုက် ပါတယ်။
 

.. www.MyanmarExpress.net

Posted by Arakan Man on 9/14/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ