Related Posts Plugin for WordPress, Blogger...


နိုင်ငံတကာတို. ကုလသမဂ္ဂတို. ဆိုတဲ့အဖွဲ.တွေလည်း အခုမှပဲ နည်းနည်းပါးပါး သဘောပေါက်လာပုံ ရတယ်။

ဆီးရီယားမှာ ဖြစ်ပျက်နေတာတွေနဲ. ပတ်သက်ပြီး ဒီသတင်းပတ် စောစေားပိုင်းက ထွက်လာတဲ့ အစီရင်ခံစာမှာ လူမဆန် သတ်းဖြတ်မှု ရာဇ၀တ်မှု လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပစ်မှုတွေကို ဆီးရီးယားအစိုးရတပ် ဖက်ကရော ဆီးရီးယား အတိုက်အခံတွေဖက်ကာ ကိစ္စတုန်း သတ်ဖြတ်မှုတွေ လုပ်နေတယ်ဆိုတဲ့ အစီရင်ခံစာ ထွက်ခဲ့တာ မဟုတ်ပါလား။

ဒီတော့လည်း အော် မောင်မင်းကြီးသား နိုင်ငံတကာက ကျွမ်းကျင်သူဆိုသူများလည်း အခုမှပဲ သဘောပေါက်ရသလား သိကျသလားလို. မေးရမလိုပါ။

မဟုတ်ရင် လူ.အခွင့်အရေး ချိုးဖေါက်မှုတွေ မတရား သတ်းဖြတ်မှုတွေ ဖမ်းဆီးနှိပ်စက် ညှင်းပမ်းမှုတွေဆိုတာ အာဏာရ အစိုးရနှင့် အစိုးရ စစ်တပ်ကပဲ ကျူးလွန်သလိုလို အမြဲတမ်း တဖက်သတ်နဲ. စွပ်ဆွဲလေ့ရှိတာ မဟုတ်လား။

အခုတော့ နည်းနည်း သဘောပေါက်စ ပြုလာပြီလို.ဆိုရမည်။ လူမဆန်တဲ့ ညှင်းပမ်း သတ်ဖြတ်မှုတွေ ဖမ်းဆီးနှိပ်စက်မှုတွေဆိုတာ ဟိုဖက် ဒီဖက် လက်နက်ကိုင်အဖွဲ.တွေ လက်နက်အားကိုးနဲ. လက်နက်နဲ. အင်အားယူထားတဲ့သူတွေ လုပ်လေ့ လုပ်ထ ကျူးလွန်ကျတာ ဖြစ်တယ်။ တကယ် ခံရတာက သာမန် အရပ်သူ အရပ်သားတွေ ၂ဖက်စလုံးက ပြည်သူတွေသာ ဖြစ်ပါသည်။

အခုလည်း ကြည့်ပါလား ကချင်ပြန်မှာ ခလရ ၁၃၇ က အစိုးရ စစ်သားတစုကို KIA လက်ကိုင် သောင်းကျန်းသူတစုက လူမဆန်စွား မတရား ညှင်းပန်းနှိပ်စက်ပြီး သတ်ခဲ့တာ။ လည် လှီးပြီး ရင်ခွဲတဲ့ လုပ်ရပ်တွေဟာ အမျိုးသားရေးအတွက် ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် လူနည်းစု လူမျိုးစု အခွင့်အရေးအတွက် အမျိုးသား လွတ်မြောက်ရေးအတွက် လူအခွင့်အရေးနှင့် တန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ သူတွေရဲ့ မွန်မြတ်တဲ့ လုပ်ရပ်တွေလား။ မေးရမည် ဖြစ်ပါသည်။

ဒီလို လုပ်တာဟာ နိုင်ငံတကာ စစ်သုံ.ပန်းများဆိုင်ရာ ကျင့်ဝတ်နဲ.လည်း မညီဘူး သာမန် လူသားတဦးအနေဖြင့်တောင် စဉ်းစားရင် မလုပ်သင့်တဲ့ ရာဇ၀တ်မှု မတရား သတ်ဖြတ်မှုတာ ဖြစ်ပါတယ်။ လူစိတ်မရှိတဲ့ လူသား မဆန်တဲ့ ရာဇ၀တ်သားတွေ Criminals လက်နက်ကိုင် သူခိုး ဓားမြ လူဆိုးတွေနဲ. ဘာထူးလည်း။ လက်နက်ကိုင်ပြီး လက်နက်အားကိုးနဲ. သောင်းကျန်းနေတာနဲ. ဘာများ ထူးသလဲ ရှင်းပါသည်။

ဒီလိုရာဇ၀တ်မှုကိုကျူးလွန်တဲ့သူတွေကKIAအဖွဲ.ကဘယ်လိုအရေးယူမလဲ ဖြေရှင်းမလဲ ခေါင်းဆောင်ပိုင်းရဲ့ တကယ့် စေတနာအမှန်ကို စောင့်ကြည့်ရမည် ဖြစ်ပါသည်။ အခုလို လူမဆန်သည့် လုပ်ရပ်ကို ဘယ် လက်နက်ကိုင် အဖွဲ.အစည်းကပဲ ကျူးလွန် ကျူးလွန် အစိုးရ စစ်တပ်ကပဲ လုပ် လုပ်၊ တော်လှန်ရေး အမည်ခံ လက်နက်ကိုင် အဖွဲ.ကပဲ လုပ် လုပ်။ ပြည်သူ.စစ်ကပဲ လုပ်လုပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ.ကပဲ လုပ်လုပ် လုံးဝ ကို လက်မခံနိုင်ပါ။ နိုင်ငံရေး ထောက်ခံမှု မရရှိမှာ သူများ မကြိုက်မှာ စိုးပြီး ရေငုံ နှုတ်ပိတ်နေမည် မဟုတ်ပါ။

ဒါကြောင့် ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ စောင့်ကြည့်ပြီး မှန်မှန်ကန်ကန်နဲ. တရားသဖြင့် အရေးယူ အပစ် မပေးဘူး အပစ် ရှိသူတွေကို အရေးမယူဘူးဆိုလျှင်တော့ မကြာခင် နေပြည်တော်မှာ ကျင်းပမည့် တနိုင်ငံ လုံး ငြိမ်းချမ်းလက်မှတ်ရေးထိုးရေးပွဲကို လာပြီး တက်မည့် ဂွမ်မော်တို. အုပ်စုတွေကို တရားမျတရေးနှင့် ဥပဒေ စိုးမိုးရေးကို လိုလားတဲ့ ပြည်သူတွေက လှလှလေးနဲ. ပညာပေးဖို. လိုပါသည်။

အစိုးရနှင့် အတိုက်အခံ အဖွဲ.တွေက ဘာညာ အကြောင်းပြပြီး နှုတ်ဆိပ်နေမယ် ဘာသိဘာသာ လုပ်နေခဲ့ ရင်လည်း တာဝန်သိ ပြည်သူတွေက တရားဥပဒေနှင့်အညီ ဘယ်လို နေထိုင်ရသလဲဆိုတာ ဂွမ်မော် တို.အုပ်စု သိအောင် ပြရမည် ဖြစ်ပါသည်။

အခုလို ရဲဘော်တွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတဲ့သတင်းကျတော့ ပြည်ပသတင်းဌာနတွေ က လည်း မသိသလိုကျော်ပြီး သတင်းထုတ်လွှင့်ချင်းမရှိပဲ နော်အုံးလှ ထောင်ပြောင်းတဲ့ သတင်းကျတော့ တခမ်းတနားနဲ. သတင်းတွေ လွှင့်နေတာ အော် သတင်းဌာနက သတင်းထောက်တွေ လုပ်ပြီး ကိုယ့် အလုပ် ကိုယ်သိက္ခာကိုတော့ ငှဲ.ညှာဖို. လိုပါသည်။

တကယ့် ပြည်သူ လူထုက စိတ်ဝင်စားပြီး အရေးကြီးတဲ့ သတင်းမျိုးကျတော့ သတင်းမလုပ်ပဲ ဒေါ်စု ပိုလန်မှာ လမ်းဆင်းလျှောက်တဲ့ကိစ္စကိုတော့ သတင်းအဖြစ် လွှင့်ပေးတာ ကြားရတော့ အော် ပြည်ပရောက် သတင်းဌာနတွေရဲ့ Professionalism Ethic and Journalistic and editorial decision ကိုလည်း လေး စားလောက်ပါပေတယ်။ လေးစားလောက်ပါပေတယ်။
From: Udp Myanmar

www.mmdailystar.com

Posted by Arakan Man on 9/14/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ