Related Posts Plugin for WordPress, Blogger...

From : .. the voice


Photo:
အမေရိကန်ပြည်ထောင်စု၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့သည့် အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီသည် အီရန်သို့ ပြန်လည် ရောက်ရှိလာစဉ် ဆန္ဒပြသူများ၏ ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းကို ခံလိုက်ရကြောင်း လုံခြုံရေး အရာရှိများ၏ ပြောကြားချက်ကို CNN သတင်းဌာနက ရေးသားဖော်ပြသည်။

သမ္မတ ဟတ်ဆန်ရိုဟာနီကို ဖိနပ်ဖြင့် ပေါက်သူများမှာ အမေရိကန်ပြည်ထောင်စုနှင့် အီရန်အကြား တွေ့ဆုံ စကားပြောမည့် အစီအစဉ်ကို ဆန့်ကျင်သည့် ဆန္ဒပြအုပ်စုများ ဖြစ်ကြပြီး ၎င်းကို ထောက်ခံသူများကလည်း မြို့တော်တီဟီရန် လေဆိပ်သို့ လာရောက် ကြိုဆိုခဲ့ကြသည်ဟု အီရန်နိုင်ငံပိုင် Fararu သတင်းဌာနက ရေးသားဖော်ပြသည်။
“တီဟီရန် လေဆိပ်ကို သမ္မတရိုဟာနီ ရောက်ရှိလာချိန်မှာ သူ့ကိုထောက်ခံသူတွေရော၊ အမေရိကန်နဲ့ တွေ့ဆုံ စကားပြောမယ့် ကိစ္စကို မကျေနပ်သူတွေပါ စောင့်နေခဲ့ကြတာ” ဟု အီရန် လုံခြုံရေး အရာရှိတစ်ဦးက ပြောကြားသည်။

ဖိနပ်ဖြင့်ပေါက်မှု ဖြစ်ပွားပြီးနောက် ဟတ်ဆန်ရိုဟာနီသည် ထောက်ခံသူနှင့် ကန့်ကွက်သူများကြားမှပင် ကောင်းမွန်စွာ ထွက်ခွာသွားနိုင်ကြောင်း၊ သမ္မတကို တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုသို့ အမေရိကန်ပြည်ထောင်စုမှ အီရန်သို့ ပြန်လည် ရောက်ရှိလာချိန်တွင် ရာပေါင်းများစွာသော အီရန်ပြည်သူများက “ရိုဟာနီကို ကျုပ်တို့ထောက်ခံတယ်” ဟု ကျယ်လောင်စွာ အော်ဟစ်ပြောဆိုခဲ့ကြသည်။

လေ့လာစောင့်ကြည့်သူများ အဆိုအရ ဖိနပ်ဖြင့် ပေါက်ခဲ့သည့် ဆန္ဒပြအုပ်စုများ၏ နောက်ကွယ်တွင် သဘောထား တင်းမာသူ အီရန် နိုင်ငံရေးသမားများ ရှိနေပြီး ၎င်းတို့က အမေရိကန်ပြည်ထောင်စုနှင့် အီရန်အကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမည်ကို မလိုလားကြောင်း သိရသည်။

သဘောထား အလယ်အလတ်ရှိသူအဖြစ် သတ်မှတ်ပြောဆိုခြင်း ခံထားရသူ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်နေစဉ်အတွင်း အမေရိကန် သမ္မတအိုဘားမားနှင့် တယ်လီဖုန်းဖြင့် စကားပြောဆို ဆွေးနွေးခဲ့သည်။

ထိုသို့ အီရန်နှင့် အမေရိကန်သမ္မတတို့အကြား တိုက်ရိုက်စကား ပြောဆိုမှုမှာ ၁၉၇၉ ခုနှစ်နောက်ပိုင်း ကာလများအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

ဟတ်ဆန်ရိုဟာနီ၏ လတ်တလော ထုတ်ဖော်ပြောဆိုမှုများအရ အငြင်းပွားစရာ ဖြစ်နေသော အီရန် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ သဘောတူညီမှုများ ရရှိနိုင်မည်ဟု မျှော်လင့်ရကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

အနောက်နိုင်ငံများက အီရန်၏ နျူကလီးယား အစီအစဉ်သည် လက်နက် ထုတ်လုပ်ရန် ဖြစ်သည်ဟု ယုံကြည်ထားကြသော်လည်း အီရန်က ငြိမ်းချမ်းရေးအတွက်သာ ဖြစ်ကြောင်း ကြေညာထားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် ဖိနပ်ဖြင့် ပစ်ပေါက်မှုမှာ ယဉ်ကျေးမှုအရသော် လည်းကောင်း၊ ဘာသာရေးအရသော် လည်းကောင်း အလွန်အမင်း ရိုင်းပျသော အပြုအမူတစ်ခု ဖြစ်သည်။

Posted by Unknown on 9/30/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ