Related Posts Plugin for WordPress, Blogger...

ဘီလာရုစ်နိုင်ငံမှာ ကျင်းပတဲ့ Top Ten စာရင်းဝင်မော်ဒယ်ပြိုင်ပွဲ မှာ မြန်မာနိုင်ငံကိုယ် စားပြုဝင် ရောက် ယှဉ်ပြိုင်တဲ့ ခင်ဝင့်ဝါဟာနောက်ဆုံး ဆန်ခါတင်အဆင့်အထိ တက်လှမ်းနိုင်တဲ့အပြင်  Miss Internet, Most Beautiful Girl in the World, People Choice Award နဲ့ Face of Miss Supranational စတဲ့ဆုတွေကို ဆွတ်ခူးနိုင်ခဲ့သူတစ်ဦးပါ။

ဒီလိုဆုတွေကို ဆွတ်ခူးခဲ့တဲ့သူမ ဟာစက်တင်ဘာ ၈ ရက်မွန်းလွဲ ၁၂ နာရီကျော်မှာ အမိမြန်မာနိုင်ငံကို မျက်နှာပန်း လှလှနဲ့ပြန်လာ ခဲ့ပေမယ့်လည်း ခရီးရောက်မဆိုက်မှာဘဲသူမအနေနဲ့ ရှေ့ဆက်ပြီး ဒီလိုမော်ဒယ်ပြိုင်ပွဲတွေ ၀င်ပြိုင်တော့မှာ မဟုတ်တဲ့အကြောင်းကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။ ဘာကြောင့်လဲ၊ ဘာပြုလို့လဲ စတဲ့အတွေးပေါင်း များစွာကို အဖြေပေးထားတဲ့ ဒီအင်တာဗျူးလေးကို ဖတ်ရှုကြည့်ကြပါစို့လား။



ခင်ဝင့်ဝါအနေနဲ့ အခုလိုဆုတွေတပွေ့ကြီးနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာနိုင်ခဲ့ တဲ့ခံစား ချက်က ဘယ်လိုရှိလဲ။

အတိုင်းမသိပျော်မိပါတယ်။ ဟိုမှာ ပြိုင်ပွဲဝင်ကတည်းက ပြန်ချင်ခဲ့တာပါ။ မြန်မာနိုင်ငံကလူတွေနဲ့ တွေ့ ချင်စိတ်က အတိုင်းမသိပါပဲ။

ရရှိတဲ့ဝင်ငွေထဲက ၃၀ ရာခိုင်နှုန်း လှူဒါန်းမယ်လို့ သိရတယ်။ ဘယ်လိုနေရာတွေကို လှူဒါန်းဖို့ ရည်ရွယ် ထားလဲ။

ဟုတ်ပါတယ်။ Organization က အစ်ကိုတွေနဲ့ တိုင်ပင်ပြီးတကယ်လိုအပ်တဲ့နေရာတွေကို လှူဒါန်းဖို့ စဉ်းစားထားပါတယ်။

ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်စဉ်မှာ ဟိုကသတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ရတာရောရှိခဲ့လား။ တခြား အနုပညာနဲ့ ပတ်သက်တဲ့အလုပ်တွေ ပြောဆိုလုပ်ကိုင်ခဲ့တာတွေရော ရှိခဲ့လား။

မရှိပါဘူး။ Miss တွေက ပြိုင်ပွဲပြီးတာနဲ့ ချက်ချင်းတန်းပြန်ရမယ့်သူတွေရှိတာကြောင့် မြန်မြန်ပဲပြန်လာခဲ့ ရပါတယ်။

အခုပြိုင်ပွဲမှာ ကိုယ်ကဆုလေးဆု ရရှိခဲ့ပြီဆိုတော့ နောက်ထပ် Miss ပြိုင်ပွဲတွေ ထပ်မံယှဉ်ပြိုင်ဖို့ စဉ်းစားထားသေးလား။

Miss ပြိုင်ပွဲတွေ ထပ်မပြိုင်ဖြစ်တော့ပါဘူး။ မပြိုင်တော့ဘူးလို့လည်း ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ နောက်ထပ် သွားပြိုင်မယ့် သူတွေအတွက် ဘာတွေလိုအပ်လဲ။ လိုအပ်တာရှိရင် ကူညီပေးမှာပါ။ Miss Universe အတွက် ညီမကို ကမ်းလှမ်းတာမျိုးရှိတယ်။ ဒါပေမဲ့ ညီမအနေနဲ့ ၀င်မပြိုင်ဖြစ်တော့ဘူး။ Miss ပြိုင်ပွဲတွေ ၀င်မပြိုင်တော့ပေမယ့် အနုပညာအလုပ်တွေတော့ ဆက်လုပ်သွားမှာပါ။

ဘာကြောင့် Miss ပြိုင်ပွဲတွေ ထပ်မပြိုင်ဖို့ ဆုံးဖြတ်လိုက်တာလဲ။

ပညာရေးဘက်လည်း လုပ်ဖို့ရှိတာရယ်၊ နောက်ပြီးတခြားအနုပညာအလုပ်တွေ၊ ပရဟိတအလုပ်တွေပဲ ဆက်လုပ်ချင် တာကြောင့်ပါ။ တခြားတော့ ဘာမှမရှိပါဘူး။

ဒါဆို ခင်ဝင့်ဝါ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အနုပညာနဲ့ပတ်သက်တဲ့ အစီအစဉ်တွေရှိရင် လည်း ပြောပါဦး။

ကြော်ငြာတွေ ရိုက်မယ်။ rand Ambas- sador လုပ်ဖို့ ရှိလာခဲ့ရင်လည်း သေချာစဉ်းစားပြီးလုပ်ဖို့ အစီ အစဉ်ရှိပါတယ်။

ပရိသတ်အားပေးမှုအတိုင်းအတာက ခင်ဝင့်ဝါ မျှော်လင့်ထားတာနဲ့ ထပ်တူကျခဲ့လား။

အစက vote ပေးတဲ့နေရာမှာ နည်းနေသေးတယ်။ ညီမရဲ့ official voting မှာမဲရဖို့ မမျှော်လင့်ခဲ့မိပါဘူး။ အဲဒါက လည်း ညီမကိုချစ်တဲ့ပရိသတ်ကြီးကို စော်ကားတဲ့စိတ်နဲ့ တွေးမိတာမဟုတ်ပါဘူးနော်။ မြန်မာနိုင်ငံမှာ Credit\ Debit Card အွန်လိုင်းငွေချေစနစ်ဆိုတာမတွင်ကျယ်သလို နိုင်ငံတကာက နိုင်ငံသားတိုင်း မှာက Credit\ Debit Card အားလုံးမှာ ရှိကြတယ်လေ။ အဲဒါကြောင့် မမျှော်မှန်းရဲခဲ့တာပါ။ အခုညီမကို ချစ်တဲ့ ပြည်ပက မြန်မာပရိသတ်ကြီးတွေ က ညီမအတွက် ပိုက်ဆံတွေအကုန်ခံပြီး မဲပေးကြတဲ့အတွက် ညီမအတိုင်းမသိ ၀မ်းသာပျော်ရွှင်ရပါတယ်။

အခုရရှိခဲ့တဲ့ဆုတွေထဲမှာ ဘယ်ဆုကို အားရကျေနပ်ဆုံးလဲ။

Miss Internet ဆုကိုပါ။ မြန်မာနိုင်ငံက ကော်နက်ရှင်လည်း မကောင်းဘူး။ အဲဒီကြားထဲက vote တွေ ပေးကြတယ်။ ပရိသတ်အားပေးမှုနဲ့ တန်အောင်လည်း ညီမကြိုးစားခဲ့ပါတယ်။ ပရိသတ်ကပေးတဲ့ဆုဖြစ် တဲ့အတွက် ဒီဆုကို ပိုပြီးနှစ်သက်မိပါတယ်။

မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ခင်ဝင့်ဝါရဲ့သဘောထားကိုလည်း သိပါရစေ။

ညီမအသက်အရွယ်နဲ့ဆိုရင် ငယ်ပါသေးတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာမှမဝေဖန်ချင်ပါဘူး။

အခုအချိန်မှာ အားပေးခဲ့တဲ့ ခင်ဝင့်ဝါရဲ့ပရိသတ်တွေကို အပြောချင်ဆုံးစကားက ဘာများဖြစ်မလဲ။

ပရိသတ်အားပေးမှုနဲ့တန်အောင် ညီမဆက်ကြိုးစားသွားမှာပါ။ ပရိသတ်ကြီးက ညီမကို ဆက်လက်အားပေးစေချင် ပါတယ်။ ပရိသတ်ကြီးကုန်သွားတဲ့ပိုက်ဆံတွေ အလကားမဖြစ်ရအောင် ညီမဆုရတဲ့ငွေကို ပရဟိတလုပ်ပြီး လှူမှာပါ။ ညီမကို မျှော်လင့်ချက်အားမာန်တွေ၊ ယုံကြည်မှုတွေ၊ ပျော်ရွှင်မှုတွေ အမြဲအား ပေးနေတဲ့ပရိသတ်ကြီးရဲ့ကျေးဇူးကို ညီမ,မမေ့ပါဘူး။ နိုင်ငံနဲ့လူမျိုးအတွက် တာဝန်ကျေပွန်တဲ့ Miss Myanmar တစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေး ပါတယ်လို့ ပြောချင်ပါတယ်။

                  Profile
အမည်ရင်း   ခင်ဝင့်ဝါ
မိဘအမည်   ဦးလှဟန် + ဒေါ်ကြည်ကြည်ဆွေ
မွေးနေ့  စက်တင်ဘာလ ၂၁၊ ၁၉၉၄
ပညာအရည်အချင်း   တတိယနှစ် (ရုက္ခဗေဒ)

From:Mizzima

www.mmdailystar.com

Posted by Arakan Man on 9/10/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ