Related Posts Plugin for WordPress, Blogger...


မနေ့ ကရန်ကုန်၊ပြည်သူ့ လူမှုကွန်ရက်အဖွဲ့ရုံးခန်းမှာအပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ကျင်းပချီတက်ကြမယ်ဆိုတာ သိရပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ၀င်တွေကော ၊ပြည်တွင်းအဖွဲ့အစည်းများမှ အဖွဲ့ဝင်တော်တော်များများတက် လာကြ တာတွေ့ ရပါတယ်။

အစည်း အဝေးဆိုလို့ ဘာများလုပ်မလဲပေါ့။ယောင်လည်လည်နဲ့ သွားကြည့်မိတာ "တစ်နိုင်ငံ လုံးသင့်မြတ်"ဆိုတဲ့တီရှပ်တွေ၊စတစ်ကာတွေ၊ ခေါင်းစည်းတွေ ဖြန့် ဝေမယ်ဆိုတဲ့  အစည်း အဝေးဖြစ်နေမှန်းသိတယ်။အားလုံးဝေပြီးရင်ထုံးစံအတိုင်းစုပေါင်းလမ်းလျှောက် ကြမယ်ပေါ့။

အဲ့ဒီလိုလမ်းလျှောက်ချီတက်နိုင်ဖို့  သက်ဆိုင် ရာကိုလဲ ခွင့်ပြုမိန့် တင်ထားတယ်ဆိုပဲ။ ခွင့်ပြုမိန့် မရရင် တရားဥပဒေ အကြောင်း၊ စည်းကမ်း အကြောင်း တွင်တွင်ပြောလေ့ရှိကြတဲ့ နိုင်ငံရေးသမားများကစည်းကမ်းလိုက်နာကာခွင့်ပြုမိန့်မရလဲပဲလမ်းလျှောက်ချီတက်ကြမယ်လို့ သိရပါတယ်။


 လမ်းလျှောက်ချီတက်ရန်လည်းတီရှပ်ပေါင်း အထည်၈ထောင်ခန့် ၊စတစ်ကာပေါင်း ၄သောင်းခန့် နဲ့ နဖူးစည်း ၇ထောင်လောက်တောင် ဖြန့် ဝေသွားမယ်ဆိုပဲ။နိုင်ငံရေးသမားတွေ သုံးနေကျစကားဖြစ်တဲ့ နိုင်ငံတော်ကြီး ဆင်းရဲနေတယ်ဆို။ ဘာလို့ ပိုက်ဆံတွေကို အဲ့ဒီလို ပွဲတွေလုပ်ပြီးဖြုန်းနေကြတာလဲဆိုတာ စဉ်းစား လို့ မရဖြစ်နေတယ်။ ကျနော်တို့ နိုင်ငံက နိုင်ငံရေးသမားဆိုသူတွေက ပွဲတွေလုပ်တာလောက်ပဲ ၀ါသနာ ရှိကြပြီး တိုင်းပြည်အတွက် အလုပ်လုပ်ဖို့ ကျတော့ လက်တွန့် နေကြတယ်လို့ ထင်တယ်ဗျာ။ ပွဲတွေလုပ် ပြီး ငွေဖြုန်းဖို့ ဘယ်သူက ဘယ်လိုစပွန်ဆာတွေ ပေးပြီး လုပ်နေလဲဆိုတာ နိုင်ငံရေးလုပ်စားသူတွေ သိမှာပေါ့လေ။

အရင်အစိုးရလက်ထပ်မှာနိုင်ငံရေးလုပ်စားဆိုသူတွေက ပြည်တွင်းမှာနည်းပါးပြီး ပြည်ပကနေတစ်ဆင့် နိုင်ငံရေးလုပ်စားကြတယ်။အခုဒီမိုကရေစီ အစိုးရလက်ထပ်လဲပြောင်းကော ပြောင်းလဲ လာတာ က ပြည်တွင်း မှာ ၈၈မျိုးဆက်ကျောင်းသားဆိုသူတွေ၊ နိုင်/ကျဉ်း ဆိုသူတွေ စတဲ့ နိုင်ငံရေးလုပ်စားသူတွေများလာတယ်။နောက်ပြီးပြည်ပမှာအရင်ကနိုင်ငံရေးလုပ်စားနေသူတွေအခုချိန်မှာ ပြည်တွင်း ကို မျက်နှာပြောင်တိုက်ပြီး ၀င်ရောက်ကာ နိုင်ငံရေးဗိသုကာကြီးတွေကဲ့သို့ နေထိုင်ပြီး နိုင်ငံရေးလုပ်စားနေ ကြတာလဲ တွေ့ နေရပါတယ်။

နိုင်ငံတော်ကြီး ဘယ်လိုပဲ ပြောင်းလဲနေပါစေ။ နိုင်ငံရေးလုပ်စားသူတွေရဲ့ ပုံစုံကတော့ အခုအချိန်ထိ မပြောင်းလဲသေးတာ တွေ့ ရပါတယ်။ ကိုယ်နဲ့ ဆိုင်တဲ့ ပွဲတွေကော၊ မဆိုင်တဲ့ ပွဲတွေကောပြုလုပ်ကာပွဲကိုဗန်းပြပြီး စပွန်ဆာရှာ လုပ်စားနေကြတာ တိုင်းပြည်အတွက်လဲ အကျိုး မရှိစေသလို တိုင်းပြည်အနာဂတ်အတွက်လဲ အကျိုးရှိမည်မဟုတ် ပါ။ကျနော်မြင်နေ၊ တွေ့ နေ ရ သလောက်တော့ ခေါင်းစဉ်အမျိုးအမျိုးတပ်ပြီး ပွဲတွေလုပ်နေတာပဲ တွေ့ နေရပါတယ်။ဒါကြောင့် ကျနော် တို့ နိုင်ငံအနေဖြင့် အခုလို နိုင်ငံရေးသမားပွဲစားဆိုသူတွေ များပြားနေလျှင်ဖြင့် နောင် အနာဂတ် အတွက်တော့ ရင်လေးစရာ ဆိုတာပဲ တွေးမိပါသည်။

အခုပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ မှာ "တစ်နိုင်ငံလုံးငြိမ်းချမ်း"စာတမ်းပါ တီရှပ်တွေဝတ်၊ခေါင်း စည်းတွေစည်း၊ စတစ်ကာတွေကပ်ကာ လမ်းလျှောက်ချီတက်ကြမည့် ဂ၇ုနာရှင်လမ်းလျှောက်သူရဲကောင်းများကို ဝေဖန်အကြုံပြုချင်တာကတော့ မြန်မာနိုင်ငံသားများသင့်သင့်မြတ်မြတ်ဖြစ်နေကြပြီ ဖြစ်သည့်အတွက်  မသင့်မမြတ်ဖြစ်နေကြသော ဆီးရီးယားနိုင်ငံ သို့  သွားရောက်ကာဆုတောင်းလမ်းလျှောက်ကြပါ လို့ အကြံပြုပါရစေ။
From:OE

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ