From :
.... http://shwenewnews.blogspot.com/
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ
အရှေ့ဥရောပ ကို ထွက်ခွါမယ့် ခရီစဉ်မှာ မြန်မာအများစုအဖမ်းဆီး ခံ နေရတဲ့
မလေးရှား နိုင်ငံကို ၀င်ရောက်ဖို့ အစီအစဉ် မရှိဘူးလို့သိရပါတယ်။
သူမရဲ့ ခရီးစဉ်အပေါ် မျှော်လင့်နေကြတဲ့မလေးရောက် မြန်မာတွေ ကတော့ မလေးရှား
ကို ၀င်ဖို့ အစီအစဉ် မရှိကြောင်းသိရလို့
စိတ်မကောင်းဖြစ်ရကြောင်းအခုလိုပြောပါတယ်။
"ကျွန်တော် တို့ ကတော့ အမေစု ခရီးစဉ် ရှိတယ် ၊ လာဖို့ ရှိတယ်လို့
ကြားထားတော့ စိတ်ထဲမှာ အားရှိခဲ့တာ။ အမေစု လာကူညီမယ်လို့လဲ မျှော်လင့်ခဲ့တာ
၊ အခုလို ၀င်ရောက်ဖို့ မရှိဘူးဆိုတော့ ကျွန်တော် ဘာပြောရမှန်းမသိပါဘူး"
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ
ခရီး စဉ် ကို စက်တင်ဘာလ ၁၀ရက်နေ့ က ပိုလန်နိုင်ငံက
နေစတင်သွားရောက်မှာဖြစ်ပြီးစက်တင်ဘာ ၁၇ ရက်မှာတော့
ဥရောပခရီးစဉ်ကိုအဆုံးသတ်ပြီး မြန်မာကို ပြန်လည်ထွက်ခွာမှာဖြစ်ကြောင်း၊
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါက်တာ တင်မာအောင်၊ ဒေါက်တာ မျိုးအောင်နဲ့
ဦးစိုးဝင်းတို့ လိုက်ပါသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
0 comments