Related Posts Plugin for WordPress, Blogger...

From : .. https://www.facebook.com/notes/yangon-press-international

မြန်မာ့လူ့အဖွဲ့အစည်းအတွက် ငါးပိဟာ ဒီမိုကရေစီထက်အခြေခံကျသောကြောင့် ငါးပိထဲတွင် ဓာတ်မြေသြဇာများပါဝင်နေမှုကို ရပ်တန့်နိုင်ရန် အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း ဦးမိုးသီးဇွန်ကပြောသည်။



“ငါးပိလောက်အခြေခံကျတဲ့အရာမရှိဘူး။ ဒီမိုကရေစီထက်တောင် ငါးပိက အခြေခံကျတယ်၊ ဗမာ့ လူ့အဖွဲ့အစည်းအတွက်။ အဲဒီတော့ ငါးပိကိစ္စကို ဖြေရှင်းဖို့လိုတာပေါ့” ဟု ၎င်းက ယခုလ ၂၁ ရက်က ရန်ကုန်မြို့၌ မော်ကွန်းမဂ္ဂဇင်းနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ငါးပိတွင် ယူရီးယားဓာတ်မြေသြဇာများထည့်သွင်းအသုံးပြုနေကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး အသင်းက သြဂုတ်လအတွင်းကထုတ်ပြန်ခဲသည်။ ဈေးကွက်သို့ အမြန်တင်ပို့နိုင်ရန် ငါးများ အလျင်အမြန်အရိုးဆွေးပြီး နူးလာစေရန် ငါးပိသိပ်ရာတွင် ယူရီးယားထည့်သွင်းခြင်းဖြစ်ကြောင်း ၎င်းအသင်းကဆိုသည်။

၈၈ မျိုးဆက်များနှင့် နိုင်ငံတော်သမ္မတတို့ ပြီးခဲ့သည့် ရက်သတ္တပတ်က တွေ့ဆုံခဲ့ပြီး တူညီသည်များတွဲလုပ်မည်ဟု ဆိုသောကြောင့်“ သမ္မတလည်း ငါးပိစားတာပဲ၊ ၈၈ တွေလည်း ငါးပိစားတာပဲ။ ငါးပိထဲမှာ ဓါတ်မြေသြဇာတွေပါနေတော့ မပါအောင်လုပ်ဖို့က ၈၈ ရော သမ္မတရော တူမနေဘူးလား။ ဒါအရေးအကြီးအလုပ်ပဲ” ဟု ယခင်လူ့ဘောင်သစ်ပါတီတည်ထောင်ခဲ့သူ  ဦးမိုးသီးဇွန်က မှတ်ချက်ပြုသည်။           ။

.. www.MyanmarExpress.net
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ