Related Posts Plugin for WordPress, Blogger...

From : .. YMG


ပြီးခဲ့သည့်လဆန်းပိုင်းက ဇာတိရပ်ရွာ သို့ တစ်ခေါက် ပြန်ရောက်ဖြစ်သည်။ ထိုစဉ်က သတိထားမိတာ တစ်ခုရှိသည်။ မိမိတို့နယ်တွင် စက်ရက် ကန်းများ အလုပ် ဖြစ်နေခဲ့ရာမှ ယခုဘက်ပိုင်း လက်ရက်ကန်းများပါ ပြန် အလုပ်ဖြစ် လာခဲ့သည်ကို အံ့ဩဝမ်းသာစွာ ပြန်တွေ့လာ ခဲ့ရသည်။

ထို့ရှေ့ပိုင်းတုန်းက လက်ရက်ကန်းများအလုပ် မဖြစ်တော့ဘဲ စက်ရက်ကန်း များကသာ အလုပ်ဖြစ်နေခဲ့ ခြင်းဖြစ်သည်။ ယခုကျတော့ လက်ရက် ကန်းများအလုပ် ဖြစ်လာပုံမှာ စင်ခွင်များပါ လုပ်ပြီး ရောင်းဝယ်ဖောက် ကားလာနေကြခြင်းဖြစ်သည် ကို တွေ့ရသည်။ ထိုအခြေ အနေသည် မိမိတို့ရပ်ရွာတစ်ခုတည်းတင်မ က ဘေးနီး ချုပ်စပ်ကျေးရွာများမှာပါ အုံနှင့်ကျင်းနှင့် အလုပ်ပြန် ဖြစ် လာကြခြင်းဖြစ်သည်။

ဘာ့ကြောင့် ထိုသို့ လက်ရက်ကန်း များ ပြန်လည် ခေါင်းထောင် လာရသနည်းဆိုသည်မှာ ဒေါ်အောင်ဆန်း စုကြည်ဝတ်ဆင်လေ့ ရှိသော မြန်မာ့ရိုးရာအဆင် အဝတ် အစားများကြောင့် ယခုလို ပြန်လည်ခေါင်းထောင် ကာ အလုပ်ပြန်ဖြစ်လာကြခြင်းဖြစ်ကြောင်း သိရှိခဲ့ရပေသည်။

သို့ဖြစ်သည်နှင့်အညီ ယင်းရိုးရာအထည်ဆန်းများ စင် တင်ရက်လုပ်လာကြရာ ရက်ခအနေဖြင့်ပင် တစ်နေ့ ၅ဝဝဝကျပ်ခန့် ဝင်ငွေရရှိပြီး ပြန်လည်ရောင်းချရာတွင် လည်း ဈေးကောင်းကောင်းရသဖြင့် ယခုလိုလက်ရက်ကန်း စင်များ ပြန်လည်အလုပ်ဖြစ် လာခဲ့ခြင်းဖြစ်ကြောင်း ပြော ကြသည်ကို တွေ့ရသည်။

ထိုသို့သောအဆင်များကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားဈေးကွက်တို့တွင် ဝမ်းဆက် တစ်အုပ်အနေဖြင့် ရောင်းဈေး ကျပ်၂၀၀၀၀ ခန့်အထိ ဈေးပေါက်နေကြောင်း သိရသည်။ ယင်းအပြင် မြန်မာ့ ရိုးရာအဝတ်အထည်များကို ပြည်တွင်းသာမက ပြည်ပ ကပါ ပိုမိုစိတ်ဝင်စားမှုမြင့်တက်လာစေခဲ့သည်ဟု သိရ သည်။

ဆိုလိုသည်မှာ နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ဝတ် စားဆင်ယင်မှု သည် မြန်မာ့ပုံရိပ်ကို မည်မျှအတိုင်းအတာ အထိ သက်ရောက်မှုရှိစေ သည်ဆိုသည့်အချက်နှင့် မြန် မာ့ပုံရိပ်ကို မည်သို့ဖော်ထုတ်လျှင် ရနိုင်သည်ဆိုသည့် အချက်ကို သတိပြုမိစေရန်ဖြစ်သည်။

ထိုကဲ့သို့သော သဘောမျိုးကို ယခင်ခေတ်က အိန္ဒိယ အမျိုးသားခေါင်း ဆောင်ကြီး မဟတ္တမဂန္ဒီ သည်လည်း ယင်းနည်းလမ်းမျိုး ကို အသုံးပြုခဲ့ဖူးသလို၊ တို့ဗမာအစည်းအရုံးဝင်များလည်း ကြိုးပမ်းခဲ့ကြဖူးသည် ကို သမိုင်းသက်သေများအဖြစ် တွေ့မြင်နိုင်ပေသည်။

သို့ရာတွင် ယခုတလော တချို့သော မြန်မာမော် ဒယ်လ်နှင့် သရုပ်ဆောင်တချို့၏ မလုံ့တလုံနှင့်အဖော် အပြပါသော ဝတ်စားဆင်ယင်မှုပုံစံများကို တွေ့မြင်လာ ခဲ့ပေရာ ယင်းအချက် သည် မြန်မာ့ယဉ်ကျေးမှုဓလေ့ စရိုက်နှင့် မြန်မာ့ပုံရိပ်၊ မြန်မာ့ လူမှုတန်ဖိုးများ အပေါ် အကဲဖြတ်အမှားများ ဖြစ်ပေါ် လာစေနိုင်သကဲ့ သို့ မြန်မာ လူငယ်ထု အထူးသဖြင့် အမျိုးသမီးငယ်များအကြား အတုယူလွဲမှားမှုများ ကို ဖြစ်ပေါ်စေနိုင်သည့် ဝတ်စား ဆင်ယင်မှုများ ဖြစ်ပေါ် လာစေနိုင်သည်ကို တွေ့မြင် နိုင်ပေသည်။

အရေးကြီးသည့်အချက်မှာ ထိုသို့ဝတ်စား ဆင်ယင်သည့် တချို့သော မြန်မာမော်ဒယ်လ်များနှင့် သရုပ်ဆောင်များ သတိမမေ့လျော့စေရန်မှာ မိမိတို့သည် လူထုရှေ့ဆောင်(public figure) များဖြစ်သည်ဟူသော အသိနှင့် ယင်း၏အခန်းကဏ္ဍသည် မြန်မာလူငယ်လူ ရွယ်များအတွက် နမူနာကောင်းစံပြပုဂ္ဂိုလ်များဖြစ်သည် ဟူသောအချက်သည် များစွာအရေးပါ လှသည်ကို တွေ့ မြင်နိုင်ပေသည်။

သို့ဖြစ်သည့်အလျောက် မိမိတို့၏ဝတ် စားဆင်ယင်မှုသည် မြန်မာ လူငယ်လူရွယ်များ အတွက် ရှေ့ဆောင်လမ်းပြမဖြစ်စေ နိုင်သည့်တိုင် အဆိပ်အတောက် မဖြစ်ပေါ်စေရန် များစွာနှလုံးသွင်းဆင်ခြင်ဝတ်ဆင် ကြရန် လိုအပ်လှပါကြောင်း အကြံပြုတိုက်တွန်းအပ်ပေ သည်။

 .. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ