Related Posts Plugin for WordPress, Blogger...

From : .. Eleven

 ဖွဲစည်းပုံမပြင်ပဲ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲနိုင်စဉ်က ပျော်ရွှင်မြူးတူးခဲ့သော်လည်း စည်းပုံအခြေခံဥပဒေ မပြင်ဆင်ပါက၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ တရားမျတမှုမရှိနိုင်ဟု ဒေါ်စု ပြောကြားခဲ့ပြန်သည်။

စက်တင်ဘာ ၂၇ ရက်ကပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ ဧရာဝတီသတင်းဌာန၏ ''စင်ကာပူမှာတုန်းက ပြောခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မပြင်နိုင်လို့ရှိရင် ၂၀၁၅ မှာ ပြဿနာတွေ အများကြီး ရှိမယ်လို့ပြောခဲ့တယ်။ အဲဒီ ပြဿနာတွေက စစ်တပ်က အာဏာသိမ်းတာမျိုးပါလာ နိုင်ပါသလား''ဟု မေးခွန်းမေးမြန်းမှုအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
''ဥပဒေကို မပြင်ဘူးဆိုလို့ရှိရင် ဒီနိုင်ငံဟာ ဒီမိုကရေစီဘက်ကို တကယ်ဦးတည်တယ်လို့ ဘယ်လိုမှမပြောနိုင်ဘူး။ နောက်ပြီးတော့လည်း ကျွန်မတို့အမြင်မှာတော့ ဖွဲ့စည်းအခြေခံဥပဒေကို မပြင်ဘူးဆိုလို့ရှိရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောနိုင်မှာမဟုတ်ဘူး။ လွတ်လပ်ရင် လွတ်လပ်လိမ့်မယ်။ မဲထည့်တဲ့နေ့မှာ လွတ်လွတ်လပ်လပ် မဲထည့်ရင် မဲထည့်နိုင်လိမ့်မယ်။ ဒါပေမဲ့ အစကတည်းက မျှတမှုမရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ကျင်းပတဲ့ရွေးကောက်ပွဲဆိုတာ ဘယ်လိုမှ မျှတနိုင်မှာ မဟုတ်ဘူးလို့ဘဲ ပြောချင်တယ်။အဲဒီမမျှတတဲ့ ရလဒ်တွေအဖြစ်နဲ့ ပြဿနာတွေ အများကြီးပေါ်လာနိုင်တယ်''ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မည်သည့်ပြဿနာမျိုး ဆိုသည်မှာ တိတိကျကျပြောရန် စောလွန်းနေသေးကြောင်း၊ ပြဿနာဆိုသည်မှာ အမျိုးမျိုးဖြစ်နိုင်ကြောင်း၊ မျှတမှုကို အခြေမခံသည့် စနစ်ဆိုသည်မှာ မည်သို့မျှ ဒီမိုကရေစီစနစ် မဖြစ်နိုင်ကြောင်း၊ အယောင်ဆောင် ဒီမိုကရေစီစနစ်သာဖြစ်ပြီး အယောင်ဆောင် ဒီမိုကရေစီစနစ်ဖြင့် မည်ကဲ့သို့မျှ ဒီမိုကရေစီရွေးကောက်ပွဲဟု ပြောဆို၍ ကျင်းပနိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၀၈ အခြေခံဥပဒေ မပြင်ပဲ ကျင်းပလျှင် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှု မရှိဟု ပြောဆိုခဲ့သော်လည်း အခြေခံဥပဒေ မပြင်ပဲ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီမှ အနိုင်ရလွှတ်တော်အမတ်များကိုတော့ နှုတ်ထွက်ခြင်း မရှိခြေ။

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ