Related Posts Plugin for WordPress, Blogger...

From :myanma age


တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်၊ ပလောနှင့် ရေဖြူ ဒေသများသည် ခဲမဖြူနှင့်အဖြိုက်နက်များ ထွက်ရှိနိုင်ကြောင်း သတ္တုတွင်း ၀န်ကြီးဌာနက ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံသည် ခဲမဖြူ၊
အဖြိုက်နက် ကီလို ၆၀၀ ဝန်းကျင် ရှိသောကြောင့် ကမ္ဘာပေါ်ရှိ ၁၆၀၀ကီလို ရပ်ဝန်းတွင်လည်း အများဆုံးထွက်ရှိရာ ဒေသကြီးတစ်ခု ဖြစ်ကြောင်း ဘူမိဗေဒပညာရှင် အချို့က ပြောကြသည်။

“တနင်္သာရီတိုင်း ဒေသကြီးထဲမှာ ခဲမဖြူနဲ့ အဖြိုက်နက်ရပ်ဝန်း ကီလို ၆၀၀ လောက်ရှိတယ်။ ကမ္ဘာပေါ်မှာတောင် ခဲမဖြူနဲ့ အဖြိုက်နက် ရပ်ဝန်း ကီလို ၁၆၀၀ လောက်ပဲရှိတယ်။ မြန်မာနိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းကိုတနင်္သာရီတိုင်းက ထွက်ရှိနေတာ”ဟု ထားဝယ် အထူးစီးပွားရေးဇုန် ဥက္ကဋ္ဌ သူရဦးသောင်းလွင်က ပြောကြားသည်။
အဆိုပါ တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ဆက်စပ် လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက် ရှိရာ သတ္တုတူးဖော် ရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်ဆောက်ရွက် လာခဲ့ပါက တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဒေသခံ ပြည်သူလူထုများအား အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ကူညီသွားမည်ဟုလည်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စာရင်းဇယားများအရ လူဦးရေ ၁၃သိန်း ၀န်းကျင်ခန့ရှိပြီး ယင်းအထဲမှ လူဦးရေ ၅ သိန်းခန့်ဝန်းကျင်မှာထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် နေရကြောင်း သိရသည်။
လက်ရှိတွင် သတ္တုတွင်းဝန်ကြီး ဌာနနှင့် ဂျပန်ကုမ္ပဏီတစ်ခုမှ ပူးပေါင်းကာ သတ္တုများ ဆက်လက်ရှာဖွေနိုင်ရန် လေ့လာမှုများ ပြုလုပ်နေကြောင်း ယင်းလေ့လာမှု အောင်မြင်ပါကလည်း ဒေသခံများအတွက် အလုပ်ကိုင်များ တိုးတက် ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း သူရဦးသောင်းလွင်က ဆက်လက် ပြောကြားလိုက်သည်။


www.MyanmarExpress.net
 

Posted by Arakan Man on 9/11/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ