Related Posts Plugin for WordPress, Blogger...

From : ..the voice


အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ပြည်နယ်တွင် ဖွင့်လှစ်ထားသော Burma Superstar အမည်ရှိ မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း အမေရိကန်အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။

ဆန်ဖရန်စစ္စကို ပြည်နယ် Richmond ခရိုင်ရှိ Clement လမ်းတွင် ဖွင့်လှစ်ထားသော အဆိုပါ စားသောက်တွင် သြဂုတ်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် လာရောက် စားသောက်ခဲ့သော ၁၄ ဦးသည် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့မှုကြောင့် ပြည်သူ့ကျန်းမာရေးဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း ယင်းကျန်းမာရေးဌာနက ထုတ်ပြန်သည်။

အဆိုပါ အခင်းဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ကျန်းမာရေး အရာရှိများနှင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ယခုကဲ့သို့ အဖြစ်အပျက်များ ယခင်ကဖြစ်ဖူးလေ့ မရှိကြောင်း စားသောက်ဆိုင်ပိုင်ရှင် Desmon Tan က ကြေညာခဲ့သည်။

ထို့အပြင် ဆန်ဖရန်စစ္စကိုပြည်နယ် ပြည်သူ့ကျန်းမာရေး ဆေးရုံအရာရှိများက အဆိုပါ စားသောက်ဆိုင်တွင် အသုံးပြုသော အစားအစာများသည် ကျန်းမာရေး ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရခြင်း၏ အခြေအနေမှန်ကိုလည်း ဆက်လက်စုံစမ်းနေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ဆေးမှုများအရ ဝေဒနာ ခံစားနေရသူများတွင် E.coli ရောဂါလက္ခဏာများ ဖြစ်သည့် ဝမ်းဗိုက်ရောင်ရမ်းခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်းနှင့် တစ်ခါတစ်ရံ သွေးအန်မှုများ ဖြစ်နေသည်ကို တွေ့ရကြောင်း ယင်းသတင်းများတွင် ဖော်ပြထားသည်။

ထို့ကြောင့် ကျန်းမာရေး အရာရှိများက ယင်းစာသောက်ဆိုင်ကို ဆက်လက်စစ်ဆေးနေပြီး အသုံးပြုသော အစားအစာများ၊ အသုံးအဆောင် ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကို ပြည်နယ်တွင် ဖွင့်လှစ်ထားသော မြန်မာစားသောက်ဆိုင် Burma Superster သည် ၁၉၉၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် အာရှဒေသ အကောင်းဆုံး စားသောက်ဆိုင်ဆုကို ဆွတ်ခူးရရှိခဲ့သည့်ဆိုင် ဖြစ်သည်။


 .. www.MyanmarExpress.net

Posted by Unknown on 9/02/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ