Related Posts Plugin for WordPress, Blogger...

၂၀၁၅ ခုနှစ်တွင် ဖော်ဆောင်မည့် အာဆီယံစီးပွားရေး အသိုက်အ၀န်းတွင် မြန်မာနိုင်ငံအနေဖြင့် ပို့ဆောင်ဆက်သွယ်
ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအပိုင်း အခန်းကဏ္ဍတွင် လိုအပ်ချက်များရှိနေသေးကြောင်း စက်တင်ဘာ ၈ ရက်က
မြင်းခြံမြို့တွင် ပြုလုပ်သော AEC (အာဆီယံစီးပွားရေး အသိုက်အ၀န်း) အလုပ်ရုံ ဆွေးနွေးပွဲတွင် ပါရမီစွမ်းအင် ကုမ္ပဏီများ အုပ်စုမှအကြီးတန်း အကြံပေးအရာရှိ ဦးအောင်မြင်က ပြောသည်။

၎င်းက “မြန်မာနိုင်ငံမှာ ကားအစီး ၁၀၀၀ ရှိရင် ကုန်တင်ကားက သုံးစီးလောက်ပဲရှိတယ်။ နောက်ပြီး ကားအစီး ၁၀၀ မှာ ခရီးသည်ပို့ဆောင်ရေးကားက တစ်စီးလောက်ပဲ ရှိနေတယ်။ ဒါကြောင့် ပို့ဆောင်ရေးပိုင်း ကုန်သွယ်မှုပိုင်းမှာ အားနည်းနိုင်တယ်” ဟု သူ၏ ထင်မြင်ယူဆချက်ကို ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအနေအထားရ အာဆီယံစီးပွားရေး အသိုက်အ၀န်းဖော်ဆောင်မည် ဆိုပါကပို့ ဆောင်ရေး ပိုင်းနှင့် လမ်းပန်းဆက်သွယ်ရေးပိုင်းတွင် လိုအပ်ချက်များရှိနေသဖြင့် အကောင်အထည်ဖော်နိုင်ရန် အစိုးရ အကူညီနှင့် နိုင်ငံတကာအကူညီများလည်း လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စုမှ အကြီးတန်းအရာရှိတစ်ဦးက “လမ်းပိုင်းဆိုင်ရာမှာ ဆိုရင်လည်း မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိနိ္ဒယ နိုင်ငံတွေနဲ့ ကုန်သွယ်ဖို့အတွက် လမ်းပိုင်းဆိုင် ရာတွေ ကောင်းမွန်ဖို့လည်းလိုတယ်။ အစိုးရအနေနဲ့ လမ်းပိုင်းဆိုင်ရာတွေကို ဖောက်လုပ်ပေးပြီး ကုန်ထုတ်လုပ်ငန်း ရှင်တွေ ကုန်သည်တွေဆီက အခွန်အခတွေ ပြန်လည်ကောက်ခံသင့်တယ်။ ကျွန်တော်တို့ အနေနဲ့လည်း နိုင်ငံတကာ အကူညီတွေကိုလည်း တောင်းခံသွားမယ်” ဟုရှင်းပြသည်။

အာဆီယံစီးပွားရေး အသိုက်အ၀န်းဖော် ဆောင်ရန်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် လမ်းပန်းဆက်သွယ်ရေးပိုင်း ၊ ကုန်ထုတ်လုပ်ပိုင်းများတွင် သာမကဘဲ နည်းပညာပိုင်းနှင့် စက်မှုလက်မှုပိုင်းများတွင် အစစအရာရာ အားနည်းချက်များရှိနေကြောင်းပခုက္ကူ ကုန်သည်ပွဲစား များ အသင်းဝင်ဦးခင်ကျော်ကဆိုသည်။

၎င်းက “အာဆီယံနိုင်ငံဖြစ်တဲ့ ထိုင်း၊ လာအို၊ စင်ကာပူတို့ထက် စီးပွားရေးလုပ်ငန်းတွေမှာ နည်းပညာတွေ ကုန်ထုတ်လုပ်မှုတွေ အဆင့်မမှီပေမယ့် ကြိုးစားပြီး ၀င်တိုးရမှာပဲ။ လုပ်ငန်းရှင်အဖွဲ့လေးတွေဖွဲ့ပြီး တတ်နိုင် သလောက်တော့မှာ ကြိုးစားသွားမှာပါ” ဟုဆိုသည်။

မြန်မာနိုင်ငံ၏ အသေးစား အလတ်စားစက်မှုလုပ်ငန်းများ အာဆီယံစီးပွားရေး အသိုက်အ၀န်းတွင် ပါဝင် ယှဉ်ပြိုင်
နိုင်ရန်အတွက် စက်မှုဖွံ့ဖြိုးရေးဘဏ်ကို အသေးစားနှင့် အလတ်စားဖွံ့ဖြိုးရေးဘဏ်အဖြစ် ပြောင်းလဲပြီး အလားအလာ
ကောင်းသော အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်း ၆၂ခု ကိုငွေကျပ် ၁၀ ဘီလီယံခန့်အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် သုံးနှစ်ကြာ ထုတ်ချေးထားကြောင်း စက်မှုဝန်ကြီးဌာ န ဒု-၀န်ကြီး ဦးမျိုးအောင်က သြဂုတ် ၂၇ ရက်က
ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ပြောကြားခဲ့သည်။

မဇ္ဈိမ

Posted by Arakan Man on 9/09/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ