Related Posts Plugin for WordPress, Blogger...


myeik-305.jpg
မြိတ်မြို့ နေရာပြမြေပုံ
photo: Google Map

တနင်္သာရီတိုင်း၊ မြိတ်ပင်လယ်ပြင်မှာ ဘင်္ဂလီလူမျိုး ၃ ဦးကို AK-47 အမျိုးအစား မောင်းပြန်ရိုင်ဖယ် သေနတ်တစ်လက်၊ ကျည်အတောင့် ၂ဝ ပါ ကျည်ကပ် ၂ ခုနဲ့အတူ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့ ညသန်းခေါင်ယံအချိန်ခန့် မှာ ရေကြောင်းပြ မီးမထွန်းဘဲ ပင်လယ်ပြင်ကို တိတ်တဆိတ်ထွက်ခွာဖို့ ပြုလုပ်နေ တဲ့ ကောင်းမြတ်ဟင်္သာဆိုတဲ့ ကုန်တင်လှေတစ်စီး အပေါ်ကနေ ကမ်းခြေစောင့်ရေတပ်က ဖမ်းဆီးနိုင်ခဲ့ တာ ဖြစ်ပါတယ်။
ဒီကုန်တင်လှေကို မြန်မာရေတပ် တိုက်ရေယာဉ်အမှတ် (၄ဝ၃) က ရပ်တန့်စစ်ဆေးရာမှာ စက်ခန်းထဲပုန်းအောင်းနေတဲ့ ဒီဘင်္ဂလီ ၃ ဦးကို လက်နက်နဲ့အတူ တွေ့ရှိခဲ့ပြီးနောက် ရေတပ်က မြိတ်ရဲစခန်းကို လာရောက်အမှုဖွင့်ခဲ့တယ်လို့  မြိတ်ရဲစခန်း တာဝန်ကျအရာရှိတစ်ဦးက RFAကို အခုလို အတည်ပြုပြောကြားပါတယ်။
ဟုတ်ကဲ့ပါခင်ဗျ မိထားပါတယ်၊ ၁ ရက်နေ့က စစ်တပ်ကဖမ်းတာပါခင်ဗျ၊ စစ်ရေယာဉ်(၄ဝ၃)ကပါ၊ ဟုတ်ကဲ့ လက်နက်တစ်လက်ပါပါတယ်ခင်ဗျ၊ ကျနော်တို့ ရေတပ်ကပဲခင်ဗျ၊ ဖမ်းထားပါတယ်၊ လောလောဆယ်တော့ လှေပိုင်ရှင်ကတော့ ကျနော်တို့ ကော့သောင်းကခင်ဗျ၊ အဲဒါတော့ လောလောဆယ် ဖမ်းလို့မမိသေးပါဘူးခင်ဗျ၊ ကော့သောင်းဘက်ကလို့ ပြောပါတယ်၊ အဲဒီအပေါ်မှာ ကိုယ်စားလှယ်တစ်ဦးတော့ ပါတာပေါ့နော်၊ သူကတာဝန်ခံပြီးတော့ ခေါ်လာတာပါ၊ ဘယ်ကနေခေါ်လာတာလည်းဆိုတာ ကျနော်တို့ အတိအကျတော့မသိဘူး၊ ကျနော်တို့ဒီမြိတ်မှာ ဖမ်းမိတာနော်၊ မြိတ်မှာဖမ်းမိတော့ တပ်ကနေပြီးတော့ ကျနော်တို့ တရားလိုလုပ်ပြီးတော့ ဒီရဲစခန်းမှာ အမှုဖွင့်တာပေါ့နော် သူတို့ကတော့ အဲဒီရခိုင်ဘက်သွားမယ်လို့တော့ ပြောတယ်ခင်ဗျ၊ အဲဒါဒီ လှေသားတွေလည်း ပါတာပေါ့၊ လှေသားတွေက ၁၃ ဦးပေါ့၊ ဘင်္ဂလီကတော့ ၃ ဦးပေါ့၊ ဖမ်းမိထားတာ လောလောဆယ် ကျနော်တို့ ကြိုတင်အမှုဖွင့်အရေးယူထားတာ၊ သူတို့က နားတော့နားလည်ပါတယ်၊ သိပ်ကျွမ်းကျွမ်းကျင်ကျင်ကြီးတော့ မဟုတ်ဘူး၊ ဘင်္ဂလီစကားပြောတာဆိုတော့ မြန်မာစကားတော့ နားလည်ပါတယ်
ဒီကုန်တင်လှေရဲ့ ရေယာဉ်လိုင်စင်ဟာလည်း ၂ဝ၁၃ ခုနှစ် ဧပြီလကတည်းက သက်တမ်းကုန်ဆုံးနေတယ်လို့ သိရပါတယ်၊ ယခုလောလောဆယ်မှာတော့ ဒီလှေကို အဆိုပါတိုက်ရေယာဉ်အနီးမှာ ရပ်တန့်ထားစေပြီး အသေးစိတ်စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။



RFA Burmese

Posted by Arakan Man on 9/03/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ