Related Posts Plugin for WordPress, Blogger...

From : ..the voice

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွှေတြိဂံဒေသ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ်ခွဲ ကျခမ်းကျောက် ကျေးရွာအုပ်စု၊ ကျခမ်းဆောင် ကျေးရွာရှိ နေအိမ်တွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၄နာရီ ၄၅ မိနစ်ခန့်က လက်နက်နှင့် မူးယစ်ဆေးဝါး ရောင်းချသူ အကျိုးဆောင်များကို ဖမ်းမိကြောင်း တာချီလိတ်ခရိုင် မူးယစ် ( အထူး) အဖွဲ့မှ ရဲအုပ်မြင့်လွင်က ပြောကြားသည်။


ဦးအိုက်ဆေး (ခ) အားဆေ၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေရာ ၎င်းကိုမတွေ့ဘဲ ၎င်း၏ဇနီး ဒေါ်လိုဒေါနှင့် သမက်ဖြစ်သူ ဦးအိုက်မားတို့ထံမှ လောင်ချာကျည် (ခေါ် ) ၄၀ မမ ဗုံးသီး ၂၆၅ လုံး၊ အေကေ ၄၇ ကျည် ၁၀၀၀ တောင့်၊ ကဖင်း ၃၀ ကီလို၊ ကျည်အိမ် ခြောက်ခုနှင့် စိတ်ကြွဆေးပြား အကြေ ၁၅ ဂရမ်၊ ဘိန်းစိမ်း ၈၀ဂရမ်၊ ကိုးလုံးကျည် ၁၂ တောင့်တို့ကို ဖမ်းမိခဲ့ကြောင်း ခရိုင်မူးယစ် (အထူး) အဖွဲ့၏ စာရင်းများအရ သိရှိရသည်။

“မြေကြီးထဲမှာ လောင်ချာတွေကို ဆာလာအိတ် သုံးအိတ်နဲ့ မြှုပ်ထားတာ၊ အိပ်ခန်းထဲမှာရှိတဲ့ အဝတ်ထဲမှာ ပါကင်တွေနဲ့ ကျည်တွေနဲ့ သိမ်းထားတာ” ဟု မျက်မြင်တွေ့ရှိသူ ရဲအုပ်မြင့်လွင်က ပြောကြားသည်။

တာချီလိတ်မြို့သည် နယ်စပ်နှင့် နီးစပ်သဖြင့် လာအိုနှင့် ထိုင်းနိုင်ငံတို့ဘက်နှင့် နယ်မြေတွင်း လက်နက်ကိုင်အဖွဲ့များ၊ အခြားဝယ်လက်များကို လက်နက်နှင့် မူးယစ်ဆေးဝါး အရောင်းအဝယ်များရှိ ကြောင်း၊ နယ်မြေတွင်း ယခုနောက်ပိုင်း မူးယစ်ဆေးဝါး ဖမ်းဆီးမှုများကို ယခင်ထက် အရှိန်မြှင့် ဖမ်းဆီးလာကာ မကြာခဏ ဖမ်းမိခဲ့ကြောင်း တာချီလိတ်ခရိုင် မူးယစ် ( အထူး) အဖွဲ့မှ ဒုရဲအုပ်အဆင့်ရှိ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“တာချီလိတ်ခရိုင်ရဲ့ အချို့နေရာတွေမှာဆိုရင် လက်နက်ကိုင်တွေကို အကာအကွယ်ယူပြီး လုပ်နေတာတွေ တစ်ပုံကြီး။ အမှုတွေကိုလည်း အပြီးသတ် ဖော်ထုတ်စေချင်တယ်” ဟု တာချီလိတ်မြို့နယ် အသက် ၄၀ ကျော်ရှိ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းနှင့် အတူဖမ်းမိသော ကိုအိုက်မားကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ခ)/၂၂(ခ) အရလည်းကောင်း၊ ဒေါ်လိုဒေါကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) /၂၂(ခ) /၂၁ ဖြင့် အမှုဖွင့်ထားကြောင်း ကျိုင်းလပ် ရဲစခန်းထံမှ သိရှိရသည်။



.. www.MyanmarExpress.net

Posted by Arakan Man on 9/10/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ