ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) က နေတိုး၊ ထွန်းထွန်း၊
ကျော်ကျော်ဗို၊ မင်းခတို့ အဓိကပါဝင်တဲ့ “အရူးလေးယောက်” ဗီဒီယိုဇာတ်ကားကို
ရန်ကုန်မြို့တွင် ယခုလအတွင်း ရိုက်ကူးလျက်ရှိသည်။
ယင်းဇာတ်ကားကို ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ကိုယ်တိုင် ဇာတ်လမ်းရေး သားထားပြီး အောင်ကြီးက ဇာတ်ညွှန်းခွဲကာ မိုးယုစံနှင့် ဖူးစုံတို့လည်း ပါဝင်ထားသည်။ နေကောင်းစပြုလာသည့် အရူးလေးယောက်အား လူအများနှင့် ထိတွေ့ဆက်ဆံရန် လူ့အသိုင်းအ၀ိုင်းအတွင်း ပြန်လည်ဝင်ဆံ့အောင် ဖန်တီး ပေးဖို့ခေါ်ဆောင် လာသည့် ဆရာဝန်မလေးနှင့် အရူးများ လူကွဲကာကမောက်ကမာဖြစ်လာပုံကို ပုံဖော် ထားသည့် ဇာတ်ကားလေး
ဖြစ်သည်။
“ဇာတ်ကားတွေ တစ်ကားနဲ့ တစ်ကားမထပ်အောင် အမြဲတမ်း ပုံစံတစ်မျိုးကွဲထွက်အောင် စဉ်းစားပြီးရိုက်တယ်။ ဒီကားကတော့ အရူးလေးယောက်ကတာဝန်ခံပြီး ခေါ်လာတဲ့ ဆရာဝန်မလေးနဲ့ ကွဲသွားတဲ့အခါ လူတွေအကြားမှာ အရူးလေးယောက် ကမောက်ကမ ဖြစ်တာကို ရိုက်ကူးပြသထားတာပါ။ ပရိသတ်တွေ တစ်မျိုးလေးဆန်းသစ်မယ်လို့ ထင်ပါတယ်”ဟု ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ဆိုသည်။

မစ္ဇျိမသတင်း
0 comments