Related Posts Plugin for WordPress, Blogger...

From :  Eleven
၈၈ အဖွဲ့များအပါအ၀င် အဖွဲ့အစည်းအများစုမှ မျက်ကွယ်ပြုနေကြသော်လည်း ရခိုင်ပြည်နယ်အတွင်း အခြေခံပညာ စာသင်ကျောင်းများ ဆောက်လုပ်ရန် 
အိန္ဒိယ အစိုးရမှ အမေရိကန်ဒေါ်လာတစ်သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းငွေများ ပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၃ ရက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး တက်ရောက်ခဲ့ပြီး မြန်မာနှင့်အိန္ဒိယသည် လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုအရ ခေတ်အဆက်ဆက် ကတည်းက ဆက်နွှယ်မှုများ ရှိခဲ့သကဲ့သို့ ရှေးဘုရင်မင်းများ လက်ထက်ကတည်းက ကူးလူးဆက်ဆံမှုများ ရှိခဲ့သဖြင့် ဘာသာရေးအရပါ ဆက်နွှယ်မှုများ ရှိခဲ့ကြောင်း၊ ယင်းအတွက် ယခုကဲ့သို့ ကူညီပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
လှူဒါန်းငွေများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာအောင်ကျော်မင်းက "ဒီအလှူငွေတွေကို စာသင်ကျောင်း ဆယ်ကျောင်းအတွက် အသုံးပြုသွားမှာ ဖြစ်တယ်။ စစ်တွေမြို့နယ်မှာ လေးကျောင်း၊ မောင်တောမြို့နယ်မှာ လေးကျောင်း၊ ကျောက်တော်နဲ့ မင်းပြားမြို့နယ်တို့မှာ တစ်ကျောင်းစီ ဆောက်လုပ်သွားမှာ ဖြစ်တယ်" ဟု ပြောကြားသည်။
အိန္ဒိယအနေဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ယခင်နှစ်ကလည်း ဒေါ်လာနှစ်သန်း လှူဒါန်းခဲ့ကြောင်းနှင့် ယခုလှူဒါန်းခြင်းမှာ ဒုတိယအကြိမ် လှူဒါန်းခြင်းဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းသစ်အတွက် စစ်တွေမြို့တွင် ဆိပ်ခံတံတားကြီး တစ်ခုနှင့် ပလက်ဝတွင် ကြားဆိပ်ကမ်းတစ်ခုကိုလည်း တည်ဆောက်လျက်ရှိရာ မြန်မာနိုင်ငံအတွက် ထိုသို့ကူညီပေးခြင်းဖြင့် ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာရန် အိန္ဒိယအနေဖြင့် မျှော်လင့်ကြောင်းလည်း သိရသည်။

အခမ်းအနား အပြီးတွင် သံအမတ်ကြီးက ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးများ၊ ဌာနဆိုင်မှ တာဝန်ရှိသူများနှင့် တက်ရောက်လာသော ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်လည်း တရင်းတနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Posted by Arakan Man on 9/04/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ