Related Posts Plugin for WordPress, Blogger...

From : .. YMG


ရန်ကုန် ၊ စက်တင်ဘာ ၂၂ ။ ။ ပြည် သူ့ဆန္ဒကို လွှတ်တော်က ပိတ်ထား လို့မရသည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များ ပြန်လည်ရုပ် သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်ကပြဋ္ဌာန်းပေး ရ မည် ဖြစ်ကြောင်း ပြည်ထောင် စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောကြားသည်။

''ဖွဲ့စည်းပုံကို လေးစားလိုက် နာပါ့မယ်လို့ ကျမ်းကျိန်ဆိုထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်က ဒီဥပဒေကို ပြု ကို ပြုပေးရမယ်။ လွှတ်တော်ဆန္ဒ၊ ပြည်သူ့ဆန္ဒပဲ။ ပြည်သူ့ဆန္ဒ recall law လုပ်ချင်တယ်ဆိုလို့ တင် ပေးတယ်။ ဒီဆန္ဒကို လွှတ်တော် က လုပ်ကိုလုပ်ပေးရမယ်။ ဒါကို ပိတ်ထားလို့မရဘူး''ဟု ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သို့ လွှတ်တော်ကိုယ် စားလှယ်များ အား ပြန်လည်ရုပ် သိမ်းပေးရန် တိုင်ကြားလာသည့် မဲဆန္ဒများမှာ တနင်္သာရီ တိုင်းဒေ သကြီးလွှတ်တော် မြိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ မဲဆန္ဒရှင် များက ၂၀၁၁ခုနှစ် အောက်တို ဘာ ၁ဝရက်တွင်လည်းကောင်း၊ ရန်ကုန် တိုင်းဒေ သကြီး တိုက်ကြီး မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ မဲဆန္ဒရှင်ပြည် သူများက ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၂ရက်တွင် လည်းကောင်း၊ ချင်းပြည် နယ် အ မျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ မဲဆန္ဒ ရှင်များက ၂၀၁၂ခုနှစ် နိုဝင်ဘာ ၆ရက်တွင်လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တံတားဦးမြို့နယ် မဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ ၄ရက် တွင် လည်းကောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့တိုင် ကြားထားကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က ''ဒီ recall law ကို ဒီကော်မရှင် ကိုအပ်နှင်းထားတယ်။ လွှတ်တော် က ပြကိုပြဋ္ဌာန်းပေး ရမယ်။ ဥပဒေ အဖြစ်အတည်ပြုဖို့က လွှတ်တော် မှာပဲ တာဝန်ရှိတယ်။ မဆိုင်းပါနဲ့။ ဆွေးနွေးမယ်ပြောထားပြီးမှ ဆိုင်း ငံ့မယ်လို့လုပ်လို့မရဘူး။ တခြား လွှတ်တော်ကို ပို့ရပါမယ်''ဟု ပြော သည်။

ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်က ''ကော်မရှင် ဥက္ကဋ္ဌက လွှတ်တော်ကို သဝဏ် လွှာပို့ထားပြီဖြစ်တဲ့အတွက် လာ မယ့်လွှတ်တော် အစည်းအဝေးမှာ ဒီဥပဒေကြမ်းကို ဆွေးကိုဆွေးနွေး ရတော့မယ်။ အဲ့ဒီအခါ ကျွန်တော် ဝင်ဆွေးနွေးမယ်။ ကော်မရှင်ရဲ့ သဝဏ်လွှာက အခြေခံဥပဒေနဲ့ ညီတယ်လို့ယူဆတယ်။ ဒီဥပဒေက ထွက်ကိုထွက်လာရမယ့်ဥပဒေ ပါ။ အခုလို လွှတ်တော်က ရွှေ့ ဆိုင်းလိုက်တာဟာ ပြည်သူကြား မှာ မေးခွန်းထုတ်စရာဖြစ်စေ တယ်''ဟုပြောသည်။

၂၀၁၃ခုနှစ် ဩဂုတ် ၂၈ရက် ရက်စွဲဖြင့် ပြည်ထောင်စုလွှတ် တော်သို့ လွှတ်တော်ကိုယ်စားလှယ် များ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေအတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်ပေး ရန် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် မှ အချက် ၁ဝချက်ပါ အကြံပြု ချက်ကို တင်ပြထားပြီးဖြစ်ကြောင်း လည်း သိရသည်။


 .. www.MyanmarExpress.net

Posted by Arakan Man on 9/24/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ