Related Posts Plugin for WordPress, Blogger...

From : ..Myanmar Navy


တနသာင်္ရီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၅၇) ရေတပ်အခြေစိုက်စခန်း (ဇာဒက်ကြီး) ကွပ်ကဲမှုအောက်ရှိ စစ်ရေယာဉ်မှူး ဗိုလ်မှူးဇော်ဇော်ကျော် ဦးစီး ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၂၆) သည် စက်တင်ဘာ (၂၁) ရက်နေ့ ၀၂၃၀ အချိန်ခန့်တွင် မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဝင်ဖမ်းသော ယိုးဒယားငါးခိုးဝါးလတ် ယာနားသံသီးပါ ၀ဲဘက်အစီး လက်ကူးလှေအား တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေသော USAGI နှင့် PABUK မုတ်သုန်မုန်တိုင်း သတိပေးချက်များ အမြင့်ဆုံးထုတ်ပြန်ထားချိန် (လှိုင်းအမြင့် ၂ မက် မှ ၃ မက်ကျော်) ကြေညာထားသည့် ရာသီဥတု လှိုင်းလေပြင်းထန်ပြီး မိုးသက်မုန်တိုင်းများ သည်းထန်စွာ ကျရောက်နေချိန်တွင် နှစ်ဘက်အပြန်အလည် ထိတွေ့ပစ်ခတ်မှုများအကြားမှ စစ်ရေယာဉ်၊ လူ၊ လက်နက် အထိအခိုက် အကျအဆုံး၊ အပျက်အစီးမရှိဘဲ မြန်မာ့ရေပိုင်နက်အတွင်းသို့ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ယိုးဒယားငါးခိုးဝါးလတ် လက်ကူးလှေအား တရားခံမဲ့ဖမ်းဆီးရမိခဲ့။

အဆိုပါ ယိုးဒယားငါးခိုးလှေပေါ်မှ လှေသား (၁၄) ဦးမှာ ရေထဲသို့ခုန်ချထွက်ပြေးခဲ့ရာ ယိုဒယားနယ်နမိတ်အနီး အရောက်တွင် ယိုဒယားစစ်ရေယာဉ်မှ လာရောက်ကယ်ဆယ်သွားကြောင်း သိရသည်။ ဖမ်းမိခိုးလှေနှင့်အတူ US Rifle, Cal .30 M1 အမျိုးအစား သေနတ် (၁)လက်၊ ၀.၃၀ လက်မ ကျည် (၈) တောင့်ပါ ကျည်ကဒ် ၂၈ ခုနှင့် ၀.၃၀ လက်မ ကျည် စုစုပေါင်း (၂၂၀)တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။

ယခုအချိန်တွင် စစ်ရေယာဉ် (၄၂၆) သည် ဇာဒက်ကြီးစခန်းအတွင်း ပြန်လည်ရောက်ရှိ အခြေပြုကာ ကြံ့ခိုင်မှုများပြုလုပ်လျက်ရှိနေပါသည်။ ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၂၆) မှ ဖမ်းဆီးရမိခဲ့သော တရားမ၀င် ငါးခိုးဝါးလတ်လှေသည် ကော့သောင်းမြို့နယ် ဆလုံကျွန်းအနောက်ဘက် ရေတိမ်ကုန်းနေရာများ၊ ဇာဒက်ကြီးကျွန်း အရှေ့ဘက်ရေပြင်နှင့် ယိုးဒယားရေစပ်မျဉ်းတစ်လျှောက်၊ ငှက်သိုက်ကျွန်းနှင့် ကြက်မောက်ကျွန်း ၀န်းကျင်နေရာများသို့ အုပ်စုလိုက် အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းလေ့ရှိပြီး ဒေသခံမြန်မာပိုက်လှေငယ်များ၊ မြန်မာငါးဖမ်းလှေငယ်များ၊ ငါးမြှုန်းလှေငယ်များအား မကြာခဏ ဆိုသလို လက်နက်ဖြင့် ပစ်ခတ်ခြိမ်းခြောက် အနိုင်ကျင့်နေသည့် ယိုးဒယားနိုင်ငံ ရနောင်းခရိုင်မှ လိုင်စင်မဲ့ ငါးခိုးလှေများအုပ်စုအနက်မှ (၁)စီးဖြစ်ကြောင်း သတင်းရရှိပါသည်။

Photo: ထိုင်းငါးခိုး ပုံစံတူလှေများ။

မှတ်ချက်။ News of Myeik တွင် ဖော်ပြခဲ့သော သတင်းဖြစ်ပြီး ဆီလျော်အောင် အနည်းငယ် ပြင်ဆင်ရေးသားပါသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ