Related Posts Plugin for WordPress, Blogger...


လယ်တီဆရာဘုရားသည် ဗုဒ္ဓစာပေများကို ပါဋိစာပေမှ မြန်မာဘာသာသို့ အဓိကဘာသာပြန်ပေးခဲ့သည့် ကျေးဇူးရှင်ဆိုလျှင် မြန်မာစာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ခဲ့သည်မှာ ပထမဦးဆုံး ဦးရွှေဇံအောင်ဖြစ်သည်။

၁၈၇၁ ခုနှစ်၊ ဇန်န၀ါရီလ (၂၀)ရက်နေ့မှာ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်တွင် (ဘ)ရာဇ၀တ်ဝန်ကြီး ဦးရွှေသာ နှင့် (မိ) ဒေါ်မိအဖြူဇံတို့မှ မွေးဖွားခဲ့သည်။ ၁၈၉၂ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရခဲ့သည်။ ၁၈၉၄ ခုနှစ်မှာ လယ်ဝန်ဖြစ်လာခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် မြန်မာ သုတေသနဂျာနယ်တို့တွင် ဗုဒ္ဓအဘိဓမ္မာများကို စတင် ဆောင်းပါးရေးသားခဲ့သည်။ ယင်းခေတ်တွင် ထင်ရှားသော အင်္ဂလန်ပြည်မှ ပါဋိပညာရှင် မစ္စက်ရိုင်းဒေဗစမ်က လယ်တီဆရာတော်ကြီးကို မေးမြန်းသော မေးခွန်ပုစ္ဆာများကို မြန်မာပြန်၍ ဆရာတော်ကြီးကို တင်ပြခဲ့သည်။ လယ်တီဆရာတော်ကြီး ဖြေတော်မူသော အဖြေများကို အင်္ဂလိပ်ဘာသာသို့ပြန်ပြီး လန်ဒန်ပါဋိ လေဒီမစ္စက်ရိုင်းဒေးဗစ်ထံ စာတိုက်က ပေးပို့ပြီး ဗုဒ္ဓစာပေကို ကမ္ဘာသို့ ပြန့်ပွါးအောင် ဆောင်ရွက်ခဲ့သည်။

၁၉၁၀ ခုနှစ်မှာ ဦးရွှေဇံအောင် အင်္ဂလိပ်ဘာသာရေး အဘိဓမ္မာသင်္ဂဟကျမ်းကို ထွက်ဝေခဲ့သည်။ လန်ဒန် ပါဋိ လေဒီ မစ္စက်ရိုင်းဒေးဗစ်မှ ဦးရွှေဇံအောင်ကို ကျေးဇူးတင်စကားပါးခဲ့သည်။ ဆရာကြီး၏ ဗုဒ္ဓဒသာန ရှင်းလင်းချက်ကို ဥရောပ ပညာရှင်များက နားလည်အောင် ရှင်းပြ ရေးသားနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်ငးတင်ခဲ့သည်။

ဦးရွှေဇံအောင်၏ ကထာဝတ္တုကို အင်္ဂလိပ်ဘာသာဖြင့် Point of Contronersy အမည်ဖြင့် လန်ဒါ ပါဋိစာပေအသင်းကြီးက ၁၉၁၅ ခုနှစ်မှာ ထုတ်ဝေခဲ့သည်။ ထိုအခါ ဦးရွှေဇံအောင်ကို ကမ္ဘာသိ ဗုဒ္ဓအဘိ ဓမ္မာဆရာကြီးအဖြစ် ထင်ရှားလာသည်။ အင်္ဂလိပ်တို့၏ အနောက်တိုင်း အတွေးအခေါ်လောဂျစ်ကျမ်းများကို မြန်မာပြန်ဆိုခဲ့ပြီး တက္ကိယနဒီပနီကျမ်းဟု ထုတ်ဝေခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် အခြားကျမ်း အများအပြားကို ရေးသားခဲ့သည်။ သူရေးသားခဲ့သည်မှာ ဗုဒ္ဓအဘိဓမ္မများကို အဓိကထား ရေးသားခဲ့သည်။

ကမ္ဘာသိ ဦးရွှေဇံအောင်ကို ၁၉၃၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စာပေပါရဂူ Doctor of Literature ဘွဲ့ကို ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ဘွဲ့မအပ်နှင်းမှီ (၁၀)ရက်အလို ၁၁-၅-၁၉၃၂ ရက်နေ့တွင် ကွယ်လွန်သွားခဲ့လေသည်။ ဗုဒ္ဓဘာသာကို ကမ္ဘာသိအောင် မိတ်ဆက်ပေးခဲ့သည် စာပေပါရဂူ ရခိုင်အမျိုးသား ဦးရွှေဇံအောင်အား မမေ့အပ်ပေ။

ဆရာကြီးအား နောင်လူတို့ သိရအောင် ဂုဏ်ပြုရေးသားတင်ပြပေးလိုက်သည်။

ရခိုင်မဂ္ဂဇင်း၊ အမှတ်(၂၆)မှ ထုတ်ကူးယူဖော်ပြခြင်းဖြစ်သည်။

ဝေဟင်အောင်
၅၊ ၉၊ ၂၀၁၃။

Posted by Arakan Man on 9/13/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ