ရခိုင်ပြည်
ပြဿနာရဲ့ ရင်းမြစ် ဇွန်လနဲ့ အောက်တိုဘာလ ရခိုင်ပြည် အရေးအခင်းဟာ
ပညာမတတ်မှု၊ ဥပဒေပညာ နားမလည်မှုတွေကြောင့် ဖြစ်ပွားရတာ ဖြစ်တယ်ဆိုတဲ့ သုံးသပ်
ချက်တွေ ထွက်ပေါ်လာတယ်။ ဒီသုံးသပ်ချက်တွေဟာ အပေါ်ယံအားဖြင့် ကြည့်လျှင်
ဖြစ်နိုင်မယ် ထင်ရပေမယ့် သေချာရဲ့လားလို့ ထပ်မေးရင် ခိုင်မာတဲ့ အချက်အလက်
အထောက် အထား တွေနဲ့ ချပြနိုင်မယ်မထင်ပါဘူး။ ဆိုတော့ ရခိုင်ပြည် အရေးအခင်းဟာ
ပညာမဲ့ခြင်း၊ ဥပဒေကို နားမလည်ခြင်းကြောင့် မဟုတ်ဘူးလို့ ပြောချင်တယ်။
ဒါဆိုရင် ဘာကြောင့်လဲဆိုတဲ့ အမေးရဲ့  အဖြေကို ပြောလိုတယ်။
ရခိုင်ပြည်ရဲ့ တစ်ခြားတစ်ဖက်မှာရှိတဲ့ မွတ်ဆလင်များ ရပ်တည်ချက်
မြန်မာနိုင်ငံမှာ ယခု ဖွဲ့ စည်းထားတဲ့ အတိုင်းပြောရရင် ပြည်နယ်(၇)ခုနဲ့
တိုင်း(၇)ခု ရှိပါတယ်။ စုစုပေါင်း(၁၄)ခုပေါ့ ။ အဲဒီ(၁၄)ခုထဲမှာ ရခိုင်ပြည်က
လွဲရင် ကျန်တဲ့ ပြည်နယ်(၆) ခုနဲ့ တိုင်း(၇)တိုင်းမှာလည်း အစ္စလာမ် ဘာသာကို
ကိုးကွယ်တဲ့ လူတွေ ရှိပါတယ်။ အဲဒီ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူတွေဟာ
မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား ပေါင်းစုံနှင့်အတူ လွတ်လပ်ရေး
တိုက်ပွဲတွေမှာ ဆင်နွှဲခဲ့တယ်။ လွတ်လပ် ရေးရပြီး နောက်ပိုင်းမှာလည်း
မွတ်ဆလင် ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ်ကိစ္စကို စိုးစဉ်းမျှ
မပြောဆိုခဲ့ပါဘူး။ ထို့အတူ ဦးနေ၀င်း အာဏာသိမ်းကာလနဲ့ မဆလခေတ် တစ်လျောက်
လုံးမှာဘဲဖြစ်ဖြစ် ၁၉၈၈ လူထုအရေးတော်ပုံ ကာလတွေကနေ ဒီနေ
့အချိန်ထိဘဲဖြစ်ဖြစ် မြန်မာ တိုင်းရင်းသားတွေ တောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့
စစ်အာဏာရှင်စံနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်ရေး၊
လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်၊ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးစတဲ့
မူတွေအပေါ်မှာဘဲ ရပ်ပြီးတိုက်ပွဲဝင် ခဲ့ကြတယ်။ တစ်နည်းအားဖြင့် ပြောရရင်
မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံနှင့်အတူ တိုင်းပြည်
ကောင်းစားရေးကို ရှေ့ရှုခဲ့တယ်။ တိုင်းပြည်အပေါ်မှာ သစ္စာရှိပြခဲ့တယ်။
ဒါတွေကို ငြင်း၍ မရနိုင်သလို သမိုင်းအဖြစ်နဲ့လည်း ကျန်ရစ်ခဲ့တယ်။ မြန်မာ
နိုင်ငံရှိ တိုင်းရင်းသား ပေါင်းစုံကလည်း အသိအမှတ်ပြုခဲ့ကြတယ်။ ဒီအထောက်
အထားတွေဟာ ရခိုင်ပြည်ကလွဲပြီး ကျန်တဲ့ ပြည်နယ်(၆)ခနဲ့ တိုင်း(၇)ခုထဲက
မွတ်ဆလင်တွေရဲ့ ရပ်တည်မှုတွေ ဖြစ်တယ်။
ရခိုင်ပြည်မှာရှိတဲ့ ဘင်္ဂလီတွေရဲ့ ရပ်တည်ချက်
ရခိုင်ပြည်ထဲမှာရှိတဲ့ မွတ်ဆလင်ကတော့ အခြားပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ မွတ်ဆလင်တွေနဲ့ ကွဲပြားပါတယ်။ သူတို့ရဲ့ အိပ်မက်ဟာ မွတ်ဆလင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်မှ တစ်ဆင့် သီးခြား မွတ်ဆလငနိုင်ငံ တည်ထောင်ရေးဖြစ်တယ်။ ဒီအိပ်မက်မျိုးကို အခြားပြည်နယ်နဲ့ တိုင်းတွေ မှာရှိတဲ့ မွတ်ဆလင်တွေ မက်ခဲ့တဲ့ အိပ်မက်(လှုပ်ရှားမှုသမိုင်း)ကို မတွေ့သေးပါဘူး။ ရခိုင်ပြည်မှာ ရှိနေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး မရေးခင်ကပင် ဒီ အိပ်မက်ကို အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက ဘင်္ဂလီတွေရဲ့ ရပ်တည်ချက်
ဒုတိယ ကမ္ဘာစစ်မဖြစ်ခင် အန္ဒိယနိုင်ငံရှိ မွတ်ဆလင်များက သီးခြားမွတ်ဆလင် နိုင်ငံတည်ထောင် ရေး လှုပ်ရှားမှုဟာ ရခိုင်ပြည်မှာ ရှိနေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေ အတွက် ပုံဖော်စရာ အိပ်မက်တစ်ခုရရှိခဲ့ တယ်လို့ ပြောရမှာ ဖြစ်တယ်။ သူတို့ အိပ်မက်က အိန္ဒိယနိုင်ငံက ခွဲထွက်ပြီး ပါကစ္စတန် နိုင်ငံသစ် ထူထောင်ရေး ကြိုးပမ်းနေတဲ့ လှုပ်ရှားမှုနဲ့ ဆက်စပ်ရန် ဖြစ်တယ်။ ဆိုလိုတာက ပါကစ္စတန်နိုင်ငံသစ် ဖြစ်ပေါ်လာရင် ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့ ကို ထည့်ပြီး နိုင်ငံသစ်တည်ဆောက်ရေး ဖြစ်တယ်။ ဒါကြောင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ ၁၉၄၂ ခုနှစ်၊ ကရာချီမြို့မှာ ကျင်းပတဲ့ အစ္စလာမ်ညီလာခံမှာ ပါကစ္စတန်နဲ့ ပေါင်း စည်းရေးအဆိုကို တင်သွင်းခဲ့ဖူးတယ်။ ဆိုတော့ ဖြစ်နိုင်ချေ ရှိရဲ့လားလို့ မေးရင် ရှိတယ်ဖြေရ ပါလိမ့်မယ်။ အကြောင်းကတော့ ၁၉၄၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဦးပုကလေးရေးထားသော ငါတို့ ဗိုလ်ချုပ် ဘာတွေ လုပ်ခဲ့သလဲ တတိယတွဲမှာပါတဲ အောက်ပါရေးသားချက်က ခိုင်မာတဲ့အထောက် အထားလို့ ပြောရပါလိမ့်မယ်။
” စစ်အတွင်း ၁၉၄၆ တွင် Jami- a – tul Ulema-e Islam အဖွဲ့ ပေါ်ပေါက်လာရာ ၄င်းပါတီက ၁၉၄၇ ခုနှစ်တွင် ကရာချီသို့သွားကာ ပါကစ္စတန်လွတ်မြောက်ရေး လှုပ်ရှားနေသော မွတ်ဆလင် ခေါင်းဆောင် ဂျင်းနားနှင့် တွေ့ဆုံပြီး ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့ကို ပါကစ္စတန် နိုင်ငံနှင့် ပူးပေါင်းခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် ရခိုင်မြောက်ပိုင်း ဒေသကို တိုက်ခိုက်ပြီး ပါကစ္စတန်ထဲသို့ သွတ်သွင်းရန် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ရရှိ အောင်လုပ်ပေးရန် ဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အိန္ဒိယသို့ အသွားတွင် မွတ်ဆလင် ခေါင်းဆောင် မစ္စတာဂျင်းနားနှင့်တွေ့ဆုံခဲ့ရာ ဂျင်းနားက ဘူးသီးတောင်နှင မောင်တောဒေသမှ မွတ်ဆလင်များက ပါကစ္စတန်ထဲသို့ ပူးပေါင်းရန် တောင်းဆိုမှုကို မိမိကိုယ်တိုင် မထောက်ခံ ကြောင်း ပြောကြားခဲ့သည်။ မွတ်ဆလင်ခေါင်းဆောင် ဂျင်းနားက ရခိုင်ပြည် မောင်တောနှင့် ဘူးသီး တောင်နယ်များကို ဘင်္ဂလားပြည် (ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ)ထဲသို့ သွတ်သွင်းပေးရန် စစ်တကောင်း မူဆလင်အချို့က တောင်းဆိုချက်နှင့်ပတ်သက်၍ ဤသို့လုံးဝမဖြစ်စေရပါဟုပြောရင်း ဗမာပြည် သာမက မည်သည့်အခြားနယ်ပယ်ကိုမှ သိမ်းယူရန် သို့မဟုတ် တောင်းယူရန် မူဆလင်လိ(ခ်)၌ ရည်ရွယ်ချက်မရှိကြောင်း ၊ ထိုကဲ့သို့ဘင်္ဂလားပြည်အရှေ့ပိုင်းမှ လက်တစ်ဆုပ်မျှလောက်သော မူဆလင်လူမျိုးအချို့၏ တောင်းဆိုချက် ဆိုသည်မှာလည်း ဘာမှ ဂရုစိုက်စရာမလိုကြောင်း စသည် ဖြင့် ရှင်းပြခဲ့သည်။ “ဒီနေရာမှာ စကားချပ်အနေနဲ့ ပြောချင်တာက ၂၀၁၁ က ကျနော်ရေးသားခဲ့တဲ့ ဦးရာဇတ်မှသည် ကိုမြအေးအထိ သို့သော် တံခါးလာခေါက်ပြီ ဆောင်းပါးမှာ ဂျင်းနားက ဘူးသီးတောင်၊ မောင်တောကို တောင်းဆိုခဲ့တယ်လို့  အမှတ်မှားစွာ ဖော်ပြခဲ့ဖူးပါတယ်။ အမှန်က ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေက တောင်းဆိုခဲ့တာလို့  အမှန်ကို ပြင်ပါတယ်။ ဆိုတော့ ဂျင်းနားရဲ့ ငြင်းပယ်မှုကြောင့် ဘင်္ဂလီတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့ပြီး ၁၉၄၇ ခုနှစ် ကုန်ခါနီးမှာ မူဂျာဟစ်ပါတီကို ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ Jami- a – tul Ulema-e Islam အဖွဲ့နဲ့ချိတ်ဆက်ခဲ့ကာ ငွေကြေးကို ဒီအဖွဲ့က နည်းမျိုးစုံနဲ့ရှာပေးပြီး မူဂျာဟစ်ပါတီကို ပံ့ပိုးပေးခဲ့ပါ တယ်။ အဲဒီအဖွဲ့ကဘဲ ဘော်တွန်မလေထံ စာရေးပြီး သူတို့ဟာ Indo-Burma Frontier မှာ ရှိတဲ့အတွက် ပင်လုံညီလာခံမှာ Frontier ရပိုင်ခွင့်ကို တင်ပြ တောင်းဆိုလိုကြောင်း အကြောင်းကြားခဲ့ပေမယ့် ရခိုင်ပြည်ထဲက ဘင်္ဂလီတွေ ပင်လုံဆီမလှမ်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လို့  အခြားပြည်နယ်တွေထဲမှာ နေထိုင်တဲ့ ဦးဖေခင်ကတော့ ပင်လုံကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုတော့ တိုင်းပြည်အပေါ်မှာ သစ္စာစောင့်သိမှုနဲ့ တိုင်းပြည်ကို ဖဲ့ထုတ်ရေးရဲ့ ကွာဟမှုဘဲဖြစ်ပါတယ်။

ကနေ့ ရိုဟင်ဂျာလို့ အမည်ခံထားတဲ့ ဘင်္ဂလီတွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး
မရခင် လွတ်လပ်ရေး အကြိုကာလကပင် မက်ခဲ့တဲ့ အိပ်မက်မျိုးနဲ့ အခြားပြည်နယ်
ခြောက်ပြည်နယ်နဲ့ တိုင်းခုနှစ်တိုင်းမှာ ရှိနေတဲ့ မွတ်ဆလင်တွေရဲ့ ဆန္ဒ
သဘောထားဟာ ကွာခြားပါတယ်။ ရခိုင်ပြည် ဘက်မှာ ရှိနေတဲ့ မွတ်ဆလင်တွေရဲ့
ဆန္ဒသဘောထားဟာ ဒေသခံ ရခိုင်တွေနဲ့ရော ပြည်ထောင် စုကို လိုလားတဲ့
တိုင်းရင်းသား ပေါင်းစုံကိုပါ ခြောက်ခြားစေပါတယ်။ ရခိုင်ပြည်ထဲမှာရှိတဲ့
မွတ်ဆလင်ဘာသာဝင်တွေ အားလုံးဟာ ဒီလိုဘဲလားလို့ မေးရင် မဟုတ်ဘူးလို့ 
ဖြေရပါလိမ့်မယ်။ ၁၉၃၁ ၀န်းကျင်က ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ
သမဂ္ဂရဲ့ ဥက္ကဋ္ဌ ဦးထွန်းစိန် ဟာ ရခိုင်ပြည်ထဲက မွတ်ဆလင်တစ်ယောက်ပါ။
တိုင်းပြည် ဖဲ့ထုတ်ရေးကို မကြိုးပမ်းခဲ့ပါဘူး။ အဲဒီလို မျိုးဆက်တွေ
ရှိပါတယ်။ ဒါပေမယ့်လို့  ကနေ့အချိန်မှာ အကြမ်းဖက် ရိုဟင်ဂျာအမည်ခံ
ဘင်္ဂလီတွေရဲ့ အကြမ်းဖက်ခြင်း၊ တိုင်းပြည် ဖဲ့ထုတ်လိုခြင်းတွေကြောင့်
အပြစ်မဲ့ ရခိုင်ပြည်ထဲက မွတ်ဆလင်တွေပါ အရောင်တွေ စွန်းထင်းခံခဲ့ရသလို
အရောင်တွေ ချယ်သခြင်းကို ခံလိုက် ရပါတယ်။ ထို့အတူ မြန်မာနိုင်ငံ
တစ်နံတစ်လျားမှာရှိတဲ့ မွတ်ဆလင်ထုကိုပါ ထင်ယောင်ထင်မှား မယုံသင်္ကာ
စိတ်တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကြောင့် တိုင်းပြည်ဖဲ့ထုတ်လိုတဲ့
အကြမ်းဖက် ရိုဟင်ဂျာ အမည်ခံဘင်္ဂလီတွေကို ဆန့်ကျင်ကြောင်း
မြန်မာပြည်ထဲမှာရှိတဲ မွတ်ဆလင်တွေ ပြသဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ဘင်္ဂလီတွေရဲ့ ရပ်တည်ချက်

ဆက်ပြောရရင် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီက ဖွဲ့ စည်းခဲ့တဲ့ မူဂျာဟစ်အဖွဲ့ ဟာ ၁၉၄၈ ခုနှစ်မှာ တရားဝင်ဖွဲ့စည်းပြီး အဲဒီအဖွဲ့က
(က) ကုလားတန်မြစ် အနောက်ဘက်ကမ်းနှင့် နစ်မြစ်အရှေ့ဖက်ကမ်း ကြားဒေသကို မွတ်ဆလင် တွေရဲ့ National Home အဖြစ် သတ်မှတ်ပေးရန်။

(ခ) ရခိုင်ရှိ မွတ်ဆလင်များကို တိုင်းရင်းသား စာရင်းထဲ ထည့်သွင်းပေးရန်
စသည်ဖြင့် တောင်းဆို ခဲ့ကြတယ်။ ဒီတောင်းဆိုချက်တွေကို ခွဲခြမ်းကြည့်ရင်
မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီကာရော ရပြီးနှစ်မှာပါ တိုင်းပြည် ဖဲ့ထုတ်ရေး
ကြိုးပမ်းခဲ့ခြင်းကို တွေ့ရပါတယ်။ နောက်တစ်ချက်က မြန်မာ
နိုင်ငံလွတ်လပ်ကာစမှာ ဘင်္ဂလီတွေကို မြန်မာနိုင်ငံ တိုင်းရင်းသားစာရင်းမှာ
ထည့်သွင်းထား ခြင်း မရှိဘူးဆိုတာ ထင်ရှားစေသလို ဘင်္ဂလီတွေဟာ ရိုဟင်ဂျာဆိုတဲ့
စကားလုံးကို သုံးစွဲခြင်း မရှိ သေးဘူး ဆိုတာလည်း ထင်ရှားစေပါတယ်။
၁၉၅၁ ခု ဇွန်လမှာ နယ်ပယ်အသီးသီးက ပါဝင်တဲ့ မွတ်ဆလင် ညီလာခံကို ရခိုင်ပြည် မောင်တော မြို့နယ် အလယ်သံကျော်ရွာမှာ ကျင်းပခဲ့ပါတယ်။ အဲဒီ အလယ်သံကျော် ညီလာခံက ဆုံးဖြတ်ချက် တွေကို ချမှတ်ခဲ့ပြီး အစိုးရသို့ အိပ်ဖွင့်ပေးစာအဖြစ် တင်ပြခဲ့တယ်။ ညီလာခံရဲ့ ဆုံးဖြတ်ချက် တွေထဲမှာ အရေးကြီးတဲ့ အချက်တွေကတော့
(က) ရခိုင်မြောက်ပိုင်းကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း တောင်တန်းများ၊ ကချင်ဒေသများနည်းတူ လွတ်လပ်သော မွတ်ဆလင်ပြည်နယ်အဖြစ် အမြန်ဆုံး ဖွဲ့စည်းပေးရန်၊

(ခ) စစ်တွေမြို့ကို ရခိုင်ပြည်နယ် တောင်ပိုင်း မြောက်ပိုင်းမြို့တော်ဟု
သတ်မှတ်ကာ မြို့နှင့် ဆိပ်ကမ်းကွပ်ကဲမှုကို ရခိုင်နှင့်
မွတ်ဆလင်(၅၀)ရာခိုင်နှုန်းစီ စီမံခန့်ခွဲ အုပ်ချုပ်ခွင့်ပြုရန်နှင့် ပထမဆုံး
မြို့တော်ဝန်နှင့် တိုင်းမင်းကြီးကို မွတ်ဆလင်လူမျိုးမှ ခန့်ထားရန်၊
(ဂ) လက်နက်ကိုင်တပ် ဖွဲ့စည်းပေးရန် ထိုတပ်ဖွဲ့မှ မွတ်ဆလင်(၅၀)ရာခိုင်နှုန်း ပါဝင်ရန် ဗဟိုအစိုးရ အဖွဲ့တွင်မူ ၀န်ကြီးခန့်ထားရန်၊
(ဃ) တိုင်းပြုပြည်ပြု လွှတ်တော်တွင် အခြားပြည်နယ်များနှင့် တိုင်းများနည်းတူ ကိုယ်စားလှယ် အညီအမျှ စေလွတ်ခွင့်ရရန်၊
(င) မွတ်ဆလင်ကောင်စီ ထားရှိခွင့်ပြုရန် စတဲ့အချက်များပါဝင်ပါတယ်။
ဒီညီလာခံကို ပါလီမန် အမတ်များဖြစ်တဲ့ စူလတန်မာမွတ်၊ ဦးဖိုးခိုင်(မွတ်ဆလင်)၊ ဒေါ်မြညွန့် (မွတ်ဆလင်) တို့ပါ တက်ရောက်ခဲ့ပါတယ်။ ဒီပါလီမန် အမတ်များဟာ ဘာသာရေး လမ်းညွန်ချက် အတိုင်း ဆောင်ရွက်နေခြင်း ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ကနေ့ လွှတ်တော်ကို ရောက်ရှိနေတဲ့ ဘင်္ဂလီအမတ်တွေကို သတိကြီးစွာ ထားရမယ်ဆိုတာ ထင်ရှားစေပါတယ်။ တစ်ဖက်မှာလည်း လက်နက်ကိုင်နေတဲ့ မူဂျာဟစ်ပါတီကလည်း ၀န်ကြီးချုပ် ဦးနုထံသို့ တင်သွင်း ခဲ့သည့် စာတမ်းထဲမှာ ပါဝင်တဲ့ တောင်းဆိုချက်များအနက် အရေးကြီးသည့် တောင်းဆိုချက်တွေ ကတော့ –

(က) ရခိုင်ဒေသအတွင်းရှိ မွတ်ဆလင်များအားလုံးကို နိုင်ငံတော်အတွင်းရှိ ရခိုင် မွတ်ဆလင်များ အဖြစ် လက်ခံရန်၊
(ခ) မူဂျာဟစ်များကို အမြဲတမ်းတပ်မတော်တွင် ရခိုင်မွတ်ဆလင် သေနတ်ကိုင်တပ်အဖြစ် သီးခြား ထားပေးရန် စတဲ့ အချက်များပါဝင်ပါတယ်။
သုံးသပ်ချက်

အထက်က တင်ပြခဲ့တဲ့ တောင်းဆိုချက် နှစ်ရပ်စလုံးမှာ ရိုဟင်ဂျာဆိုတဲ့
စကားလုံးကို သုံးစွဲခြင်း မရှိသေးပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲ ကာလမှာလည်း
ရိုဟင်ဂျာပါတီအဖြစ် မှတ်ပုံတင်ခဲ့ပေမယ့် ဒီစကားလုံးကို သုံးစွဲရင်
မှတ်ပုံတင်ခွင့် မပြုခဲ့တဲ့အတွက် အခြားနာမည်ကို ရွေးခဲ့ရတဲ့ သာဓကတွေ
ရှိတယ်။ ရွေးကောက်ပွဲကော်မရှင်က အဲဒီစကားလုံးကို ပယ်ထားခဲ့ပေမယ့်
ဘင်္ဂလီတွေဟာ နိုင်ငံ တကာကို ခြေဆန့်ပြီး ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို
နိုင်ငံတကာက သိအောင် ငွေတွေခင်းပြီး ပြုလုပ်လာခဲ့တယ်။ တစ်ဖက်မှာလည်း
မီဒီယာအချို့ကို အသုံးချခဲ့တယ်။ နောက်ဆုံး ပြဿာနာ တွေ ဖန်တီးပြီး ဘာသာရေးအရ
ဖိနှိပ်ခံနေရပါတယ်။ လူမျိုးတုန်းသတ်ဖြတ် နေပါတယ်လို့  အော်ဟစ်ခဲ့တယ်။ OIC
လို အဖွဲ့ကိုတောင် မြန်မာပြည်ထဲ ၀င်အောင်နိုင်အောင်ထိ ထိုးဖောက် လှုပ်ရှား
နိုင်တယ်။ အကြမ်းဖက်အဖွဲ့တွေနဲ့ ချိတ်ဆက်နိုင်သလို ပြည်တွင်း ပြည်ပ
ဟန်ချက်ညီညီ လှုပ်ရှားမှုဟာ လွှတ်တော်ထဲထိ ရောက်အောင် လှုပ်ရှားပြခဲ့တယ်။ ၁၉၈၈
နောက်ပိုင်းကာလတွေ က မြန်မာနိုင်ငံ တနံတလျားမှာ ရှိနေတဲ့
မြန်မာမွတ်ဆလင်တွေကို မစည်းရုံးနိုင်ခဲ့ပေမယ့် ကနေ့ အချိန်မှာ
တစ်သားထဲဖြစ်အောင် စည်းရုံးနိုင်ခဲ့တယ်လို့ပြောမယ်ဆို ပြောနိုင်တယ်။ အထက်က
တင်ပြခဲ့တဲ့ ရခိုင်ပြည်ထဲက ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့
လှုပ်ရှားမှုအဆင့်ဆင့်ဟာ လွတ်လပ် ရေး မရခင်ကပင် ဒီနေ့အချိန်ထိ မြန်မာနိုင်ငံ
တိုင်းရင်းရင်းသားဖြစ်ရေး လှုပ်ရှားမှုရဲ့နောက်ကွယ်မှာ မွတ်ဆလင်ပြည်နယ်မှသည်
မွတ်ဆလင်နိုင်ငံ ထူထောင်ရေးဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။
ဒီလှုပ်ရှားမှုတွေကို အာဏာမဲ့နေတဲ့ ရခိုင်လူထုက ခေတ်အဆက်ဆက်
ထိတွေ့ခံစားလာရခြင်း ဖြစ်တယ်။ ဒါကြောင့် ရခိုင်လူထုရဲ့ တုန့်ပြန်မှုဟာ
တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာအပေါ်မှာ ရပ်ပြီး တုန့်ပြန်ခဲ့တာဖြစ်တယ်။
ပညာမတတ်မှု၊ ဥပဒေကို နားမလည်မှု၊ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့်
ဖြစ်ရပါတယ်ဆိုတဲ့ အဖြေဟာ ခိုင်မာတဲ့ အထောက် အထားမရှိတဲ့ ယိုင်နဲနဲ
အထောက်အထားတွေသာ ဖြစ်တယ်ဆိုတာကို အထက်က အထောက်အထားတွေနဲ့ ချပြခဲ့
တာဖြစ်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အလယ်သံကျော် ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေဟာ
ဒီနေ့ အချိန်ထိ သက်ဝင်လှုပ်ရှားနေပြီး ဟန်ချက်ညီညီ
လှုပ်ရှားနေဆဲဖြစ်တယ်ဆိုတာကို ပြောလိုပါ တယ်။ ပါလီမန်ခေတ်ကလည်း လွှတ်တော်ထဲထိ
တင်သွင်း ဆွေးနွေးခဲ့ ဖူးသလို ကနေ့ အချိန်မှာလည်း လွှတ်တော်ထဲထိ
သယ်ဆောင်လာကာ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေက နိုင်ငံတော်ရဲ့ အချုပ်အခြာ
အာဏာကို ကိုင်လှုပ်ခဲ့ပါတယ်။ ဒါဟာ ခေတ်သစ်မြန်မာနိုင်ငံအတွက် ပြင်းထန်တဲ့
စိန်ခေါ်မှုတစ်ရပ်လို့ ပြောရပါလိမ့်မယ်။ ။
ခိုင်လင်း(မေဃ၀တီ)
နိုင်ဝင်ဘာ(၁၁)၂၀၁၂ ညနေ – ၄း၅၀

0 comments