Related Posts Plugin for WordPress, Blogger...

Aung San Suu Kyi speaks to a group of Muslim men following her press conference on Wednesday. (Photo: Hpyo Wai Tha / The Irrawaddy)ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ တိမ်းရှောင်လာသော ဘင်္ဂါလီ အများအပြားကို လက်ခံထားပြီး ဖြစ်သဖြင့် မြန်မာနိုင်ငံမှ ထပ်မံရောက်ရှိလာမည့် ဘင်္ဂါလီများကို ထပ်မံလက်ခံနိုင်တော့မည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သြဂုတ် ၂၉ ရက်က ပြောဆိုလိုက်သည်ဟု The Daily Star ဘင်္ဂလားဒေ့ရှ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ထိုအကြောင်းကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအတွက် နိုင်ငံကိုယ်စားလှယ် ခန့်အပ်သည့် အခမ်းအနားတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဘင်္ဂါလီ ဒုက္ခသည် စခန်းများသို့ မကြာသေးမီက သွားရောက်အပြီးတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးက သူ့အနေဖြင့် မြန်မာနိုင်ငံမှ ဘင်္ဂါလီများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုများကို ခံစားနေရသည့်အတွက် စိုးရိမ် မကင်း ဖြစ်မိကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဘင်္ဂါလီ ဒုက္ခသည် စခန်းများတွင် ဘင်္ဂါလီဦးရေ ၃၀၀၀၀ ခန့် ခိုလှုံလျက် ရှိသည်။

ကျွမ်းကျင်သူများ၏ အဆိုအရ မြန်မာနိုင်ငံမှ ခိုလှုံဝင်ရောက်လာသော ဘင်္ဂါလီဦးရေသည် သိန်းဂဏန်း ထက် မနည်းနိုင်ကြောင်း ဆိုသည်။

ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ်အား နိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂါလီ ဒုက္ခသည်များနှင့် ပတ်သက်သည့် ပြဿနာ၏ အဖြေသည် မြန်မာနိုင်ငံတွင်းမှာသာ ရှိနေကြောင်းနှင့်  မြန်မာနိုင်ငံ ဘက်ကသာ ပြည်တွင်းရေး ပြဿနာအဖြစ် ဖြေရှင်းရမည်ဖြစ်ကြောင်း ထပ်လောင်းပြော ကြားသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့်မူ အဆိုပါ ဒုက္ခသည်များကို အခြေခံ ၄ တန်းအထိ အခမဲ့ ပညာသင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းမှု ပညာသင်ပေးခြင်း၊ ကွန်ပျူတာ သင်ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းတို့ဖြင့် ၎င်းတို့၏  နေရပ်ဖြစ် သည့် မြန်မာနိုင်ငံသို့ ပြန်ရာတွင် အထောက် အကူဖြစ်စေရန် ဆောင်ရွက်ပေးထားကြောင်း Dipu Moni က ဆိုသည်။

ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ် Stir က ဘင်္ဂလားဒေ့ရှ် အနေဖြင့် ယခုလို ဒုက္ခသည်ပေါင်း များစွာကို နှစ်ပေါင်း ၃၀ လောက်ထိ ကြာမြင့်အောင် ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားနိုင်သည့်အတွက် ကျေးဇူးတင်ပါကြောင်း ဆိုသည်။

မြန်မာနိုင်ငံဘက်က ဘင်္ဂါလီအရေး ကိစ္စသည် ဘင်္ဂလားဒေ့ရှ်နှင့်လည်း သက်ဆိုင်သော လူဝင်မှုပြဿနာ ဖြစ်သည်ဟု ပြောဆိုနေခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ကမူ ဘင်္ဂါလီ အရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မသက်ဆိုင်ကြောင်း၊ အဆိုပါ ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်ခဲ့သူများ မဟုတ်ကြောင်း ငြင်းဆိုထားသည်။
 
Eleven Media Group
 

Posted by Arakan Man on 9/01/2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ