Related Posts Plugin for WordPress, Blogger...

From : .. https://www.facebook.com/MyanmarMediaWatch



ဇွန်လ ၂၂ ရက်နေ့ 7DayDaily တွင် ဖော်ပြခဲ့သည့် မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ကျင်းပမည့် သတင်း တပုဒ်တွင် ညီလာခံ ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဦးအုန်းမောင်မှ ပြောကြားခဲ့ခြင်း မရှိသည့် စကားရပ်များ ထည့်သွင်းဖော်ပြခဲ့ခြင်းနှင့် ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့တောင်းဆိုလိုက်ပြီး၊ ဖြေရှင်းချက် မပေးပါက တရားဥပဒေကြောင်း အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ညီလာခံကျင်းပရေး အတွင်းရေးမှူးဖြစ်သူ ဦးအုန်းမောင် အနေနှင့် ခိုးဝင်ဘင်္ဂါလီ၊ ရိုဟင်ဂျာ တို့နှင့် ပတ်သက်သည်များကို ပြောကြားခဲ့ခြင်း မရှိကြောင်းသိရပါတယ်။

အတွင်းရေးမှူးဖြစ်သူ ဦးအုန်းမောင်အား ဆက်သွယ်မေးမြန်းရာ “7 Day က ရေးတဲ့သတင်းက အမှားကြီးဖြစ်နေတယ်။ အန်ကယ်လ်အဲ့လို မပြောခဲ့ဘူး။ အန်ကယ်လ်တို့မှာ Record ရှိတယ်။ အန်ကယ်လ်တို့ပြောတာ လူမျိုးစု၊ လူမျိုး အကြောင်းတွေ လုံးဝ မပါဘူး။ နိုင်ငံသား မွတ်စလင်နဲ့ ပတ်သက်တာပဲပြောတယ်။”

အဲ့ဒီလူက သက်သက်မဲ့ ရှုပ်ထွေးသွားအောင်လုပ်တာ။ သတင်းစာရှင်းလင်းပွဲနေ့က တက်လာတဲ့ ကျန်တဲ့ မီဒီယာတွေကိုလည်း မေးကြည့်နိုင်ပါတယ်။ အန်ကယ်လ်တို့ အနေနဲ့ 7 Day ကို ဖြေရှင်းချက် တောင်းမယ်။ အထောက်အထားနဲ့ ပြရင်ပြ။ မပြရင် တရားစွဲမယ်။ ဒါဟာ စိတ်ဝမ်းကွဲအောင် လုပ်တဲ့ကိစ္စပါ။ အန်ကယ့်လ် အနေနဲ့ အနောက်ကနေ ခိုးဝင်လာတယ်ဆိုတဲ့ ဘင်္ဂါလီဆိုတာရော ရိုဟင်ဂျာဆိုတာရော လုံးဝမသုံးခဲ့ဘူး။ အန်ကယ်လ်က ဥပဒေသမားတစ်ယောက်ပါ။ ဒါကို ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်လိုက်တာလဲလို့ စဉ်းစားမိတယ်။ တချက်က အပြင်အုပ်စုတစ်စုက မလိုလားလို့ ရန်တိုက်ပေးတာလား။ အတွင်းဘက်က အုပ်စုတစ်စုက ရန်တိုက်ပေးတာလားတော့ အန်ကယ်လ်မသိပါဘူး။ အန်ကယ်လ် လုံးဝ မပြောခဲ့တဲ့ကိစ္စပါ။ ညီလာခံကျင်းပရေးက ပြန်ကြားရေး တာဝန်ယူထားသူတွေကိုလည်း အန်ကယ်လ် ပြောထားပါတယ်။ အဲ့ဒီ 7 Day ကို ခေါ်ပြီးရှင်းဖို့၊ မဟုတ်ရင် အမှန်ထင်သွားကြမယ်လို့ အန်ကယ်လ်ပြော ထားပါတယ်”ဟု ဖြေကြားခဲ့ပါတယ်။

ပြည်ထောင်စုသား မွတ်စလင်မ် များ ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေးကော်မတီ၏ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးပွဲနှင့် စပ်လျှဉ်း၍ သတင်းစာ ရှင်းလင်းပွဲကို အဆိုပါ ကော်မတီရုံးခန်း မှာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


.. www.MyanmarExpress.net
 

Posted by Arakan News on 6/24/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ