Related Posts Plugin for WordPress, Blogger...

ဒီနေ့ ကျွန်တော်နားမလည်တဲ့ စကားတစ်ခွန်း တွေ့လိုက်ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မျိုးစောင့်ဥပဒေကို မပျက်, ပျက်အောင်ဖျက်ဖို့ OIC နှင့် ကုလသမဂ္ဂကို အကူအညီတောင်းမယ် ဆိုတဲ့သတင်းပါ။

ကျွန်တော်နားလည်တာတစ်ခုက OIC ဆိုတာက အစ္စလာမ်နိုင်ငံ ၅၇ နိုင်ငံရဲ့ သာရေးနာရေးကို ကူညီဖို့၊ အစ္စလာမ်နိုင်ငံချင်း ကူညီရိုင်းပင်းဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း။

ဗုဒ္ဓဘာသာ မြန်မာနိုင်ငံရဲ့ လူမှုရေးဥပဒေကိစ္စက OIC နှင့် ဘာမှမပတ်သက်ဘူး။ ပတ်သက်ဖို့လည်း မလို့ဘူး။

မြန်မာနိုင်ငံနှင့် OIC က မပတ်သက်ဘူး မှန်တယ်၊ သို့သော် မြန်မာနိုင်ငံက မူဆလင်တွေအတွက် OIC က တာဝန်ရှိတယ်လို့တော့ ဆင်ခြေပေးလို့ရပါတယ်။ ဒါပေမယ့် တကယ်စဉ်းစားကြည့်ရင် ဒီဆင်ခြေကလည်း မခိုင်လုံတဲ့အပြင် လွဲနေပါတယ်။

အစ္စလာမ်ဘာသာဆိုတာက မူဝါဒအရ တစ်ခြားဘာသာနှင့် လက်မထပ်ရတဲ့ ညွှန်ကြားချက်တွေ ရှိတယ်။ အစ္စလာမ် ရှာရီယာဥပဒေအရ ဘာသာခြားကို လက်ထပ်ရင် ကျောက်တုံးနှင့် ပေါက်သတ်တာလို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေရှိတယ်။ ဆိုတော့ ရှာရီယာနှင့် မျိုးစောင့်ဥပဒေက ပြင်းထန်တာနှင့် မပြင်းထန်တာပဲကွာတယ်။ အစ္စလာမ်နှင့် မျိုးစောင့်ဥပဒေ သဘောသွားတူတယ်။

ပြောချင်တာက အစ္စလာမ်က မြန်မာနိုင်ငံက မူဆလင်တွေအတွက် မျိုးစောင့်ဥပဒေကို ဆန့်ကျင်စရာ မရှိဘူး။ ထောက်ခံတယ်ဆိုတာကမှ ယုတ္တိရှိသေးတယ်။

ဒီတော့ မေးစရာ၊ တွေးစရာရှိလာတာက --

မျိုးစောင့်ဥပဒေနှင့် ပတ်သက်လို့ ဘာမှမပတ်သက်တဲ့ OIC ကို ဒေါ်စုက

(၁) ဘာလို့၊
(၂) ဘာဆက်နွှယ်မှုရှိလို့

အကူအညီတောင်းရတာလဲ။

အဖြေကိုတော့ ကိုယ့်ဘာသာကိုပဲ စဉ်းစားကြပေါ့ဗျာ။ ကျွန်တော်တွေးထားတဲ့အဖြေကိုတော့ မပြောတော့ဘူး။ ပြောရင် ပင်နီဝတ်တွေ ကျွန်တော့်ကို လာဆဲကြလိမ့်မယ်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ