Related Posts Plugin for WordPress, Blogger...

ကုလလူသားချင်း စာနာ မှုဆိုင်ရာလက်ထောက်
အထွေ ထွေအတွင်းရေးမှူးချုပ်နှင့် တွေ့
ဆုံခဲ့ရာ၌ နိုင်ငံတကာအဖွဲ့အ စည်းများ
က ရခိုင်ပြည်နယ် အတွင်းအကူအ
ညီပေးရေးလုပ် ငန်းများဆောင်ရွက်ရာတွင်


ဘက် လိုက်မှုများရှိနေဆဲဖြစ်သည်ကို သက်သေနှင့်တကွ ထောက်ပြ ဆွေးနွေးခဲ့ကြောင်း စစ်တွေမြို့မိ မြို့ဖများကပြောသည်။

လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ်မစ္စခွင်ဝါခန်း (Kyung Wha Kang) ဦးဆောင် သော ကုလကိုယ်စားလှယ်အဖွဲ့ နှင့် ဇွန်လ ၁၂ ရက် ညက တွေ့ဆုံခဲ့ရာတွင် ထည့်သွင်းဆွေးနွေးခဲ့ ခြင်းဖြစ်ကြောင်း  စစ်တွေမြို့မိ မြို့ဖအဖွဲ့ဝင်   ဦးသန်းထွန်းက ပြောသည်။

မတ်လနှောင်းပိုင်းက  ဖြစ် ပွားခဲ့သော ပြဿနာများအပြီး ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင် ရောက်ကာ လုပ်ငန်းများ ဆောင် ရွက်နေသော နိုင်ငံတကာအဖွဲ့ အစည်းများသည် ကန့်သတ်မှုနှင့် စိုးရိမ်မှုများရှိနေသောကြောင့် ယင်းအခြေအနေများဖြေလျှော့ စေရန် ရခိုင်လူထုကို နားလည် လက်ခံအောင် ရှင်းပြတိုက်တွန်း ပေးစေလိုကြောင်း ကုလကိုယ် စားလှယ်အဖွဲ့က စစ်တွေမြို့မိ မြို့ဖအဖွဲ့အား  မေတ္တာရပ်ခံခဲ့ သည်။

မေတ္တာရပ်ခံချက်နှင့်ပတ် သက်၍ ‘‘ဒီကိစ္စတွေအတွက် အဓိ ကတာဝန်ရှိသူတွေက ကုလနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေပဲဖြစ် တယ်။ ညီမျှပါတယ်လို့ ဘယ်လိုပဲ ပြောပြော လက်တွေ့လုပ်ရပ်တွေ က တစ်ဖက်သတ်ဘက်လိုက်မှု တွေရှိနေတာ။ ဓာတ်ပုံတွေ ခိုင် လုံတဲ့ သက်သေအထောက်အ ထားတွေနဲ့ တင်ပြခဲ့တယ်။ အခု ပြန်ဝင်လာတော့လည်း အရင်လို ပဲ ဆိုရင်တော့ ရခိုင်ပြည်သူတွေ ကို နားလည်အောင်ပြောပြလို့ မရ နိုင်ဘူးလို့ ပြန်တုံ့ပြန်ခဲ့တယ်’’ဟု ဦးသန်းထွန်းကဆိုသည်။

ကုလကိုယ်စားလှယ်အဖွဲ့မှ လည်း နိုင်ငံတကာအဖွဲ့အစည်း များအနေဖြင့် ရခိုင်ပြည်နယ် အတွင်း လုပ်ငန်းဆောင်တာများ ဆက်လက်လုပ်ကိုင်နိုင်ရန် အတူ တကွညှိနှိုင်အဖြေရှာပေးစေလို ကြောင်း ပြန်လည်ဆွေးနွေးခဲ့ သည်ဟု စစ်တွေမြို့မိမြို့ဖများက ပြောသည်။

မြို့မိမြို့ဖအဖွဲ့မှလည်း နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မောင်တောမြို့နယ်မှ ဘင်္ဂါလီ လူမျိုးများကို ဒုက္ခသည်အဆင့် မသတ်မှတ်ရန်၊ လုပ်ငန်းနှင့် မသက်ဆိုင်သည့် နိုင်ငံရေးရာ ကိစ္စများကို ၀င်ရောက်မစွက် ဖက်ရန်နှင့် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို ရှောင်ကြဉ်ရန် တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
 
 
http://www.shwemyanmarmediagroup.org

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ